စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ SGU-138 (A)

ထွန်းရွှေစင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊

ဝါးပိုးချပ်ဒေသ၊ နတ်တောင်ကျေးရွာ၊ ရွှေအလတ်စားလုပ်ကွက် SGU – 138 (A) ၏

ဒုတိယအကြိမ် စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ

အခန်း(၁)

အခန်း(၁) နိဒါန်း

၁.၁     နိဒါန်း

ထွန်းရွှေစင် သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ဒေသ၊ နတ်တောင်ကျေးရွာ၊ ရွှေလုပ်ကွက်အမှတ် SGU (138–A) အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီရင်ခံစာ (EMP) အား (၆.၁၂.၂၀၁၇) တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြ ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ (EMP) အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည် တင်ပြရန် ပြန်ကြားခဲ့ပါသည်။ အဆိုပါပြန်ကြားချက်အရ (EMP) အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ (၅.၇.၂၀၁၉)တွင် တတိယအကြိမ် ပြန်လည်တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၁၂.၉.၂၀၁၉) ရက်စွဲပါစာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၉၂၆/၂၀၁၉)အား ရည်ညွှန်း၍ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ (၁၉.၉.၂၀၁၉) ရက်စွဲပါစာအမှတ် (၂၁၄၄/ရွှေဖက်စပ်(ထွန်းရွှေစင်)/၂၀၁၉) ဖြင့် EMP အစီရင်ခံစာအား အတည်ပြုကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာ တွင် ပါဝင်သော ညွှန်ကြားချက်များအား အလေးထားလိုက်နာ ဆောင်ရွက်သင့်ကြောင်း ပြန်ကြားခဲ့ပါ သည်။ သို့ဖြစ်ပါ၍ ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီဌာနမှ ညွန်ကြားချက် များနှင့်အညီ EMP အစီရင်ခံစာပါ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များအတိုင်း ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် စောင့်ကြပ်ကြည့်ရှုခြင်း အစီရင် ခံစာကို (၁၅.၅.၂၀၂၀) ရက်နေ့တွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာနသို့ တင်ပြခဲ့ပြီး ယခုဒုတိယ အကြိမ် အစီရင်ခံစာအား ပြုစုတင်ပြခြင်းဖြစ်ပါသည်။

၁.၂      ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းရည်ရွယ်ချက်

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများကို လျော့ပါးစေရေးအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကုစားရန် အကြံပြုချက်များအား အစီရင်ခံ တင်ပြနိုင်ရန်တို့ဖြစ်ပါသည်။

 

၁.၃     ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန

ထွန်းရွှေစင် ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာန (EHS) အား ဇယား(၁.၁)အတိုင်း ဖွဲ့စည်းထားရှိပါသည်။ (EHS) ဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     EMP အကောင်အထည်ဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်များ အား လိုက်နာဆောင်ရွက်မှု လုပ်ငန်းများအား သတ္တုတွင်းမန်နေဂျာကိုယ်စား ကြီးကြပ် ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(ခ)       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအတွက် ခန့်အပ်ထားသော တတိယ အဖွဲ့အစည်း ကန်ထရိုက်တာများအား ကြီးကြပ်ခြင်း။

(ဂ)       ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သက်ဆိုင် သည့် အစီရင်ခံစာများရေးသားခြင်း။

(ဃ)     သင်တန်းများ စီစဉ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

ဇယား (၁.၁) ထွန်းရွှေစင်ကုမ္ပဏီ၏ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဌာန ဝန်ထမ်းစာရင်း

စဉ် အမည် ရာထူး ပညာအရည်အချင်း
ဦးကျော်သူ EHS manager B.A (Myanmar)
ဦးမျိုးမင်းဆန်း EHS officer E.P (A.G.T.I)
ဦးအေးလွင် EHS officer B.E (Metallurgy)
ဦးစိုးပိုင်ဟိန်း Supervisor B.Sc (Geology)
ဒေါ်တင်မျိုးမျိုးဝင်း Staff B.Sc (Physics)
ဦးကျော်သူ EHS manager B.A (Myanmar)

၁.၄     ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်အား ထွန်းရွှေစင် သတ္တုတူးဖော်ရေးကုမ္ပဏီ လီမိတက် SGU (138 – A) လုပ်ကွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာ (EMP) အခန်း (၁၀) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း အခန်းတွင် ဖော်ပြထားသော စောင့်ကြပ် ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်)အတိုင်း  ဆောင်ရွက်မည်ဖြစ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာကို (၆)လတစ်ကြိမ် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားပါမည်။

ဇယား (၁.၂)    ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)
စောင့်ကြပ် ကြည့်ရှုမည့် နယ်ပယ်များ စောင့်ကြပ်စစ်ဆေး

မည့်အမျိုးအစားများ

နေရာ ကြိမ်နှုန်း စစ်ဆေး မည့်သူ ကြီးကြပ် မည့်သူ
မြေထု ညစ်ညမ်းခြင်း ·   မြေအရည်အသွေးစစ်ဆေးခြင်း။

·   ARD/ AMD များ ဖြစ်နိုင်ခြေ ရှိ/မရှိ စစ်ဆေးခြင်း။

·   နုန်းအနည်အနှစ်ပို့ချခြင်း။

စွန့်ပစ် မြေစာပုံများ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ရေထု ညစ်ညမ်းခြင်း ·   Ph တိုင်းတာစစ်ဆေးခြင်း၊ Base Impurities များဖြစ်သည့် Fe, Cu, Pb, Zn, Hg စသည်တို့ကို တိုင်းတာ စစ်ဆေးခြင်း။ လုပ်ငန်းသုံး စွန့်ပစ်ရေ၊ ဝန်ထမ်းသုံးရေ၊ ပါပေါချောင်းရေ။ (၆) လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
လေထု ညစ်ညမ်းခြင်း ·   CO, NO2, SO2, HCN, PM10, PM2.5 လုပ်ကွက်ဧရိယာနှင့် လုပ်ကွက် အနီးဝန်းကျင် (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
မြေဆီလွှာ ပြတ်ရွေ့မှု၊ လျောကျမှုများ ·   လုပ်ကွက်နံရံ၊ ကမ်းပါးစောက်များ တည်ငြိမ်မှု အခြေအနေ။

·   စွန့်ပစ် မြေစာပုံများ တည်ငြိမ်မှု ကွဲအပ်၊ ပြတ်ရွေ့မှု အခြေနေ။

လုပ်ကွက်ဧရိယာ စွန့်ပစ်မြေစာပုံ များ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ဆူညံသံနှင့် တုန်ခါမှု ·   မိုင်းပေါက်ကွဲမှု၏ သက်ရောက်မှု။

·   ယာဉ်၊ ယန္တရားများ လုပ်ငန်းခွင် သက်ရောက်မှု။

လုပ်ငန်းခွင် ဧရိယာ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ယာဉ်မတော် တဆဖြစ်ပွားမှု ·   ဒေသတွင်း ဆက်သွယ်ရေးလမ်းများ အခြေအနေ။

·   ယာဉ်မတော်တဆ ဖြစ်ပွားခြင်း မှတ်တမ်းများ။

·   ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလံှု့ဆော်မှုမှတ်တမ်း များ။

စီမံကိန်း ဧရိယာ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
အရက်/ မူးယစ် ဆေးဝါးများ သုံးစွဲမှု ·   ဝန်ထမ်း၊ လုပ်သားများ၏ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ။

·   ဒေသတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုများ အခြေအနေ။

စီမံကိန်း ဧရိယာ။

စဉ့်ကူးမြို့နယ် အတွင်း။

လစဉ် ကုမ္ပဏီ တာဝန်ခံ နယ်မြေခံ လုံခြုံရေးအဖွဲ့
HIV/ AIDS ကဲ့သို့သော ကူးစက်ရောဂါများ ·   ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးဆိုင်ရာ မှတ်တမ်းများ။

·   ကုမ္ပဏီဝန်ထမ်း လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ။

·   ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ချက် မှတ်တမ်းများ။

ကန်တောင် ဒေသ။

စီမံကိန်း ဧရိယာ။

ကန်တောင် ဒေသ။

လစဉ် ကုမ္ပဏီ၏

တာဝန်ခံ နှင့် ဆေးမှူး

နယ်မြေ ကျန်းမာရေး ဌာန
လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှု အပါအဝင် အလုပ် အကိုင် အခြေ အနေ ·   ကုမ္ပဏီမှ ဝန်ထမ်းလုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေ။

·   လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ။

·   ကုမ္ပဏီ ဝန်ထမ်း/ လုပ်သားများ၏ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် မတော်တဆထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းများ။

စီမံကိန်း ဧရိယာ။

စီမံကိန်း ဧရိယာ။

စီမံကိန်း ဧရိယာ။

လစဉ် ကုမ္ပဏီ ကုမ္ပဏီ၏

တာဝန်ခံ နှင့် ဆေးမှူး

နယ်မြေ ကျန်းမာရေး ဌာန
အန္တရာယ်များ သော ပစ္စည်းများ နှင့် စက်သုံးဆီ များ စီမံခန့်ခွဲမှု ·   ယမ်းနှင့်ဆက်စပ် ပစ္စည်းများအား သိုလှောင်၊ သိမ်းဆည်း၊ ကိုင်တွယ် အသုံးပြုခြင်း မှတ်တမ်း။

·   ဝန်ထမ်း/လုပ်သားများ ဘေးဖြစ်စေ နိုင်သည့် ပစ္စည်းများအား ကိုင်တွယ် နည်းသင်တန်းပေးခြင်း မှတ်တမ်း။

လုပ်ငန်းခွင်နေရာ

စီမံကိန်း ဧရိယာ။

လစဉ် လုပ်ငန်း တာဝန်ခံ

လုံခြုံရေးတာဝန်ခံ

သတ္တုတွင်း ဦးစီးဌာန

၁.၅     ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာပါ စည်းကမ်းချက်များ

အဆိုပြုစီမံကိန်းအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်လိုက်နာ ဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးနိုင်ခြင်းမရှိသေးသောကြောင့် (၁၂.၉.၂၀၁၉) ရက်စွဲပါစာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၉၂၆/၂၀၁၉) အားဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီရင် ခံစာအား အတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အတည်ပြုစာတွင် ဖော်ပြထားသော လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     စီမံကိန်းလုပ်ကွက်များ ဆောင်ရွက်ရာတွင် စီမံကိန်းဆောင်ရွက်သူကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်း ကိုယ်စားလုပ်ငန်းဆောင်ရွက်သော (သို့မဟုတ်)  စီမံကိန်းဆောင်ရွက်သူက ခန့်အပ်၊ ငှါးရမ်း၊ လုပ်ပိုင်ခွင့်ပေးအပ်ထားသော ကန်ထရိုက်တာများ၊ လက်ခွဲကန်ထ ရိုက်တာများ၊ အရာရှိများ၊ (လုပ်သား) ဝန်ထမ်းများ၊ကိုယ်စားလှယ်များ၊ ကိုယ်စားပြု သူများနှင့်  အကြံပေးပုဂ္ဂ္ဂ္ဂိုလ်များကဖြစ်စေ ပြုလုပ်သော (သို့မဟုတ်) ပျက်ကွက်သော၊ လုပ်ငန်းများ အားလုံးအတွက်လည်းကောင်း၊ ဆိုးကျိုးထိခိုက်မှု အားလုံးအတွက် လည်းကောင်း၊ စီမံကိန်းဆောင်ရွက်သူက ဥပဒေအကြောင်းအရနှင့် ငွေရေးကြေးရေး အရ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ရန်။

( ခ )     အခန်း(၅)တွင် ဖော်ပြထားသော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာဆောင်ရွက် ရန်။

( ဂ )     အမှုန်အမွှားထွက်ရှိမှုနှင့် ဆူညံသံနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေလမ်းညွှန်ချက်ပါ သတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဃ)     စွန့်ပစ်မြေစာ၊ စွန့်ပစ်ရေနှင့်စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်အပိုဒ်(၂.၇.၂) သတ်မှတ်ချက်နှင့်အညီ သန့်စင်ပြီးမှစွန့် ထုတ်ရန်။

( င )     အလုပ်စခန်းများ၊ မိလ္လာစနစ်များ၊ အိမ်တွင်းရေဆိုးနှင့် အမှိုက်ပုံများအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေ လမ်းညွှန်ချက်ပါ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

( စ )     ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ္တုတွင်းဥပဒေ၊ ပုဒ်မ(၁၃) သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၄၇-ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့်အညီ လိုက်နာဆောင်ရွက် ရန်။

(ဆ)     အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြထားသော ကန်ထရိုက်တာနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာ တွင်သတ်မှတ်ဖော်ပြထားသည့် ကုစားပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

( ဇ )     ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ စာမျက်နှာ (၅၀)၊ ဇယား (၇.၅)တွင် ဖော်ပြထား သော ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များ ကတိကဝတ် အကျဉ်းချုပ်ဇယားအတိုင်း အလေးထားလိုက်နာ ဆောင်ရွက် ရန်။

( ဈ)     ဆူညံသံအတွက် စီမံကိန်းဧရိယာပြင်ပရှိ အနီးဆုံးလက်ခံသည့်နေရာတွင် အခြေခံ အဆင့်မှ အများဆုံးမြင့်တက်မှု 3dBA ထက်မကျော်လွန်စေရန်နှင့် မည်သည့်ဖောက်ခွဲ မှုတွင်မဆို 120 dB Linear မကျော်လွန်စေရန်၊ မြေတုန်ခါမှုအတွက် 5mm/s (Peak paticle Velocity – ppv) ထက်မကျော်လွန်စေရန်နှင့် ဖောက်ခွဲခြင်းကို နေ့အလင်း ရောင်ရှိသည့် အချိန်တွင်သာ ပြုလုပ်ရန်။

(ည)     အပေါ်ယံမြေလွှာ၊ စွန့်ပစ်မြေစာ၊ မြေစာပုံများစသည့် စွန့်ပစ်ပစ္စည်းစုပုံမည့်နေရာ ရွေးချယ်ခြင်း၊ ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အက်စစ်ရေစီးဆင်းမှု၊ အဆိပ်သင့် မြေစာပုံများ)နှင့် သတ္တုတွင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့် စွန့်ပစ်မြေ စာများရေရှည်တည်ငြိမ်စေရေး၊ ပြိုကျမှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေး တို့ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဋ )     မြေတိုက်စားနိုင်မှု ဖြစ်နိုင်သောနေရာများကို မြေတိုက်စားမှု ကာကွယ်ထိန်းချုပ်ရန်နှင့် ညစ်ညမ်းမှုရှိသည့် ဧရိယာများကို ပြန်လည်ထူထောင်ရန်။

( ဌ )     သတ္တုတွင်းလုပ်ငန်းများအတွက် ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ၊ ပုဒ်မ(၁၆)၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ (၁၅၃)၊ (၁၅၄)ပါ သတ်မှတ်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဍ )     ထွက်ရှိစွန့်ပစ်ပစ္စည်း (အရည်၊ အစိုင်အခဲ၊ အငွေ့) စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့အတွက် ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်။

(ဎ)     စက်မှုဝန်ကြီးဌာန၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ရွှေသတ္တုထုတ်လုပ် သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့်ပြဒါး ဓာတုပစ္စည်းများအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရ မည့် ညွှန်ကြားချက်များနှင့်အညီ အောက်ဖော်ပြအချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန် –

(၁) ပြဒါးသုံးစွဲ၍ ရွှေသတ္တုထုတ်လုပ်သန့်စင်ခြင်း လုပ်ငန်းကြောင့် သတ္တုတွင်း လုပ်သားများ၊ အနီးပတ်ဝန်းကျင် လူမှုစီးပွားထိခိုက်မှုမရှိစေရေးနှင့် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်။

(၂) ပြဒါးသုံးစွဲ၍ ရွှေသတ္တုထုတ်လုပ်သန့်စင်ခြင်း လုပ်ငန်းကြောင့် ထိခိုက်မှုမရှိစေရေး အတွက် အလုပ်ုလပ်ကိုင်သူများ၏ ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြည့်လေ့လာခြင်းတို့ကို ပြုလုပ်ရန်။

(၃) အလုပ်လုပ်ကိုင်သူများအား ဓာတုပစ္စည်းများနှင့် စပ်လျဉ်း၍ မတော်တဆဖြစ်ပွား မှုများကို ကာကွယ်ရန်ှနှင့် လျော့ပါးစေရန် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ နည်းစနစ်များ၊ လုံခြုံရေးကိရိယာများ တပ်ဆင်သုံး စွဲခြင်းနှင့် သင့်လျော်ကောင်းမွန်သည့် ကိုယ်ခန္ဓာကာကွယ်ရေး ကိရိယာနှင့်ဝတ်စုံ များကို ထုတ်ပေး၍ု အမြဲတစေ စနစ်တကျဝတ်ဆင် သုံးစွဲလုပ်ကိုင်ဆောင်ရွက် စေရန်။

(၄) လုပ်ငန်းခွင်သို့မဝင်ရောက်မီ လုပ်သားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် လုပ်ငန်းမလည်ပတ်နီ အနီးပတ်ဝန်းကျင် လေထု၊ ရေထု၊ မြေထု၌ ပြဒါးပါဝင်မှုကို တိုင်းတာခြင်းတို့ကို ဆောင်ရွက်၍ မူလအချက်အလက် (Baseline Data) အဖြစ် မှတ်တမ်းတင်ထားရှိခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပါ စောင့်ကြပ်ကြည့်ရှု ရေး အစီအစဉ်များအတိုင်း ဆောင်ရွက်ရန်။

(၅) ပြဒါးဓာတုပစ္စည်းများကို သုံးစွဲရာမှ ထွက်ရှိလာသော ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်း များကို စွန့်ပစ်ရာတွင် အန္တရာယ်ကင်းရှင်းစေရန် စည်ပင်သာယာရေး ကော်မတီ များမှ ပြဌာန်းထားသော ရေပေးဝေရေးနှင့် အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ထုတ်ပြန်ထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များ၊ သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများမှ ပြဌာန်းချက်များ၊ သက်ဆိုင်ရာလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဏ )    လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန်နှင့် လုပ်သား များအတွက်အကာအကွယ်ပစ္စည်းများ၊ နေထိုင်မှုစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်အခြေ အနေစသည်တို့အတွက် သက်ဆိုင်ရာဌာနများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်။

(တ)     စီမံကိန်းအဆိုပြုသူသည် ဒေသခံများနှင့် ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းစဉ်များ၊ တိုင်ပင်ဆွေးနွေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ထို အစီအစဉ်တွင် တစ်ဖက်ပါ အစီအစဉ်များ ပါဝင်ရမည် –

(၁) ဖောက်ခွဲခြင်းလုပ်ငန်းများ အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင် ရွက်မည့်လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးရန်။

(၂) တည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှုလမ်းကြောင်းများ၊ ယာဉ်သွား လာမှုကြောင့်ဖြစ်နိုင်သော အနှောင့်အယှက်များ၊ ပတ်ဝန်းကျင်သာယာမှုအပေါ် ထိခိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသခံများသို့ ကြိုတင်အသိပေးရန်။

(ထ)     စီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ခံစားရမည့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင်ခန့်ထားခြင်း၊ ရေရှည်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အား ဆောင်ရွက်ပေးရန်။

( ဒ )     ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ နစ်နာမှုဖြေရှင်း ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးရာတွင် စီမံကိန်း အကြောင်းအရာ၊ ထိခိုက်နိုင်မှုလျော့ချမည့်အစီအစဉ်၊ ပြန်လည်ကုစားမည့်အစီအစဉ် တို့ကို အများပြည်သူသိရှိရန်လိုအပ်သဖြင့် အဆိုပါအချက်များကို အများပြည်သူသို့ ရှင်းလင်းဆွေးနွေးရန်။

( ဓ )     သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆမှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေး စီမံချက် တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( န )     စီမံကိန်းကြောင့် ပျက်စီးသွားသည့်နေရာများတွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့်ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူကြီးကြပ်ဆောင်ရွက်ရန်။

( ပ )     ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုရေးအစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပြင် အောက်ဖော်ပြပါကိစ္စများ ဖြစ်ပွားပါက ဝန်ကြီးဌာနသို့နှောင့် နှေးမှုမရှိစေဘဲ အစီရင်ခံတင်ပြရန် –

(၁) ပစ္စည်းကိရိယာများ သို့မဟုတ် နည်းစနစ်များ မှားယွင်းအလုပ်လုပ်ခြင်း၊ ပျက်စီး ခြင်း (သို့မဟုတ်) အလုပ်မလုပ်တော့ခြင်း။

(၂)   သိသာထင်ရှားသော ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သော (သို့မဟုတ်) ဖြစ်ပေါ်စေ သော (သို့မဟုတ်) ဖြစ်ပေါ်စေနိုင်သော မတော်တဆမှုဖြစ်ပွားခြင်း (သို့မဟုတ်) ထုတ်လွှတ်မှု ကန့်သတ်တန်ဖိုးဖြင့် ထိန်းချုပ်ထားခြင်း မရှိသည့် အရာဝတ္တုတစ်ခု ထုတ်လွှတ်ခြင်း။

(၃)   သတ်မှတ်ဖော်ပြထားသည့် ကန့်သတ်တန်ဖိုးတစ်ခုခုကို ကျော်လွန်ခြင်း။

(၄)   ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးတို့အပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ။

( ဖ )     ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသယံဇာတများအား ထိခိုက်မှုမရှိစေရေး ကာကွယ်ပေးရန် နှင့် စီမံကိန်း အကောင်အထည်ဖော်စဉ်အတွင်း ရှာဖွေတွေ့ရှိသည့် ယဉ်ကျေးမှု သယံဇာတများအတွက် သတ်မှတ်ချက်များနှင့် အညီသက်ဆိုင်ရာသို့ အကြောင်းကြား အပ်နှံရန်။

( ဗ )     ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာတွင် ဖော်ပြထားသော အောက်ဖော်ပြပါ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်မည့်  အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက် သွားရန်နှင့် လိုက်နာမှတ်နေရာတွင် စောင့်ကြပ်ကြည့်ရှုသွားရန် –

(၁) စွန့်ထုတ်အစိုင်အခဲ လိုက်နာမှတ်

Latitude: 22 ံ36’ 38.02”N, Longitude : 96 ံ11’ 44.45”E

(၂) နုန်းစစ်ကန်မှ စွန့်ထုတ်အရည် လိုက်နာမှတ်

Latitude: 22 ံ34’ 14.00”N, Longitude : 96 ံ10’ 53.00”E

(၃) မြေအောက်လှိုဏ်အတွင်းမှ စွန့်ထုတ်အရည် လိုက်နာမှတ်

Latitude: 22 ံ36’ 38.00”N, Longitude : 96 ံ11’ 44.00”E

(၄) လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်တွင် ဖော်ပြထား သည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၅)  ဆူညံသံနှင့် တုန်ခါမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်တွင် ဖော်ပြ ထားသည့်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆) လက်ရှိအရည်သွေး ကောက်ယူခဲ့သည့်နေရာများတွင် ဆူညံသံနှင့်တုန်ခါမှုနှုန်း (ပြင်းအား)တို့ကို စောင့်ကြပ်ကြည့်ရှုရန်။

(၆)  မြေပေါ်ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအရည် အသွေးကောက်ယူခဲ့သည့်နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၇)  မြေအောက်ရေအရည်သွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း (၁၀) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြ ထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများ နှင့် အကြိမ်အရေအတွက် အတိုင်းစောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၈)  မြေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင် ဖော်ပြထား သည့် လိုက်နာမှတ်များ၊  Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၉) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁ဝ) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြ ထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာ များနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၁၀)ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီ အစဉ်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ နှင့် ပတ်သက်၍ (၆)လတစ်ကြိမ် စောင့်ကြပ်ကြည့်ရှုရန်။

( ဘ )   စောင့်ကြပ်ကြည့်ရှုရမည့်နယ်ပယ် (ရေ၊ လေ၊ ဆူညံသံ)များ၊ နည်းစနစ်များ၊ နမူနာ စုဆောင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ စောင့်ကြပ်တိုင်းတာမည့်နေရာ၊ အကြိမ်အရေ အတွက်၊ အချိန်ဇယားမှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းစသည်တို့ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသို့(၆)လတစ်ကြိမ် တင်ပြရန်နှင့် အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန သို့ တင်ပြသည့်နေ့ရက်မှ (၁၀)ရက်အတွင်း ထုတ်ဖော်ကြေညာရန်။

(မ)       မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို (EMP)တွင် ဖော်ပြထားသည့် သတ္တုတွင်း ပိတ်သိမ်း ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကပင် ကြိုတင်စီစဉ်ထားရှိ လိုက်နာဆောင်ရွက်ရန်နှင့် စီမံကိန်းအဆိုပြုသူသည် သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၈၆-ဃ)ပါ ပြဌာန်းချက်နှင့်အညီ ပိတ်သိမ်းရန် စီစဉ် ထားသည့် အချိန်မတိုင်မီ(၁)နှစ်ထက် နောက်မကျစေဘဲ အပြီးသတ်ပိတ်သိမ်းခြင်း အစီအစဉ်ကိုတင်ပြရန်။

( ယ )   သတ္တုတွင်းပိတ်သိမ်းခြင်းကို သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ(၁၈၅၊၁၈၆၊၁၉၂) နှင့်အညီ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်နှင့် သတ္တုတွင်း ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေထူထောင်ထား ရန်။

( ရ )    အတည်ပြုထားသည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာကို အများပြည်သူ ဖက်ရှု/ သိရှိနိုင်ရေး ကုမ္ပဏီ Website/ သင့်တော်သည့် နည်းလမ်းတို့တွင် လွှင့်တင်ထားရှိရန်။

( လ )  စီမံကိန်းအဆိုပြုသူသည် ယင်း၏တာဝန်များ ပျက်ကွက်မှု (သို့မဟုတ်) အခြားလုပ်ငန်း များဆောင်ရွက်ရန် ပျက်ကွက်မှု (သို့မဟုတ်) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများကို ဖြစ်နိုင်သမျှစောလျင်စွာ စာဖြင့်အသိပေးရ မည်။ ပျက်ကွက်မှုတစ်ခုခုကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဖြစ်လာနိုင်သည့်ကိစ္စ(သို့မဟုတ်) ဝန်ကြီးဌာနက အမြန်သိရှိရန် လိုအပ် သည့်ကိစ္စကို (၂၄)နာရီအတွင်းလည်းကောင်း၊ အခြားကိစ္စများအားလုံးတွင် စီမံကိန်း အဆိုပြုသူက ယင်းဖြစ်စဉ်ဖြစ်ရပ်ကို စတင်သိရှိသည့်အချိန်မှ (၇)ရက်အတွင်း လည်းကောင်း ဝန်ကြီးဌာနသို့ အသိပေးတင်ပြရန်။

( ၀ )     စီမံကိန်း၏ အရွယ်အစား၊ နယ်ပယ်အတိုင်းအတာ၊ တည်နေရာ၊ အခင်းအကျင်း၊ နည်းပညာ၊ ကြိုတင်မျှော်မှန်းနိုင်သော ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်လာသည့် အန္တရာယ် ထုတ်လုပ်မှုနည်းလမ်း (သို့မဟုတ်) ညစ်ညမ်းမှုတားဆီးရန် (သို့မဟုတ်) လျှော့ချ ရန်ဆောင်ရွက်မှုတို့တွင် အဓိကပြောင်းလဲခြင်း (သို့မဟုတ်) တိုးချဲ့ခြင်း (သို့မဟုတ်) ဒုတိယတိုးချဲ့ဆောင်ရွက်ရန် အဆိုပြုခြင်းဖြစ်ပါက စီမံကိန်းအဆိုပြုသူ သည် ပြောင်းလဲမှုများ၏ သတင်းအချက်အလက်များနှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြ ရန်။

အခန်း(၂)

စီမံကိန်းအကြောင်းအရာဖော်ပြချက်

၂.၁      စီမံကိန်းတည်နေရာ

ထွန်းရွှေစင်ကုမ္ပဏီ၏ နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ရေး စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ဒေသ၊ နတ်တောင်ကျေးရွာအနီး (Latitude: 22 ံ36’ 39.00”N, Longitude : 96 ံ11’ 44.70”E) တွင်တည်ရှိပါသည်။ စီမံကိန်း ဧရိယာသည် မန္တလေး – စဉ့်ကူး ကားလမ်းမအနီးရှိ လက်ပံလှရွာနှင့် (၁၅) မိုင်ခန့်၊ နတ်တောင်ကျေးရွာ၊ ဝါးပိုးချပ်ရွာနှင့် (၃)မိုင်ခန့်ကွာဝေးပါသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ(၂၀)ဧက၊ (ဝ.၀၈၀၉) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ စီမံကိန်းတည်နေရာပြ မြေပုံများအား နောက်ဆက်တွဲ (ခ)တွင် ဖော်ပြထားပါသည်။

၂.၂      စီမံကိန်းသက်တမ်းလျာထားချက်

ထွန်းရွှေစင်ကုမ္ပဏီ၏ SGU (138-A) နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော် ခြင်းစီမံကိန်းသည် တည်ဆောက်ရေးအဆင့်ဖြစ်ပြီး ရွှေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရ ခြင်းမရှိသေးပါ။ သတ္တုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ (သ-၂) အရ စီမံကိန်းသက်တမ်း ကာလ(၁၅)နှစ် လျာထားပြီး မိုင်းပိတ်သိမ်းခြင်းနှင့် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် (၅)နှစ်လျာထားပါသည်။ စီမံကိန်းအဆင့်အလိုက် ဆောင်ရွက်မည့် လုပ်ဆောင်ချက် များနှင့် လျာထားသည့်ကာလများကို ဇယား(၂.၁) တွင် ဖော်ပြထားပါသည်။

ဇယား(၂.၁)        စီမံကိန်းသက်တမ်းလျာထားချက်ပြဇယား

စီမံကိန်းအဆင့် လုပ်ဆောင်ချက်များ လျာထားသည့်ကာလ
တည်ဆောက်ရေးအဆင့် စီမံကိန်း မြေနေရာ ရှင်းလင်းခြင်း၊ အခြေခံအဆောက် အဦများ ဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော်ခြင်း၊ မြေအောက်လှိုဏ်ခေါင်းများ ဆောက်လုပ်ခြင်း။ ၃ နှစ်
လုပ်ငန်းလည်ပတ်အဆင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း။ ၁၂ နှစ်
လုပ်ငန်းပိတ်သိမ်းအဆင့် ရွှေသတ္တု တူးဖော်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း၊ အခြေခံ အဆောက်အဦများ ဖျက်သိမ်းခြင်း၊ မြေယာဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။ ၃ နှစ်
စောင့်ကြပ်ကြည့်ရှုသည့်အဆင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်မှုများ အား စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိခိုက်မှုလျှော့ချရေး အစီ အစဉ်များ ဆောင်ရွက်ခြင်း။ ၅ နှစ်

၂.၃      စီမံကိန်းတည်ဆောက်ရေးဆောင်ရွက်မှုများ

၂.၃.၁   အဆောက်အဦများ

လုပ်ငန်းကြီးကြပ်ရေးရုံး (၁)လုံး၊ ပစ္စည်းသိုလှောင်ရုံ (၁)လုံး၊ ဝန်ထမ်း/လုပ်သား အိပ်ဆောင် (၂)လုံး၊ စားဖိုဆောင် (၁)ဆောင်၊ လုံခြုံရေးအဆောက်အဦ (၁) လုံး ဆောက်လုပ် အသုံးပြုပါမည်။ တည်ဆောက်မည့် အဆောက်အဦများမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာဖြင့် ယာယီအဆောက်အဦများသာဖြစ်ပြီး အလျား(၄၀) ပေ၊ အနံ (၂၀) ပေခန့်သာ ထားရှိပါမည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု ပေ(၃၀)မှ ပေ(၁၀ဝ) အတွင်းခြား၍ တည်ဆောက်သွားပါမည်။   

၂.၃.၂ အသုံးပြုသည့် စက်ယန္တရားများ

စီမံကိန်း တည်ဆောက်ရေးအဆင့်တွင် စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြေအောက်အင်း တူးဖော်ခြင်း၊ မြေအောက် လှိုဏ်ခေါင်းများ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး အောက်ပါစက်ယန္တရားများ အသုံးပြုပါသည်။

ဇယား(၂.၂)

စဉ် အမျိုးအစား အရေအတွက်
ဘက်ဟိုး ၁ စီး
မြေသယ်ယာဉ် ၁ စီး
လက်ကိုင်ကျောက်ဖောက်စက် ၃ လုံး
သယ်ယူပို့ဆောင်ရေးယာဉ် ၂ စီး
ဝင့်မော်တာ ၂ လုံး
မီးစက် ၂ လုံး
လေမှုတ်စက် ၁ လုံး
ရေစုပ်စက် ၂ လုံး

၂.၃.၃ ဝန်ထမ်းအရေအတွက်

            စီမံကိန်းတည်ဆောက်ရေးတွင် ခန့်ထားသော ဝန်ထမ်းအရေအတွက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် –

ဇယား (၂.၃)

စဉ် ရာထူး ဦးရေ
စီမံကိန်းတာဝန်ခံ ၁ ဦး
စီမံကိန်း ကြီးကြပ်ရေးမှူး ၃ ဦး
ဘူမိဗေဒပညာရှင် ၃ ဦး
သတ္တုတွင်း အင်ဂျင်နီယာ ၂ ဦး
ဆောက်လုပ်ရေး အင်ဂျင်နီယာ ၁ ဦး
စက်ယန္တရား အင်ဂျင်နီယာ ၁ ဦး
ဆောက်လုပ်ရေးလုပ်သား ၃ ဦး
ဝင့်မောင်း ၃ ဦး
မိုင်းခွဲဆရာ ၂ ဦး
၁၀ မိုင်းခွဲလုပ်သား နေ့/ည ၄၀ ဦး
၁၁ ကျောက်ဖောက်စက်လုပ်သား ၁၂ ဦး
၁၂ စက်ကြီးမောင်း ၅ ဦး
၁၃ ယာဉ်မောင်း ၅ ဦး
၁၄ စာရင်းကိုင် ၂ ဦး
၁၅ အထွေထွေလုပ်သား ၁၀၀ ဦး
၁၆ လုံခြုံရေး ၃ ဦး
၁၇ ကျန်းမာရေးမှူး ၁ ဦး
စုစုပေါင်း ၉၉ ဦး

၂.၃.၄  ရေအသုံးချမှုနှင့် ရေရရှိမှု

(၂၀၂၀၊ မေလ မှ ၂၀၂၀၊ အောက်တိုဘာလအထိ) ကောက်ယူရရှိသော အချက် အလက်များအရ စီမံကိန်း တည်ဆောက်ရေးကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ လုပ်သားများအသုံးပြုရန်၊ လုပ်ကွက်အတွင်းရေဖြန်းရန်၊ လုပ်ကွက်အတွင်း စိုက်ပျိုးထားသော သစ်ပင်များ ရေဖြန်းရန်တို့အတွက် ပျမ်းမျှအားဖြင့် တစ်လလျှင်ရေဂါလံ (၆၇၅၀၀)ခန့် အသုံးပြုပါသည်။ စီမံကိန်းအတွက် လိုအပ်သောရေကို ပင်မအင်းတူးဖော်ခြင်းမှ ထွက်ရှိသော မြေအောက်ရေကို ရေစုပ်စက်ဖြင့်စုပ်တင်ပြီး မြောက်လတ္တီတွဒ် (22 ံ36’ 38.00’’ N)၊ အရှေ့လောင်ဂျီကျု (96 ံ11’ 44.00’’E)ရှိ (အလျား ၁၂ပေ x အနံ ၈ပေ x အနက် ၈ ပေ) ကွန်ကရစ် ရေကန်ဖြင့် သိုလှောင်ကာ အသုံးပြုပါသည်။ သောက်ရေအတွက် ပင်မအင်း တူးဖော်ခြင်းမှ ထွက်ရှိသော မြေအောက်ရေအား ရေသန့်စက်ဖြင့်သန့်စင်၍ အသုံးပြုပါသည်။ စီမံကိန်း၏ တစ်လလျှင် အသုံးပြုသော ပျမ်းမျှရေပမာဏအား ဇယား (၂.၄) တွင် ဖော်ပြထားပါ သည်။

ဇယား(၂.၄)       ရေအသုံးပြုမှုပမာဏပြဇယား

စဉ် အသုံးပြုနေရာ အသုံးပြုသော ပမာဏ

(Gallon)

သောက်သုံးရေ ၂၀၀၀၀
လုပ်ကွက်တူးဖော်ခြင်းမြေယာပြန်လည် ပြုပြင် ခြင်းနှင့် စိုက်ပျိုးရေးသုံးရေ အသုံးပြုရန်) ၁၀၀၀၀
တူးဖော်ရေး လုပ်ငန်းစဉ်များ အသုံးပြုရန် ၂၀၀၀
လမ်းများ ဖုန်သိပ်ရန် ပက်ဖျန်းခြင်း ၁၅၀၀၀
မီးဘေးကာကွယ်ရန် ရေ ၈၀၀၀
ဒေသခံပြည်သူများသို့ ပေးဝေသော ရေ ၁၂၅၀၀
စုစုပေါင်း ၆၇၅၀၀

၂.၃.၅ စက်သုံးဆီအသုံးပြုမှု

            (၂၀၂၀၊ မေလ မှ ၂၀၂၀၊ အောက်တိုဘာလအထိ) ကောက်ယူရရှိသော အချက် အလက်များအရ စီမံကိန်းတွင်အသုံးပြုသော ယာဉ်/ယန္တရားများ လည်ပတ်ရန်အတွက် တစ်လ လျှင် (ပျမ်းမျှ) စက်သုံးဆီအသုံးပြုမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • ဇီဇယ်             ၇၅၀ ဂါလံ
  • ဓါတ်ဆီ             ၁၅၀ ဂါလံ
  • အင်ဂျင်ဝိုင်   ၅၀ ဂါလံ
  • ဟိုက်ဒြောလစ်ဆီ   ၅၀ ဂါလံ
  • Coolant water   ၅၀ ဂါလံ

၂.၃.၆ ယမ်းနှင့်စပ်ဆက်ပစ္စည်းများအသုံးပြုမှု

ပင်မလှိုဏ် တူးဖော်ခြင်းအတွက် ယမ်း (Emulsion Explosive)၊ အနှေးယမ်းကြိုး (Safety Fuse)၊ အမြန်ယမ်းကြိုး၊ စနက်တံ (Detonator) တို့ကို  အသုံးပြု၍ မိုင်းခွဲဖယ်ရှားခြင်း နည်းလမ်းဖြင့် ပြုလုပ်သွားပါသည်။  တစ်လလျှင်ယမ်း  (Amonium nitrate) (၂၀၀)ကီလိုခန့်၊ စနက်တံ (၁၅၀၀)ခု၊ အနှေးယမ်းကြိုး (၄၀၀)မီတာခန့်၊ အမြန်ယမ်းကြိုး (၁၀၀၀)မီတာခန့် အသုံးပြုပါသည်။ ယမ်းဖောက်ခွဲမှု တစ်ရက်လျှင် (၂) ကြိမ်နှုန်းဖြင့်ဆောင်ရွက်ပြီး  Secondary Blasting ကို လုပ်ငန်းလိုအပ်ချက်ရှိမှသာ ဆောင်ရွက်ပါသည်။ စီမံကိန်းသည် တည်ဆောက် ရေးအဆင့်ဖြစ်ပြီး အခြားဓါတုပစ္စည်းများ သုံးစွဲခြင်းမရှိပါ။

အခန်း (၃)

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း

၃.၁     လေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

            စီမံကိန်းဆောင်ရွက်ရာတွင် ဘက်ဟိုး၊ မြေသယ်ယာဉ်၊ မီးစက်စသော စက်ယန္တရားများ မောင်းနှင်ခြင်းမှ Carbon Monoxide, Sulfur Dioxide ဓါတ်ငွေ့များထွက်ရှိပြီး ယမ်းဖောက်ခွဲခြင်းမှ Nitrogen Dioxide ဓါတ်ငွေ့များထွက်ရှိပါသည်။ စီမံကိန်းလုပ်ကွက်အတွင်း ယာဉ်များ ဝင်/ထွက် သွားလာခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့မှ ဖုန်မှုန့်၊ ကျောက်မှုန့်၊ လွှစာမှုန့် စသောအမှုန်အမွှားများ ထွက်ရှိပါသည်။ အခိုးအငွေ့နှင့် အမှုန်အမွှားများသည် လေထုအရည်အသွေးကို ကျဆင်းစေပြီး အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်သည့်အတွက် စီမံကိန်းတည်ဆောက်ရေးကာလတွင် ထွက်ရှိသော အခိုးအငွေ့နှင့် အမှုန်အမွှားများသည် လေထုအရည်အသွေးအပေါ် သက်ရောက်မှုမည်မျှရှိသည်ကို သိရှိနိုင်ရန်၊ ထိခိုက်မှုလျော့ပါးစေရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ သက်ရောက်မှု ရှိ/မရှိ သိရှိနိုင်ရန် အမှုန်အမွှား တိုင်းတာစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၃.၁.၁ စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

            လေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်)တွင် ဖော်ပြထားသော လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့် နေရာများနှင့် အကြိမ်အရေ အတွက်အတိုင်း ဆောင်ရွက်ပါသည်။

၃.၁.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လေအရည်အသွေး တိုင်းတာခြင်းကို Baseline Data အဖြစ် တိုင်းတာခဲ့သော လေအရည်အသွေးလိုက်နာမှတ် (22°36′ 38.00″N, 96°11′ 47.00″E)တွင် ပြန်လည်တိုင်းတာ မှုပြုလုပ်ခဲ့ပါသည်။ လေအရည်အသွေး တိုင်းတာခဲ့သည့် တည်နေရာအား ပုံ(၁.၁)တွင် ဖော်ပြ ထားပါသည်။

 

ပုံ(၁.၁) လေထုအရည်အသွေးတိုင်းတာသည့်တည်နေရာပြပုံ

၃.၁.၃ စောင့်ကြပ်ကြည့်ရှုသည့် Parameter များ

စောင့်ကြပ်ကြည့်ရှုသည့် Parameters များမှာ Baseline Data ကောက်ယူစဉ်က တိုင်းတာခဲ့သော Parameters များဖြစ်သည့် ကာဗွန်မိုနောက်ဆိုဒ်(CO)၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ် (NO2)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2)၊ အမှုန်အမွှား(PM10)၊ အမှုန်အမွှား (PM2.5) တို့အပြင် အိုဇုန်း (O3)ကိုပါ တိုင်းတာခဲ့ပါသည်။

၃.၁.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            လေထုအရည်အသွေး တိုင်းတာရာတွင် Haz Scanner EPAS Air Quality Monitoring Station အား အသုံးပြု၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်နှင့်အညီ ၂၄ နာရီ တိုင်းတာမှုပြုလုပ်ပြီး တိုင်းတာမှုရလဒ်များ အား နောက်ဆက်တွဲများနှင့်လည်းကောင်း၊ CD ခွေနှင့်လည်းကောင်း Soft Copy ထည့်သွင်း တင်ပြထားပါသည်။

                                                ပုံ(၁.၂) လေအရည်အသွေးတိုင်းတာမှုပြပုံ

၃.၁.၅  စောင့်ကြပ်ကြည့်ရှုမှုရလဒ်

            လေအရည်အသွေး တိုင်းတာစစ်ဆေးမှု ရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား(၃.၁)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၁)        လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုရလဒ်

Parameters Unit Location Coordinate 1 st Monitoring Result 2 nd Monitoring Result Baseline Values Guideline values Average Period
Carbon Monoxide ppm 22°36’38.00″N 96°11’47.00″E 0.104708 0.104708 0.0459 9 8 hours
Nitrogen Dioxide µg/m3 39.292 26.1006 18.9 200 1 hour
Ozone µg/m3 9.575 10 100 8 hours
Sulfur Dioxide µg/m3 34.7708 33.7608 1.01 20 24 hours
PM 10 µg/m3 32.6544 32.65 37.3 50 24 hours
PM 2.5 µg/m3 29.1714 29.17 37.7 25 24 hours

.၁.၆  သုံးသပ်တင်ပြချက်

လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှု ရလဒ်များအရ ကာဗွန်မိုနောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တို့မှာ Baseline Value များထက် အနည်းငယ်ကျော်လွန်နေ သော်လည်း အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ သတ်မှတ်ချက်များအား ကျော်လွန်ခြင်းမရှိသည်ကို တွေ့ရှိရပြီး အိုဇုန်းဓာတ်ငွေ့သည်လည်း သတ်မှတ်ချက်အား ကျော်လွန်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းမှ ထွက်ရှိသော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရို ဂျင်ဒိုင်အောက်ဆိုဒ်နှင့် အိုဇုန်းဓါတ်ငွေ့များသည် ပတ်ဝန်းကျင်အပေါ် သိသာထင်ရှားသော သက်ရောက်မှုမဖြစ်စေ နိုင်ပါ။

သို့ရာတွင် လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုပမာဏမှာ Baseline Value များထက် သိသာထင်ရှားစွာ ကျော်လွန်နေပြီး လမ်းညွှန်ချက်ပါ သတ်မှတ်ချက်များ ထက်လည်း သိသာထင်ရှားစွာ ကျော်လွန်နေသည်ကို တွေ့ရှိရပါသည်။ ယင်းမှာ စီမံကိန်း တည်ဆောက်ရေးတွင် အသုံးပြုသော မြေသယ်ယာဉ်၊ ဘူဒိုဇာ၊ ဘက်ဟိုး စသောစက်ယန္တရား များမှ ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းကြောင့်ဖြစ်နိုင်ပြီး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးချိန်တွင် မူလအခြေအနေအတိုင်းသာ ရှိနိုင်မည်ဟု ခန့်မှန်းပါသည်။

လေထုအတွင်း PM10 ပါဝင်မှု ပမာဏသည် Baseline Values များအောက် သိသိသာသာ လျော့နည်းသွားသည့်အပြင် Guideline Values အောက်လျော့နည်းသည်ကို တွေ့ရှိရပါသည်။ PM2.5 ပါဝင်မှု ပမာဏသည် Baseline Values များအောက် သိသိသာသာ လျော့နည်းသွားသော်လည်း Guideline Values ကျော်လွန်နေပါသည်။ သို့ဖြစ်ပါ၍ အမှုန်အမွှားထွက်ရှိမှုလျော့ပါးစေရေး လုပ်ဆောင်ချက်များသည် အကျိုးသက်ရောက်မှုရှိ ကြောင်း တွေ့ရှိရပါသဖြင့် လက်ရှိအရည် အသွေးအား ဆက်လက်ထိန်းသိမ်းရန်နှင့် အကြံပြုထားပါသည်။ PM2.5 အမှုန်ပျံ့လွင့်မှုသည် Guideline Values ထက်လျော့ကျစေရန် စီမံဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါသည်။

၃.၁.၇  ထိခိုက်မှုလျော့ပါးစေရေးဆောင်ရွက်မည့်အစီအစဉ်များ

            လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုပမာဏ လျော့ပါးစေရန် ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်သော ယာဉ်ယန္တရားများအား အသုံးပြုချိန် လျှော့ချခြင်း၊ ကြံ့ ခိုင်မှုစစ်ဆေးခြင်း၊ ထုတ်လွှတ်မှုနည်းပါးသော Model မြင့်ယာဉ်ယန္တရားများအား အစားထိုး အသုံးပြုခြင်း၊ ယာဉ်ယန္တရားအရေအတွက် လျှော့ချအသုံးပြုခြင်းတို့ ဆောင်ရွက်သွားပါမည်။

၃.၂      ဆူညံသံစောင့်ကြပ်ကြည့်ရှုခြင်း

မြေသယ်ယာဉ်၊ ဘက်ဟိုးစသော စက်ယန္တရားများမောင်းနှင်ခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်း ဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှ ဆူညံသံများထွက်ရှိပါသည်။ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများမှထွက်ရှိသော ဆူညံသံများသည် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူလူထုအပေါ်သက်ရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ထိခိုက်မှုလျော့ပါးစေရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ သက်ရောက်မှု ရှိ/မရှိ သိရှိနိုင်ရန် ဆူညံသံတိုင်းတာခြင်းကို ဆောင်ရွက်ပါသည်။

၃.၂.၁ ဆူညံသံစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ဆူညံသံအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်) တွင်ဖော်ပြထားသော လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့်နေရာများနှင့် အကြိမ်အရေ အတွက်အတိုင်း ဆောင်ရွက်ပါသည်။

၃.၂.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

ဆူညံသံတိုင်းတာခြင်းကို Baseline Data အဖြစ်တိုင်းတာခဲ့သော လူနေဆောင်အနီး (22 36’ 38.00”N, 96 ံ11’ 47.00”E) တွင် ပြန်လည်တိုင်းတာခဲ့ပါသည်။ ဆူညံသံတိုင်းတာခဲ့သည့် တည်နေရာအား ပုံ(၁.၃)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၃) ဆူညံသံတိုင်းတာသည့် တည်နေရာပြပုံ

၃.၂.၃ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

ဆူညံသံစောင့်ကြပ်ကြည့်ရှုရာတွင် Digital Sound Level အသုံးပြု၍ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး ထုတ်လွှတ်မှု လမ်းညွှန်ချက်နှင့်အညီ ၂၄နာရီ (7am-10pm, 10pm-7am) တိုင်းတာမှုပြုလုပ်ပါသည်။

  ပုံ(၁.၄) ဆူညံသံတိုင်းတာမှုပြပုံ

၃.၂.၄ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

ဆူညံသံအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား(၃.၂)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၂)       ဆူညံသံတိုင်းတာစစ်ဆေးမှုရလဒ်

Location Unit 1 st Monitoring Result 2 nd Monitoring Result Baseline result  Guideline values
Day

(7am-10pm)

Night

(10pm-7am)

Day

(7am-10pm)

Night

(10pm-7am)

Day

(on the spot)

Night

(on the spot)

Day

(7am-10pm)

Night

(10pm-7am)

22° 36’ 38.00”N,

96° 11’ 47.00”E

dBA 33.124 10.6 9.7985 6.4144 54.3 48.6 70 70

 

၃.၂.၅ သုံးသပ်တင်ပြချက်

ဆူညံသံတိုင်းတာစစ်ဆေးမှု ရလဒ်များအရ လက်ရှိဆူညံသံ အရည်အသွေးသည် လမ်းညွှန်ချက်ပါ သတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိကြောင်းကို တွေ့ရှိရပါသည်။ လက်ရှိ ဆူညံသံအရည်အသွေးနှင့် Baseline Data အဖြစ်တိုင်းတာခဲ့သော ဆူညံသံအရည်အသွေးတို့ ကွာဟချက်များ ရှိနေခြင်းမှာ Baseline Data အဖြစ်တိုင်းတာခဲ့စဉ်က On the spot တိုင်းတာ ခဲ့ခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ် တိုင်းတာထားသောရလဒ်မှာ လမ်းညွှန်ချက်နှင့်အညီ ၂၄ နာရီ စာ (7am-10pm, 10pm-7am) တိုင်းတာခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid – 19 စည်းကမ်းနှင့်အညီ အလုပ်သမားများအား Social Distancing ဖြင့် အဆိုင်းခွဲ ဆောင်ရွက်စေခြင်းကြောင့် ဆူညံသံအရည်အသွေးမှာ သိသိသာသာ ကျဆင်းလာ ခြင်း ဖြစ်ပါသည်။

၃.၃     ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ရှိ မြေပေါ်ရေ နှင့် မြေအောက်ရေ အရည်အသွေးပေါ် ထိခိုက်မှုရှိမရှိ သိရှိနိုင်ရန် စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ရေ နှင့် စီမံကိန်းပတ်ဝန်းကျင်ရှိ မြေအောက်ရေတို့အား နမူနာကောက်ယူ၍ မန္တလေးမြို့ရှိ Future National Lab သို့ ပို့ဆောင်၍ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

၃.၃.၁ ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးကာလ)တွင် ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ပါသည်။

၃.၃.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လုပ်ကွက်ဧရိယာအတွင်း မြေပေါ်ရေအရည်အသွေးသိရှိနိုင်ရန် စွန့်ထုတ်အရည် လိုက်နာမှတ်ဖြစ်သည့် စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ရေများ စီးဆင်းသည့်နေရာ (22 ံ36’ 38.02’’N)၊ (96 ံ11’ 45.00’’E) မှရေနှင့် မြေအောက်ရေနမူနာ ကောက်ယူခြင်းကို EMP ဆောင်ရွက်စဉ်က Baseline Data အဖြစ် ကောက်ယူခဲ့သောနေရာ (22 ံ36’ 38.00’’N)၊ (96 ံ11’ 44.00’’E) ရှိ ပင်မလှိုဏ်တူးဖော်ခြင်းမှ ထွက်ရှိသော မြေအောက်ရေကို စုပ်တင်၍ လုပ်သားများ အသုံးပြုသော အများသုံးရေကန်မှရေကို နမူနာကောက်ယူ၍ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ကာ တိုင်းတာစစ်ဆေးမှု ဆောင်ရွက်ပါသည်။ ရေနမူနာ ကောက်ယူခဲ့သည့် တည်နေရာများအား ပုံ(၁.၅)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၅) ရေနမူနာကောက်ယူသည့်တည်နေရာပြပုံ

Baseline Data

Waste Water                (22 ံ36’ 38.02’’N၊ 96 ံ11’ 45.00’’E)

Underground Water    (22 ံ36’ 38.00’’N)၊ (96 ံ11’ 44.00’’E)

Secondary Data

Waste Water                (22 ံ36’ 38.02’’N၊ 96 ံ11’ 45.00’’E)

Underground Water    (22 ံ36’ 38.00’’N)၊ (96 ံ11’ 44.00’’E)

၃.၃.၃ စောင့်ကြပ်ကြည့်ရှုသည့် Parameter များ

            ရေအရည်အသွေးတိုင်းတာသည့် Parameter များမှာ pH, Total Dissolved Solid, Total Hardness, Total Alkalinity, Total Acidity, Sulphate, Chloride, Iron, Colour, Copper, Led, Zinc တို့ဖြစ်ပါသည်။ ရေအရည်အသွေး စံနှုန်းသတ်မှတ်ချက်အဖြစ် မြေပေါ် စွန့်ပစ်ရေအတွက် NEQEG ပါ Guideline နှင့် မြေအောက်မှ ထွက်ရှိသော သောက်သုံးရေ အတွက် WHO Drinking Water Quality Guideline အား အသုံးပြုပါသည်။

၃.၃.၄  စောင့်ကြပ်ကြည့်ရှုမှုမှုနည်းလမ်း

            ရေအရည်အသွေး တိုင်းတာစစ်ဆေးရန် စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေနှင့် ပင်မအင်းတူးဖော်ခြင်းမှထွက်ရှိသော မြေအောက်ရေကို 1liter ဗူးဖြင့် နမူနာကောက်ယူ၍ မန္တလေးမြို့ရှိ Future National Lab သို့ ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ပါသည်။

ပုံ(၁.၆) မြေပေါ်စွန့်ပစ်ရေနမူနာကောက်ယူပုံ           ပုံ(၁.၇) မြေအောက်ရေနမူနာကောက်ယူပုံ

၃.၃.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ NEQEG Guideline ပါ တန်ဖိုးများ နှင့်နှိုင်းယှဉ်၍ ဇယား(၃.၃)တွင် ဖော်ပြထားပြီး မြေအောက်ရေ အရည်အသွေး တိုင်းတာ စစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ WHO Drinking Water Quality Guideline ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား (၃.၄)တွင် ဖော်ပြထားပါသည်။

ဇယား (၃.၃)        မြေပေါ်စွန့်ပစ်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm 1 st Monitoring Result 2 nd Monitoring Result Baseline result Guideline values
22 ံ36’ 38.02’’N 96 ံ11’ 45.00’’E pH 7.3 7.3 6.3 6-9
Total dissolved solid (TDS) Mg/L 274.57 264.57 508.87 500
Total hardness as CaCO3 Mg/L 64.00 64.00 178 100
Total alkalinity as CaCO3 Mg/L 120.00 110.00 166
Total acidity as CaCO3 Mg/L 2.00 2.00 14
SO4 (Sulphate) Mg/L 26.37 23.37 31.31
CL (Chloride) Mg/L 36.00 36.00 10 0.86
Iron (Fe) Mg/L 0.178 0.177 0.324
Colour Clear Clear Not Clean Clear
Cu (Copper) Mg/L 0.008 0.008 0.03 0.1
Pb (Lead) Mg/L 0.015 0.015 0.203 0.05
Zn (Zinc) Mg/L 0.003 0.003 0.001 1.0

 

ဇယား(၃.၄)          မြေအောက်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm 1 st Monitoring Result 2 nd Monitoring Result Baseline result Guideline values
22 ံ36’ 38.00’’N 96 ံ11’ 44.00’’E pH 6.8 6.8 6.9 6.5-8.5
Total dissolved solid(TDS) Mg/L 247.65 247.65 468.53 1000
Total hardness as CaCO3 Mg/L 52.00 51.00 54
Total alkalinity as CaCO3 Mg/L 91.00 91.00 238
Total acidity as CaCO3 Mg/L 2.00 2.00 4
SO4 (Sulphate) Mg/L 59.33 59.33 109.18 250
CL (Chloride) Mg/L 20.00 20.00 16 250
Iron (Fe) Mg/L 0.072 0.071 0.207 0.3
Colour Clear Clear Clean Clear
Cu (Copper) Mg/L 0.004 0.004 0.02 2
Pb (Lead) Mg/L 0.029 0.029 0.122 0.01
Zn (Zinc) Mg/L 0.214 0.214 0.004 3

၃.၃.၆ သုံးသပ်တင်ပြချက်

TDS, Sulphate နှင့် Alkalinity ပမာဏမှာ Baseline Value များထက် လျော့ပါးသွားသည်ကိုတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စွန့်ပစ်ရေစီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ ထိရောက်မှုရှိကြောင်းသုံးသပ်ပါသည်။

၃.၃.၇ ထိခိုက်မှုလျော့ပါးစေရေး ဆောင်ရွက်မည့်အစီအစဉ်များ

            စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများကို စီမံကိန်းပြင်ပသို့ စွန့်ထုတ်ခြင်းမရှိဘဲ စီမံကိန်း ဧရိယာအတွင်း ရေဆိုးစွန့်ပစ်ကန်ပြုလုပ်၍ နေရောင်ခြည်ဖြင့် အငွေ့ပြန်ခြောက်သွေ့စေခြင်း ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိနိုင်ပါ။ မိုးရာသီတွင် စွန့်ပစ်ရေများ ရေစီးနှင့်အတူ စီမံကိန်းပြင်ပသို့ စီးထွက်ခြင်း မရှိစေရန် ရေဆိုးစွန့်ပစ်ကန်တွင် Run-Off Cut များ ပြုလုပ်ထား ရှိပါသည်။

၃.၄     မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

            စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့် မူလမြေထုအရည်အသွေး ကျဆင်းမှု ရှိ/မရှိ သိရှိရန် မြေထုအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ပါသည်။

၃.၄.၁ မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးကာလ)တွင် ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ပါသည်။

၃.၄.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် လုပ်ကွက်ဧရိယာ၏ အလယ်ပိုင်းမြေပေါ်ရေစီးဆင်းမှုများ အနည်ပို့ချမည့် အနိမ့်ပိုင်းနေရာဖြစ်သည့် (22 ံ36’ 38. 02’’N)၊ (96 ံ11’ 44.45’’E) မှ မြေအား နမူနာကောက်ယူပါသည်။ မြေနမူနာကောက်ယူသည့် တည်နေရာအား ပုံ(၁.၈)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၈) မြေနမူနာကောက်ယူသည့်တည်နေရာပြပုံ

Baseline Data

Soil Sample     (22 ံ36’ 38. 02’’N)၊ (96 ံ11’ 44.45’’E)

Secondary Data

Soil Sample     (22 ံ36’ 38. 02’’N)၊ (96 ံ11’ 44.45’’E)

၃.၄.၃ စောင့်ကြပ်ကြည့်ရှုသည့် Parameterများ

            မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုရာတွင် တိုင်းတာသည့် Parameter များမှာ Moisture, pH, Organic Carbon, Humas, Total Nitrogen, Phosphorus Trioxide, Potassium Oxide, Sodium, Potassium, Calcium, Magnesium, Cation exchange Capacity တို့ဖြစ်ပါသည်။

၃.၄.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            မြေအရည်အသွေးတိုင်းတာစစ်ဆေးရန် ပင်မအင်းပေါက်အနီးမှမြေအား နမူနာကောက် ယူ၍ မန္တလေးမြို့ရှိ မြေအသုံးချမှုဌာနသို့ ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

ပုံ(၁.၉) မြေနမူနာကောက်ယူပုံ

၃.၄.၅  စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုမှုရလဒ်များကို Baseline Data များဖြင့် နှိုင်းယှဉ် စစ်ဆေးချက်အား ဇယား(၃.၅)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၅)         မြေအရည်အသွေးစစ်ဆေးချက်ရလဒ်

Parameters Unit 1 st Monitoring Result 2 nd Monitoring Result Baseline     result
Moisture % 0.49 0.53 1.23
pH 8.16 8.24 8.41
Organic Carbon % 0.34 0.51 0.8
Humas % 0.58 0.63 1.13
Total Nitrogen % 0.04 0.06 0.8
Avaliable P2O3 Ppm 7.96 7.42 8.2
Avaliable K2O Mg/100g 11.45 13.01 13.1
Na Meq/100g 1.79 1.72 2.12
K Meq/100g 0.24 0.31 0.51
Ca Meq/100g 16.08 18.2 19.2
Mg Meq/100g 3.02 4.02 4.2
CEC Meq/100g 21.13 24.25 24.61

၃.၄.၆  သုံးသပ်တင်ပြချက်

မြေအရည်အသွေးတိုင်းတာစစ်ဆေးချက်အရ ယခင်တိုင်းတာထားသော Baseline Data များနှင့် ကွာခြားချက်အနည်းငယ်သာရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စီမံကိန်းမှ ထွက်ရှိသော စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများကြောင့် မြေထုအရည်အသွေးအပေါ် ထိခိုက်မှုမရှိ ကြောင်း တွေ့ရှိရပါသည်။

၃.၅ အစိုင်အခဲစွန့်ပစ်ပစ္စည်းစောင့်ကြပ်ကြည့်ရှုခြင်း

၃.၅.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            စီမံကိန်းမှ စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏကို (၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တို ဘာလ) အထိ နေ့စဉ်ထွက်ရှိမှုပမာဏကို ခန့်မှန်းခြင်းဖြင့် စာရင်းကောက်ယူတွက်ချက်ပါသည်။

၃.၅.၂ အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှု

စီမံကိန်းမှ အစိုင်အခဲစွန့်ပစ်ပစ္စည်းအဖြစ် ပင်မလှိုဏ်တူးဖော်ခြင်းမှ ထွက်ရှိသော စွန့်ပစ်မြေစာနှင့်ကျောက်စာများ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှထွက်ရှိသော သစ်သား အတိုအစ၊ ရွေဘော်စာ၊ သံတိုသံစ၊ ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်ပစ္စည်းများ၊ လုပ်သား များမှ စွန့်ပစ်သော ဘူးခွံ၊ ပုလင်းခွံနှင့် ကြွပ်ကြွပ်အိတ်များ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ စသည်တို့ထွက်ရှိပါသည်။ တစ်လလျှင်ပျမ်းမျှ အစိုင်အခဲစွန့်ပစ် ပစ္စည်းထွက်ရှိမှုပမာဏအား အောက်ပါဇယား(၃.၆)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၆)   အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ

(Metric Ton)

စွန့်ပစ်မြေစာ/ကျောက်စာ ၄၀ တန်
ဆောက်လုပ်ရေးလုပ်ငန်း ၂ တန်
လုပ်သားစွန့်ပစ်ပစ္စည်း ၁ တန်
မီးဖိုချောင် စွန့်ပစ်ပစ္စည်း ၃ တန်
အခြား ၁ တန်

၃.၅.၃ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

            ပင်မအင်းတူးဖော်ခြင်းမှထွက်ရှိသော အပေါ်ယံမြေဆီလွှာများအား သီးခြားဖယ်ရှား၍ စီမံကိန်းဧရိယာအတွင်းတွင်  စနစ်တကျစုပုံထားရှိပြီး  မိုင်းပိတ်သိမ်းချိန်တွင် မူလမြေဆီလွှာ ပျက်စီးနေသော နေရာများတွင် ဖုံးအုပ်ခြင်း ဆောင်ရွက်ပါသည်။ ရွှေပါဝင်မှုမရှိသော ကျောက် ရိုင်းဖြုန်းများအား (22 ံ36’ 38. 02’’N)၊ (96 ံ11’ 44.45’’E) တွင် လှေကားထစ်ပုံသဏ္ဍာန် စုပုံထားရှိပြီး လမ်း၊ တံတားနှင့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆောင်ရွက်ရာတွင် လည်းကောင်း အခြားဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်းကောင်း အသုံးပြုပါသည်။ အင်းတူးဖော်ခြင်းမှထွက်ရှိသော ကျောက်ရိုင်းဖြုန်းများတွင် အက်စစ်စီးဆင်းမှု (Acid Rock Drainage) ဖြစ်ပွားစေသော Mineral များ မပါရှိပါ။ ကျောက်ရိုင်းမြေစာပုံ ကြံ့ခိုင်မှုရှိစေရန် မြေစာပုံပေါ်တွင် မြက်ပင်ခြုံပင်များ စိုက်ပျိုးထားရှိပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုပ်သားသုံးစွန့်ပစ်ပစ္စည်းများအား Recycle ပြုလုပ်နိုင် သော စွန့်ပစ်ပစ္စည်းနှင့် Recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများဟူ၍ ခွဲခြားထားရှိပါသည်။ Recycle ပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများအား ကျည်တောက်ပေါက်ကျေးရွာရှိ အဟောင်း ဆိုင်များတွင် ရောင်းချပြီး Recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများအား Landfill ပြုလုပ်၍ စွန့်ပစ်ခြင်း၊ မီးရှို့ဖျက်စီးခြင်းများ ဆောင်ရွက်ပါသည်။ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများဖြစ်သော အစာအကြွင်းအကျန်များ၊ အသီးအရွက်နှင့် အသားငါးအမှိုက်များကို သီးခြားအမှိုက်ပုံးဖြင့် စွန့်ပစ်စေပြီး တိရစ္ဆာန်အစာအဖြစ်အသုံးပြုရန် ကျည်တောက်ပေါက်၊ ပါပေါကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူများအား ပေးဝေပါသည်။

၃.၆     စွန့်ပစ်ရေစောင့်ကြပ်ကြည့်ရှုခြင်း

          ၃.၆.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

စီမံကိန်းမှ စွန့်ပစ်ရေထွက်ရှိမှု ပမာဏကို စာရင်းကောက်ယူရာတွင် (၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တိုဘာလ) အထိ လစဉ်ရေအသုံးပြုမှု ပမာဏအပေါ်အခြေခံ၍ တွက်ချက်ပါ သည်။

၃.၆.၂ စွန့်ပစ်ရေထွက်ရှိမှု

စီမံကိန်းလုပ်ငန်းမှ စွန့်ပစ်ရေအဖြစ် လုပ်သားများ ချိုးရေ/သုံးရေ၊ မိလ္လာရေ၊ မီးဖိုချောင် စွန့်ပစ်ရေ၊ Wetdrilling ပြုလုပ်ခြင်းမှ ထွက်ရှိသောရေ၊ ယာဉ်ယန္တရားများ ဆေးကြောရေ စသည်တို့ထွက်ရှိပါသည်။ တစ်လလျှင်ပျမ်းမျှ စွန့်ပစ်ရေထွက်ရှိမှုပမာဏအား အောက်ပါဇယား (၃.၇)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၇)   စွန့်ပစ်ရေထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ရေအမျိုးအစား ထွက်ရှိမှုပမာဏ

(gallon)

ချိုးရေ/သုံးရေ ၉၀၀၀
မိလ္လာ ၃၇၀၀
မီးဖိုချောင်စွန့်ပစ်ရေ ၂၀၀၀
Wet drilling စွန့်ပစ်ရေ ၅၀၀၀
ယာဉ်ယန္တရားဆေးကြောရေ ၃၆၀၀

၃.၆.၃ စွန့်ပစ်ရေစီမံခန့်ခွဲမှု

            စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများအား စီမံကိန်းပြင်ပသို့ စွန့်ထုတ်ခြင်းမပြုဘဲ ရေနုတ်မြောင်းစနစ်ဖြင့် စီမံကိန်းဧရိယာအတွင်းရှိ စွန့်ပစ်ရေကန်အတွင်းသို့ စီးဆင်းစေပြီး နေရောင်ခြည်ဖြင့် အငွေ့ပျံခြောက်သွေ့စေပါသည်။ မိုးရာသီတွင် စွန့်ပစ်ရေကန်အတွင်းသို့ ရေများစီးဝင်၍ စီမံကိန်းပြင်ပသို့ စီးထွက်မှုမရှိစေရန် စွန့်ပစ်ရေကန်အား အမြင့် (၃ ပေ) ခန့် ရှိသော မြေသားတမံနှင့် အမြင့်(၂ပေ) အကျယ် (၂ပေ) ခန့်ရှိသော Run – Off Cut ရေနုတ် မြောင်း ပြုလုပ်ထားရှိပါသည်။

၃.၇     စွန့်ပစ်အခိုးအငွေ့စောင့်ကြပ်ကြည့်ရှုခြင်း

၃.၇.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

လေထုအတွင်းစွန့်ပစ် အခိုးအငွေ့များပါဝင်မှုပမာဏအား Haz Scanner EPAS Air Monitoring Station အသုံးပြု၍ လေထုအရည်အသွေးတိုင်းတာခြင်းဆောင်ရွက်ပါသည်။

၃.၇.၂ စွန့်ပစ်အခိုးအငွေ့ထွက်ရှိမှု

ယာဉ်ယန္တရားများ မောင်းနှင်ခြင်းမှ ကာဗွန်မိုနောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုကာဗွန် စသောဓါတ်ငွေ့များ၊ ယမ်းဖောက်ခွဲခြင်းမှ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ အမှိုက်များမီးရှို့ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ ထွက်ရှိပါသည်။ ထို့အပြင် စီမံကိန်းအတွင်း ယာဉ်ယန္တရားများသွားလာခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ အင်းတူး ဖော်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှ အမှုန်အမွှားများ ထွက်ရှိပါသည်။

၃.၈     အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း စောင့်ကြပ်ကြည့်ရှုခြင်း

အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအား အစိုင်အခဲနှင့်အရည်ဟူ၍ ခွဲခြားထားပါသည်။

၃.၈.၁ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အစိုင်အခဲ)

စီမံကိန်းတွင်အသုံးပြုသော မီးသီး/မီးချောင်း၊ ဘထ္ထရီအိုးများတွင် ပြဒါးပါဝင်ခြင်း၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ ဆေးခန်းသုံးလက်အိတ် စသောဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများတွင် ကူးစက်စေသော ရောဂါပိုးများ ကပ်ညိနိုင်ခြင်းတို့ကြောင့် ၎င်းတို့အား အန္တရာယ်ရှိသော စွန့်ပစ် ပစ္စည်းများ အဖြစ်သတ်မှတ်ပါသည်။ (၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တို ဘာလ) အထိ ကောက်ယူထားသော အချက်အလက်များအရ တစ်လလျှင် ပျမ်းမျှအန္တရာယ်ရှိသော စွန့်ပစ် ပစ္စည်းထွက်ရှိမှုပမာဏအား အောက်ပါဇယား (၃.၈)တွင် ဖော်ပြထားပါသည် –

ဇယား(၃.၈) အန္တရာယ်ရှိသော အစိုင်အခဲ စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ (pcs)
မီးသီး/မီးချောင်း ၃ ခု
ဘက်ထ္ထရီ ၂ ခု
ဆေးထိုးအပ်နှင့်ဆေးထိုးပြွန် ၁၅ ခု
ဆေးခန်းသုံးလက်အိတ် ၁၀ ခု
Face Mask ၅၀၀ ခု
Face Shield ၂၀၀ ခု

၃.၈.၁.၁ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

               ယာဉ်ယန္တရားများမှ ထွက်ရှိသော ဘက်ထ္ထရီများအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ အဟောင်းဆိုင်များတွင် Recycle ပြုလုပ်ရန်အတွက် ရောင်းချပါသည်။ မီးသီး/မီးချောင်းများ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများအား သံပေပါ အတွင်း ထည့်သွင်း၍ စွန့်ပစ်ပါသည်။

၃.၈.၂ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်)

ယာဉ်ယန္တရားများမှထွက်ရှိသော အင်ဂျင်ဝိုင်၊ ဟိုက်ဒြောလစ်ဆီနှင့် အက်စစ်အဟောင်း များသည် ဓာတုပစ္စည်းများပါဝင်သောကြောင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ပါသည်။  (၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တိုဘာလ) အထိ ကောက်ယူထားသော အချက် အလက်များအရ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်) ထွက်ရှိမှုပမာဏအား အောက်ပါ ဇယား (၃.၉)တွင် ဖော်ပြထားပါသည် –

ဇယား (၃.၉) အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်) ထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ

(gallon)

အင်ဂျင်ဝိုင် ၅၀ ဂါလံ
ဟိုက်ဒြောလစ်ဆီ ၅၀ ဂါလံ
အက်ဆစ် ၁၀ ဂါလံ

၃.၈.၂.၁ စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

ယာဉ်ယန္တရားများမှ ထွက်ရှိသော အင်ဂျင်ဝိုင်နှင့် ဟိုက်ဒြောလစ်ဆီ အဟောင်းများအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီ အဟောင်းဝယ်ယူသူများထံတွင် ရောင်းချပါသည်။ အက်စစ်အဟောင်းများအား စွန့်ပစ် ရာတွင် ၂၅ ဂါလံဆံ့ ပေပါပိုင်းအတွင်း ရေ ၁၀ ဂါလံ၊ ထုံး ၁၀ ကီလိုဂရမ်နှင့် အက်စစ် ၁၀ ဂါလံရောမွှေ၍ ၂၄ နာရီထားကာ Neutralized လုပ်ပြီးမှ ရေဆိုးစွန့်ပစ်ကန် အတွင်းသို့ စွန့်ပစ်ပါသည်။ စက်သုံးဆီများလဲလှယ်ရာတွင် ယိုဖိတ်ခြင်းမရှိစေရန် ဆီခံခွက်များအသုံးပြု၍ လဲလှယ်ပါသည်။

၃.၉     သဘာဝပေါက်ပင်များ စောင့်ကြပ်ကြည့်ရှုခြင်း

၃.၉.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            စီမံကိန်းကြောင့် သဘာဝပေါက်ပင်များအပေါ် သက်ရောက်မှု ရှိ/မရှိ သိရှိရန် စီမံကိန်း ပတ်ဝန်းကျင်ရှိအပင်များအား ၆လတစ်ကြိမ် စာရင်းကောက်ယူခြင်း ဆောင်ရွက်ပါသည်။ အပင်များစာရင်းကောက်ယူရာတွင် Modified Gentry Plot နည်းလမ်းဖြင့် မီတာ (20×50 plot) ချ၍ စာရင်းကောက်ယူပါသည်။

ပုံ(၁.၁၀) စီမံကိန်းပတ်ဝန်းကျင်ရှိအပင်များစာရင်းကောက်ယူပုံ

၃.၉.၂ စီမံကိန်းပတ်ဝန်းကျင်ရှိ သဘာဝပေါက်ပင်များ

            စီမံကိန်း ပတ်ဝန်းကျင်တွင် တွေ့ရှိရသော သဘာဝပေါက်ပင်များမှာ သစ်ပကန်၊ တောပင်စိမ်း၊ ဘူးချဉ်၊ ဂျာမဏီ၊ တရော်၊ တောပိတောက်၊ သဘွတ်ခါး၊ ကြက်မောက်ဖြူ၊ ကြက် မောက်၊ သစ်ပုတ်၊ မြင်ဝါး၊ မရိုး၊ ကြက်ဆူ၊ လျှော်ဖြူ၊ ကုက္ကို၊ ရေသဖန်း၊ ရဲယို တို့ဖြစ်ပါသည်။ များသောအားဖြင့် ခြုံပင်အမျိုးအစားများအားတွေ့ရှိရပြီး အပင်လတ်နှင့်အပင်ကြီးအမျိုးအစား အနည်းငယ်သာတွေ့ရှိရပါသည်။ စီမံကိန်း အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်းတို့ဆောင်ရွက်ရန် အပင်ငယ်များနှင့်ခြုံပင် ၁ဧကခန့်ကို ရှင်းလင်းခဲ့ရပါ သည်။ ရှင်းလင်းခဲ့သော အပင်များသည် ကျည်တောက်ပေါက်ဒေသတွင် တွေ့ရများသော အလေ့ကျပေါက်ပင်များဖြစ်ပြီး ရှားပါအပင်မျိုးစိတ်များ၊ IUCN Redlist စာရင်းဝင်အပင်များ မပါရှိပါ။ ရှင်းလင်းခဲ့သောအပင်များအား အစားထိုးစိုက်ပျိုးမှုအဖြစ် စီမံကိန်းဧရိယာအတွင်း ကျွန်းနှင့်မန်ဂျန်ရှားအပင်များ စိုက်ပျိုးထားရှိပါသည်။

၃.၁၀   ပြန်လည်နေရာချထားခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

            စီမံကိန်းဧရိယာသည် လူနေအိမ်ခြေများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် လွတ်ကင်းသောကြောင့် ရွှေ့ပြောင်းနေရာချထားရခြင်းများနှင့် ယဉ်ကျေးမှုအမွေနှစ်များ ထိခိုက်ပျက်စီးခြင်းမရှိပါ။

၃.၁၁   လူမှုစီးပွားဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းလုပ်ငန်းတွင် ဒေသခံပြည်သူများအား ခန့်အပ်ထားရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကို ဒေသတွင်းမှ ဝယ်ယူအသုံးပြုခြင်းကြောင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီမှ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း (CSR)များ ဆောင်ရွက်ခြင်းကြောင့် ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။

၃.၁၂    ဒေသခံပြည်သူများနှင့်ဒေသခံအဖွဲ့အစည်းများမှတိုင်ကြားချက်များ

            တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေးကာလအတွင်း စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ ဒေသခံ ပြည်သူများနှင့် ဒေသခံအဖွဲ့အစည်းများထံမှ မကျေနပ်မှုများ၊ တိုင်ကြားချက်ဖြစ်စဉ်များ မရှိပါ။

၃.၁၃ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

၃.၁၃.၁ လုပ်ငန်းခွင်မတော်တဆမှုများ

တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေး ကာလအတွင်း လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခြင်းမရှိပါ။ လုပ်သားများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (PPE) များအသုံးပြုစေခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပါသည်။ စက်ယန္တရားများ ချွတ်ယွင်းခြင်း ကြောင့် မတော်တဆထိခိုက်မှုများ မဖြစ်ပွားစေရန် စက်ယန္တရားများ ကြံ့ခိုင်မှုကို နေ့စဉ် စစ်ဆေးခြင်း၊ ပြုပြင်ထိမ်းသိမ်းခြင်းများ ဆောင်ရွက်ပါသည်။ စက်ယန္တရား မောင်းနှင်ခြင်းကို အတွေ့အကြုံရှိသော ကျွမ်းကျင်စက်မောင်း၊ ယာဉ်မောင်းများအား ဆောင်ရွက်စေပါသည်။

၃.၁၃.၂ ကူးစက်ရောဂါများ

တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေး ကာလအတွင်း ကူးစက်ရောဂါများဖြစ်သော HIV/AIDS ရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ အဆုပ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါ စသောရောဂါများ ဖြစ်ပွားမှုမရှိပါ။ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် လုပ်သားများအား ကျန်းမာရေး အသိပညာပေးခြင်း၊ (၆လ) တစ်ကြိမ် ဆေးစစ်ခြင်းများ ဆောင်ရွက်ပါသည်။ အသေးစားထိခိုက်မှုများ၊ နာမကျန်းမှုများအတွက် စီမံကိန်းအတွင်း ဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးမှူးတစ်ဦးထားရှိပါသည်။ COVID-19 ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

ပုံ (၁.၁၁) ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများပုံ

၃.၁၃.၃ အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု

စီမံကိန်းလုပ်သားများအား လုပ်ငန်းချိန်အတွင်း အရက်သောက်ခြင်းကို တားမြစ်၍ အရက်သောက်သုံးထားခြင်း ရှိ/မရှိ စစ်ဆေးပြီးမှ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စေပါသည်။ စီမံကိန်းလုပ်သားများ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ (၆လ)တစ်ကြိမ် ဆေးစစ်၍ မူးယစ်ဆေးဝါး သုံးစွဲသော ဝန်ထမ်းအား အလုပ်မှထုတ်ပယ်ခြင်း ဆောင်ရွက်သွားပါမည်။

၃.၁၄   အန္တရာယ်ရှိသော ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းတွင်အသုံးပြုသော စက်ယန္တရားများ လည်ပတ်ရန်အတွက် လိုအပ်သော စက်သုံးဆီ များအား ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဂါလံ(၅၀)ဆံ့ ပေပါများဖြင့် တစ်ပတ်စာ လိုအပ်သောပမာဏကိုသာ ဝယ်ယူအသုံးပြုပါသည်။ ဆီပေပါများအား စက်သုံးဆီ သိုလှောင်ရုံအတွင်း သိုလှောင်ထားရှိပြီး မီးသတ်ဆေးဘူးများ အလုံအလောက်ထားရှိပါသည်။

ပင်မလှိုဏ် တူးဖော်ခြင်းအတွက်လိုအပ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဝယ်ယူအသုံးပြုပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သပိတ်ကျင်း မြို့နယ်၊ (၇)မိုင်တွင်တည်ရှိသော အမှတ်(၂)စစ်အခြေခံ လေ့ကျင့်ရေးတပ်အတွင်းရှိ စုပေါင်းယမ်း သိုလှောင်ရုံတွင် ယာယီအပ်နှံထားရှိပြီး လုပ်ငန်းလိုအပ်ချက်အရ တစ်ပတ်တစ်ကြိမ် လုံခြုံရေးအစီအမံ များဖြင့် ထုတ်ယူသုံးစွဲပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား လုပ်ငန်းခွင်မှလွဲ၍ အခြားနေရာများသို့ ကိုင်တွယ်သယ်ဆောင်မှုမရှိစေရန်နှင့် နေ့စဉ်အသုံးမပြုဘဲ ပိုလျှံသည့်ပစ္စည်းများအား လုပ်ကွက် တာဝန်ခံမှ ကြပ်မတ်စစ်ဆေး၍ စာရင်းနှင့်တကွ ပြန်လည်အပ်နှံခြင်း ဆောင်ရွက်ပါသည်။ ယမ်းဘီလူး နှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မြန်မာ့သတ္တုတွင်း နည်းဥပဒေများ (၂၀၁၈)၊ အခန်း (၂၈)၊ ပုဒ်မ(၁၈၁)ပါ ပုဒ်မခွဲများအတိုင်း လိုက်နာဆောင်ရွက်ပါသည်။

စီမံကိန်းသည်တည်ဆောက်ရေး အဆင့်ဖြစ်သောကြောင့် ဆိုင်ရာနိုက်နှင့် အခြားအန္တရာယ် ရှိသော ဓာတုပစ္စည်းများသုံးစွဲခြင်းမရှိပါ။

၃.၁၅    ပြုပြင်ရမည့် အကြံပြုချက်များ

  • ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရာတွင် တွေ့ရှိလာသော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု များအား လျှော့ချမည့်အစီအစဉ်များ ဆောင်ရွက်မှုအခြေအနေနှင့် တိုးတက်မှုအခြေအနေ များကို လစဉ်စောင့်ကြပ်ကြည့်ရှု၍ မှတ်တမ်းများထားရှိရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန ဝန်ထမ်းများအား ကျွမ်းကျင်မှု နယ်ပယ်အလိုက် လုပ်ငန်းတာဝန်များအား ဆောင်ရွက်စေရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မှုအတွက် သင်တန်းများစီစဉ်ဆောင်ရွက်ပေးရန်။
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကဏ္ဍအလိုက်မှတ်တမ်းများထားရှိရန်။
  • Compliance Review Checklist Format အတိုင်း သက်ဆိုင်ရာ ကာလအလိုက် ဖြည့်သွင်း မှတ်တမ်းတင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အဆင့်ဆင့်မှ ကြပ်မတ်စစ်ဆေးသွားရန်။
  • CSR ဆောင်ရွက်မှုအခြေအနေများအား မှတ်တမ်းများထားရှိရန်။
  • ပင်မအင်းတူးဖော်ရာမှထွက်ရှိသော မြေအောက်ရေများကို စီမံကိန်းလုပ်ငန်းတွင်ပိုလျှံပါက ဒေသခံပြည်သူများအားပေးဝေရန်။
  • စီမံကိန်းပတ်ဝန်းကျင်ရှိ ရေထု၊ လေထုနှင့် မြေထုတို့တွင် ပြဒါးနှင့် ဆိုင်ရာနိုက်ပါဝင်မှုကို တိုင်းတာ၍ Baseline Data များအဖြစ်ထားရှိရန်။
  • ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် တွေ့ရှိလာသော ကောင်းကျိုး သက်ရောက်မှုများအား ဆက်လက်ထိန်းသိမ်းထားရန်။

 အခန်း(၄)

နိဂုံး

၄.၁       နိဂုံးချုပ်သုံးသပ်တင်ပြချက်

            ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ရွှေလုပ်ကွက်အမှတ် (SGU-138A) နိုင်ငံတော်နှင့် အကျိုးတူ အလတ်စား ရွှေသတ္တုတူးဖော်ရေးစီမံကိန်း၏ စီမံကိန်းတည်ဆောက်ရေးအဆင့်တွင် စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၏ ဆိုးကျိုးသက်ရောက်မှုများအား စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ အတည်ပြုစာပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုများကို စောင့်ကြပ်ကြည့်ရှု ခြင်းများဆောင်ရွက်ခဲ့ပြီး ဤစောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာအား ဒုတိယအကြိမ် ပြုစုတင်ပြခြင်း ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန် အရည်အချင်းပြည့်မီသော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဝန်ထမ်းများအား ခန့်အပ်ထားရှိပြီး ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ အလုံအလောက်ထောက်ပံ့ ထားရှိပါသည်။ စီမံကိန်းအဆင့်အားလုံးအတွက် စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာများအား (၆)လ တစ်ကြိမ် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပြီး ထိုအစီရင်ခံစာများအား အများပြည်သူသိရှိနိုင်ရန်အတွက်လည်း ကုမ္ပဏီ၏ Website ဖြစ်သည့် www.hss- mining.com တွင် ထုတ်ပြန်ထားရှိပါမည်။

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် စီမံကိန်းလုပ်ဆောင် ချက်များကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးများဖြစ်သော လေအရည်အသွေးနှင့် မြေအောက် ရေအရည်အသွေးအပေါ် သက်ရောက်မှုအနည်းငယ် ရှိကြောင်းတွေ့ရှိရပြီး ထိခိုက်မှုလျော့ပါးရေး အစီအစဉ်များအား ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းဆောင်ရွက်မှုကြောင့် ကောင်းကျိုး သက်ရောက်မှုများအဖြစ် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများအား ဒေသတွင်းမှဝယ်ယူ အသုံးပြုခြင်းကြောင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သိသာထင်ရှားသော ဆိုးကျိုး သက်ရောက်မှုများမဖြစ်စေဘဲ ကောင်းကျိုးသက်ရောက်မှုများရရှိစေနိုင်ပါသည်။

ဦးခင်မောင်အေး

ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)

ဝန်းကျင်ဗေဒပညာရှင်

                                                                                    (09 – 421081744)