ပြန်လည်ပြင်ဆင်ချက်

ထွန်းရွှေစင်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးပိုးချပ်ဒေသရှိ လုပ်ကွက် (SGU-138A) မြေဧရိယာ(၂၀)ဧကတွင် ရွှေသတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းအတွက် တင်ပြလာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP)အပေါ် စိစစ်တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များအား ပြန်လည်ဖြည့်စွက်စာမျက်နှာများ

စဉ် ကနဦးသဘောထား မှတ်ချက်များ စိစစ်တွေ့ရှိချက်များ သုံးသပ် အကြံပြုချက်များ အစီရင်ခံစာပါ ဖြည့်စွက်စာ မျက်နှာများ
၁။ အကျဉ်းချုပ်အစီရင်ခံစာ

အဆိုပြုစီမံကိန်းတွင် အသုံးပြု စက် ပစ္စည်းနှင့် ယန္တရားများ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရယူသုံးစွဲမည့်ရေအရင်းအမြစ်၊ တစ်ရက်လျှင် ထုတ်လုပ်နိုင်သည့်သတ္တုပမာဏ၊ ထွက်ရှိမြေစာ ထားရှိမှု၊ စီမံကိန်း ဆောင်ရွက်မှုများကြောင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများ၊ ပြည်သူ လူထုနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုလုပ်ငန်းအတွက် အသုံးပြုမည့် ဘတ်ဂျက် ပမာဏနှင့် မိုင်းပိတ်သိမ်းမည့် အစီအစဉ်နှင့်ဆောင်ရွက်မည့် အစီအစဉ်တို့ကို စီမံထားရှိမှုနှင့် စောင့်ကြပ် ကြည့်ရှုခြင်း အစီရင်ခံ စာအကျဉ်းချုပ်တို့ကို ဖော်ပြရန်။

  ပြန်လည်တင်ပြလာသည့် အစီရင်ခံစာတွင်အကျဉ်းချုပ် အစီရင်ခံ စာအား လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်ဖော်ပြထားကြောင်း စီစစ်တွေ့ရှိရပါသည်။ v အထူးသဘောထား မှတ်ချက်ပေးရန် မရှိပါ။  
၂။ စီမံကိန်းအကြောင်းအရာ ဖော်ပြချက်

v စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် တစ်နေ့မိုင်းခွဲထုတ်လုပ်မည့် ပြေစာပမာဏတို့ကို ဖော်ပြရန်နှင့် နုန်းစစ်ကန်များ၏အရေအတွက် တည်နေရာ အကျယ်အဝန်းတို့ကိုဖော်ပြ ရန်။

v စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် ပြဒါးသုံးစွဲမှု ရှိ/မရှိနှင့် ရွှေသတ္တုသန့်စင်ရာတွင် လုပ်ငန်းအ ဆင့်လိုက် ရှင်းလင်းစွာဖော်ပြရန်။

v စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် Underground Mining   ဖော်မှုတွင်မြေပြိုကျမှုမရှိစေရန် ဆောင်ရွက်ထားရှိရန်နှင့် မြေအောက်တူး ဖော်မှုတွင်လေဝင် လေထွက်ကောင်း မွန်စေရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ဖော်ပြရန်။

v စီမံကိန်းအကြောင်းအရာတွင်ရွှေသတ္တုတူးဖော် မှုမှထွက်ရှိလာမည့်စွန့်ပစ် မြေစာနှင့် စွန့်ပစ်ရေတို့၏ ပမာဏ/ အမျိုး အစားတို့အား ဖော်ပြရန်။

 ပြန်လည်တင်ပြလာသည့် အစီရင်ခံစာ၏ စာမျက်နှာ(၂-၁၂)ထိတွင်စီမံကိန်း အကြောင်းအရာများ၌အောက်ပါ အချက်များ ကိုထပ်မံဖြည့်စွက်၍ယေဘု ယျဖော်ပြထားကြောင်း စီစစ်တွေ့ရှိရပါသည်။

v ကုမ္ပဏီအကြောင်းအရာ ဖော်ပြချက်အဖြစ် ကုမ္ပဏီမှတ်ပုံတင်အမှတ်၊ မန်နေဂျင်းဒါရိုက်တာနှင့် အဖွဲ့ဝင်၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်နှင့်e-mailလိပ်စာတို့ကို ဖော်ပြထားကြောင်း၊

v စိမံကိန်းတည်နေရာအား UTM အမှတ်များ ဖြင့် ဖော်ပြထားပြီး အနီးဝန်းကျင်ရှိကျေးရွာ များနှင့် အကွာအဝေးတို့ကို ဖော်ပြထား ကြောင်း၊

v ရွှေသတ္တုသန့်စင်သည့်လုပ်ငန်းကို ရွှေတူးဖော် ထုတ်လုပ်သည့် အဆိုပြုစီမံကိန်းလုပ်ကွက် (SGU-138A)မှ (၂)မိုင် ကျော်ခန့် အကွာ အဝေးရှိ နတ်တောင်ကျေးရွာအုပ်စု၊ ပါပေါကျေးရွာတွင် ဆောင်ရွက် လျက်ရှိကြောင်း၊

v စီမံကိန်းကို (၁.၄.၂၀၁၅)ရက်နေ့မှ ယခုအထိ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ကာလအား(၇-၁၀)နှစ်ထိ လျာထားသတ်မှတ်ထား ကြောင်း၊ စီမံကိန်းကာလအလိုက် ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက် ဆဲနှင့်ဆက်လက်ဆောင် ရွက် မည့် လုပ်ငန်းများကို ယျေဘုယျ ဖော်ပြ ထားကြောင်း၊

v စီမံကိန်းလုပ်ငန်းအား Undergroung Mining Methodကို အသုံးပြုမည်ဖြစ်ပြီး (၆’x၆’)လိုဏ်တူး၍ ယမ်းအသုံး ပြုတူးဖော်ထုတ်လုပ်မည် ဖြစ် ကြောင်းနှင့် စီမံကိန်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်မှုကို Flow Chart နှင့်တကွ ဖော်ပြထားကြောင်း၊

v စီမံကိန်းလုပ်ကွက်အတွင်းရှိ အဆောက်အအုံ အရေအတွက်နှင့် အသုံးပြု ပစ္စည်းများ၊ စက်/ ယန္တရားများ အရေအတွက်နှင့် လုပ်သား/ ဝန်ထမ်းအရေအတွက်ကို လည်းကောင်း၊ တစ်နှစ်အတွက် လောင်စာဆီလိုအပ်ချက် ပမာ ဏကိုလည်းကောင်း ဖော်ပြထား ကြောင်း

v မြေအောက်ရေနှင့် အကွာအဝေး မှာမီတာ (၅၀)ခန့်ရှိကြောင်း၊ တစ်နှစ်လျှင်ရေလိုအပ် ချက်ဂါ လံ(၇.၅)သိန့်ခန့်လိုအပ်ပြီး မြေအောက် တူးဖော်ခြင်းမှ ထွက်ရှိသည့် မြေအောက်ရေကို အသုံးပြုကြောင်း၊

v ထုတ်လုပ်သည့် ထုတ်ကုန်နှင့် ထွက်ရှိမှုအဖြစ် ရွှေပါဗြုန်း ကျောက်ပမာဏ တစ်နှစ်လျှင် တန်(၁၅၀)ခန့် ထွက်ရှိကြောင်း၊

v အသုံးပြုဓာတုပစ္စည်းအပါအဝင် ကုန်ကြမ်း ပစ္စည်းများအဖြစ် ယမ်းနှင့် ဆက်စပ်ပစ္စည်း များ၊ လောင်စာဆီတို့ကို အသုံးပြု မည်ဖြစ်ကြောင်း၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို မန္တလေး မြို့ (သို့) စဉ့်ကူးမြို့မှ ဝယ်ယူ၍ စုပေါင်းယမ်းတိုက်တွင် သို လှောင်အသုံးပြု မည်ဖြစ်ကြောင်း၊

v စွန့်ပစ်ပစ္စည်း(အစိုင်အခဲ၊ အရည်၊အခိုးအငွေ့) အမျိုးအ စား/ပမာဏအဖြစ်စွန့်ပစ် ကျောက်ရိုင်းပမာဏ တစ်နှစ်လျှင် တန်(၅၀၀)ခန့်နှင့် မြေအောက် ရေတစ်နေ့လျှင်ဂါလံ (၂၅၀၀)ခန့် ထွက်ရှိကြောင်း၊

v မြေအသုံးချမှုအဖြစ် စီမံကိန်း ဧရိယာသည်အထက် မတ္တရာ ကြိုးဝိုင်းအတွင်း ကျရောက် နေပြီး တိရိစ္ဆာန်များ ဘေးမဲ့ဇုန် ဧရိယာ၊ရှေးဟောင်း ယဉ်ကျေး မှုနယ်မြေဧရိယာ၊ ဒေသခံ ပြည်သူများ၏စိုက်ပျိုး မွေးမြူ ရေး မြေဧရိယာတို့မှ လွတ်ကင်း သောတောရိုင်းမြေ ဧရိယာဖြစ် ကြောင်း။

စီမံကိန်းအကြောင်း အရာဖော်ပြချက် တွင် အောက်ပါအချက်အ လက်များကို ထပ်မံ ဖြည့်စွက် ဖော်ပြရန်

v စီမံကိန်းလုပ်ကွက်အတွင်းနှင့်အနီး ဝန်း ကျင်ရှိရေဦး ရေထွက်  ပေါက်များ၊ မြစ်ချာင်း အင်းအိုင် များက (ရှိပါက) ထည့်သွင်း ဖော်ပြရန်၊

v စီမံကိန်းလုပ်ကွက်အနီးဝန်းကျင်ရှိ အ ခြားလုပ်ငန်းများ ကို (တည်နေရာ၊ အကွာအဝေးနှင့် တကွ) ထည့်သွင်း ဖော်ပြရန်၊

v ရွှေတူးဖော်ထုတ် လုပ်သည့်အဆို ပြုစိမံ ကိန်းလုပ်ကွက် (SGU-138A)တွင် ပြဒါးနှင့် ဆိုင်ယာ နိုက်အသုံးပြု ဆောင် ရွက်ခြင်းရှိ/မရှိ ရှင်း လင်းစွာ ဖော်ပြရန်၊

v တူးဖော်ခြင်းတွင် အသုံးပြုသော ယမ်း နှင့်ဆက်စပ် ပစ္စည်း များအတွက် ခွင့်ပြု ချက်၊ရယူသည့် နေ ရာ၊စုပေါင်း ယမ်းတိုက် ၏ တည်နေရာတို့ကို ဖော်ပြရန်။

 

 

 

 

 

·    စာမျက်နှာ (၂),  ခေါင်းစဉ်ခွဲ (၂.၂), စာပိုဒ်(၂)

 

 

·    စာမျက်နှာ (၂),  ခေါင်းစဉ်ခွဲ (၂.၂), စာပိုဒ်(၃)

 

 

·       စာမျက်နှာ (၈),  ခေါင်းစဉ်ခွဲ (၂.၉), စာပိုဒ်(၂)

 

 

 

·       စာမျက်နှာ

(၈),  ခေါင်းစဉ်ခွဲ

(၂.၉), စာပိုဒ်(၃)

၃။ မြေပုံနှင့်ကားချပ်များ

စီမံကိန်းအနီးပတ်ဝန်းကျင်(၅)မိုင် ပတ်လည်ရှိ တည်နေရာ၊ ဆက်စပ်နေရာများ၊ ကျေးရွာများ၊ မြစ်ချောင်းများအားလုံး ပါဝင်သော မြေပုံအညွှန်းများ၊ အဆိုပါပုံ၏ WGS-84Coordinate အညွှန်းများဖြင့် ဖော်ပြပေးရန်နှင့်စွန့်ပစ်ပစ္စည်းများ ထွက်ရှိ မှုနှင့်စွန့်ထုတ်မည့်လုပ်ငန်းစဉ်တို့ကို ရှင်း လင်းစွာအညွှန်းများထည့်သွင်း၍ ကားချပ် များဖြင့်ဖော်ပြရန်။

   ပြန်လည်တင်ပြလာသည့် အစီရင်ခံစာ စာမျက်နှာ(၁၃)နှင့် နောက်ဆက်တွဲ(ဂ)တွင် မြေပုံနှင့်ကားချပ်များတွင် စီမံကိန်း လုပ်ကွက်၏ တည်နေရာပြ မြေပုံနှင့် ကောင်းကင်ဓာတ်ပုံများကို ထပ်မံဖြည့် စွက်ဖော်ပြထားသော်လည်း ပြည့်စုံမှု မရှိကြောင်း စီစစ်တွေ့ရှိရပါသည်။  မြေပုံနှင့်ကားချပ်များတွင်

v အဆိုပြုစီမံကိန်း၏ ဧရိယာကို လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် အမှတ်များ(ဒီဂရီ၊ မိနစ်၊စက္ကန့်) အသုံးပြု၍ ကောင်းကင်ဓာတ်ပုံ (မြေပုံအညွှန်းများ) ဖြင့်ရှင်းလင်း တိကျစွာ တိုင်းတာ ဖော်ပြရန်၊

v စီမံကိန်းလုပ်ကွက်၏ လုပ်ငန်း ခွင်တွင် သီးခြားတည်ရှိနိုင်သည့် ယာယီလမ်း (temporary roads)၊ အလုပ်သမားစခန်း (worker camps)၊ သတ္တုတူး ဖော်သည့်တည်နေ ရာ (mine site)၊ ပစ္စည်းသိုလှောင်ရုံ များ(storage areas)၊ စွန့်ပစ် ဗြုန်းကျောက်ပုံ (waste rock dumps)၊ မြေပြုပြင် ရှင်းလင်း သည့်နေရာ (cleared areas)၊ မြေအောက်ရေစုကန်နှင့်စွန့်ပစ် အရည်စု ကန်၊ အပေါ်ယံမြေ ဆီလွှာသည့် တည်နေ ရာ၊ လက်ရှိ ပတ်ဝန်း ကျင်ဆိုင်ရာ အချက် အလက်များကို (လေထု၊မြေထု၊ မြေပေါ်/အောက်ရေ၊ ဆူညံသံ) နမူနာ ကောက်ယူတိုင်းတာသည့် တည်နေရာ၊ စွန့်ပစ်အရည် စွန့် ထုတ်သည့်တည်နေရာ၊အနီး ပတ်ဝန်း ကျင်ရှိအခြား လုပ်ငန်း/ လုပ်ကွက်များ စသည်တို့အား ဖော်ပြထားသည့်စီမံ ကိန်း၏ လုပ်ငန်းခွင် အခြေအနေပြ ကောင်းကင်ဓာတ်ပုံ ကို (မြေပုံ ညွှန်းများနှင့် တကွ) ဖော်ပြရန်နှင့် Layout Planကို ထည့်သွင်း ဖော်ပြရန်။

 

·       စာမျက်နှာ (၁၄), ခေါင်းစဉ် (၃.၀) နောက် ဆက်တွဲ   (ဂ-)

 

 

 

 

 

·       စာမျက်နှာ (၁၄),ခေါင်းစဉ်(၃.၀) နောက်ဆက်တွဲ ()နှင့် ()

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၄။

 

 

 

 

ကတိကဝတ်

ပြန်လည်တင်ပြလာသည့် အစီရင်ခံ စာအား ကတိကဝတ်ပြုအခန်းတွင် လက်မှတ် ရေးထိုးဖော်ပြရန်။

 ပြန်လည်တင်ပြလာသည့်အစီရင်ခံစာ၏ စာမျက်နှာ(၁၄-၁၅)တွင် အစီရင်ခံစာရေးသားသူနှင့် စီမံ ကိန်းအဆိုပြုတို့၏ ကတိကဝတ် များကိုလက်မှတ်ရေးထိုး ဖော်ပြ ထားကြောင်းစိစစ်တွေ့ရှိရပါ သည်။ v အထူးသဘောထား မှတ်ချက် ပေးရန် မရှိပါ  
၅။ မူဝါဒ၊ဥပဒေနှင့် မူဘောင်များ

အစီရင်ခံစာတွင်လိုက်နာ ဆောင် ရွက်ရမည့် အောက်ဖော်ပြပါဥပဒေ၊ နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်း များ နှင့် လမ်းညွှန်ချက်များကို ထည့်သွင်းဖော်ပြရန်-

–        ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)

–        ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၄)

–        ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅)

–        အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅)

–        မြန်မာ့သတ္တုတွင်းဥပဒေ (၁၉၉၄)

–        မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)

–        မြန်မာ့သတ္တုတွင်းနည်းဥပဒေများ (၂၀၁၈)

–        သစ်တောဥပဒေ (၂၀၁၈)

–        သစ်တောနည်း ဥပဒေ(၁၉၉၅)

–        တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝ နယ်မြေများ ရေးဥပဒေ(၂၀၁၈)

–        ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်း ရေးဥပဒေ(၂၀၁၃)

–        ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်း ရေးနည်းဥပဒေ (၂၀၁၆)

–        မြေအောက်ရေအက်ဥပဒေ (၁၉၃၀)

 

–        ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ(၂၀၁၃)

–        TheExplosives Substances Act(1908)

–        လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

–        အလုပ်သမားအဖွဲ့အစည်း ဥပဒေ(၂၀၁၁)

–        အနည်းဆုံးအခကြေးငွေဥပ ဒေ(၂၀၁၃)

–        အလုပ်သမား လျောကြေးငွေအက်ဥပဒေ (၁၉၅၁)

–        ပြည်သူ့ကျန်းမာရေးဥပဒေ (၁၉၇၂)

–        မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ(၂၀၁၆)

–        TheEmergency Provision Act (1950)

   ပြန်လည်တင်ပြလာသည့် အစီ ရင်ခံစာစာမျက်နှာ(၁၆-၂၀)ထိ တွင်အဆိုပြုစီမံကိန်းမှ လိုက်နာ မည့်မူဝါဒ၊ဥပဒေနှင့်အဖွဲ့အစည်း ဆိုင်ရာမူဘောင်များ ကိုဖြည့်စွက် ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရ သည်။    မူဝါဒ၊ဥပဒေနှင့် အဖွဲ့အစည်း ဆိုင်ရာမူဘောင်များတွင် အောက် ပါ အချက်များကို ဖြည့်စွက် ဖော်ပြရန်-

v ဥပဒေ၊နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်း ညွှန်ချက်များတွင်

–        ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ အန္တရာယ်မှ ကာကွယ်တား ဆီးရေး နည်းဥပဒေ (၂၀၁၆)

–        လုပ်ငန်းခွင်သုံးပေါက်ကွဲ စေတတ်သောဝတ္တု ပစ္စည်း များဆိုင်ရာ ဥပဒေ(၂၀၁၈)

 

 

–        အလုပ်သမားအဖွဲ့စည်း ဆိုင်ရာနည်းဥပဒေ (၂၀၁၂)

v အဆိုပြုလုပ်ငန်းနှင့် သက်ဆိုင်သည့်အခြား သတ်မှတ်ချက် များနှင့် နိုင်ငံတကာ စံချိန်စံညွှန်း များကိုလိုက်နာဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြရန်။

 

 

 

 

·       စာမျက်နှာ(၁၈), ခေါင်းစဉ်ခွဲ   (၅.၃.၁ )

 

 

 

 

 

 

 

 

 

 

 

 

·       စာမျက်နှာ(၁၈), ခေါင်းစဉ်ခွဲ (၅.၃.၁ ), စာပိုဒ် (၂)

၆။ လက်ရှိပတ်ဝန်းကျင်အခြေအနေ

v စီမံကိန်းအနီးပတ်ဝန်းကျင်၏ အခြေအနေကို သိရှိထားမှသာ လုပ်ငန်း ဆောင်ရွက်သည့် အတွက်ကြောင့် စီမံကိန်းအနီးပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲခြင်း ရှိ/မရှိကိုစောင့်ကြပ် ကြည့်ရှု နိုင်မည်ဖြစ်ပြီး အဆိုပြုစီမံ ကိန်း ကြောင့် အနီးဝန်းကျင်ရှိ လူမှုစီးပွားနှင့် သဘာဝပတ် ဝန်းကျင်အပေါ် သက်ရောက် နိုင်မှုနှင့် သက်ရောက်မှု ပမာဏတို့ကို ဆန်းစစ်နိုင် မည်ဖြစ်သောကြောင့် လက်ရှိ ပတ်ဝန်းကျင်အခြေအနေ အားတိုင်းတာ ဖော်ပြရန် လိုအပ်ပါ သည်။

v အဆိုပြုစီမံကိန်းအနေဖြင့် အဝီစိတွင်းရေအား ရေအရည် အသွေးဓာတ်ခွဲစမ်းသပ်တိုင်းတာရန်၊ မြေအောက်ရေများ တွင်ရေအရည်အသွေး စမ်း သပ်တိုင်းတာခြင်းအားဓာတ်ခွဲခန်းရလဒ် Water Quality The Results Form ဖြင့် ဖော်ပြရန်နှင့် တိုင်းတာသည့် တည်နေရာနှင့် တိုင်းတာရသည့် အကြောင်း အရင်းတို့အားWGS-84 Coordinate Point မြေပုံဖြင့် ဖော်ပြရန်။

v အဆိုပြုစီမံကိန်းအနေဖြင့် စီမံကိန်းဧရိယာ နှင့် အနီး ပတ်ဝန်းကျင်တွင် လေအရည် အသွေး တိုင်းတာခြင်း၊ အမှုန်အမွှားနှင့် အနံ့ထွက်ရှိမှု တိုင်းတာခြင်း နှင့် မြေအရည် အသွေးတိုင်းတာသည့် တည်နေရာနှင့်အနီး ပတ်ဝန်းကျင်တို့ အား WGS-84 Coordinate Point ဖြင့် ဖော်ပြရန်။

  ပြန်လည်တင်ပြလာသော အစီရင်ခံစာ၏စာမျက် နှာ(၂၁-၃၁)ထိတွင်လက်ရှိပတ်ဝန်းကျင် အခြေအနေအား အောက်ပါအချက် များကိုထပ်မံဖြည့်စွက်၍ ယေဘုယျဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်-

v အဆိုပြုစိမံကိန်းဒေသ၏ မြေမျက်နှသွင်ပြင်နှင့် မြေဆီလွှာအနေအထား၊ မြေအသုံးချမှု၊ မြေလွှာပြတ် ရွေ့မှုနှင့် တိုက်စားမှုများ၊ ရာသီဥတုအခြေအနေ၊ အင်းအိုင်ချောင်းမြောင်း များဆိုင်ရာအချက်အလက် များကိုဖော်ပြထား ကြောင်း၊

v စီမံကိန်းလုပ်ကွက်ရှိ လက်ရှိ ဆူညံသံနှင့်လက်ရှိ လေထုအရည်အသွေးကို တိုင်းတာသည့်နေရာ၊ တိုင်းတာရရှိသည့် ရလဒ်အဖြေ မိတ္တူနှင့်တကွ ဖော်ပြထားကြောင်း၊

v စီမံကိန်းလုပ်ကွက်အတွင်းရှိ လက်ရှိမြေ အောက်ရေအရည်အသွေးနှင့်မြေပေါ်အရည်အသွေး  (ပါပေါချောင်းရေ)၊ မြေထု အရည်အသွေးတို့ကို နမူနာ ကောက်ယူ၍ တိုင်းတာ သည့် တည်နေရာ၊ ဓာတ်ခွဲ ခန်း အဖြေ မိတ္တူ တို့နှင့် တကွ ဖော်ပြထားကြောင်း၊

v စီမံကိန်းလုပ်ကွက်အနီး ဝန်းကျင်ရှိသစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် လူမှုပတ်ဝန်းကျင်တို့၏ လက်ရှိအခြေအနေများကို ယေဘုယျ ဆန်းစစ်ဖော်ပြထား ကြောင်း။

   လက်ရှိပတ်ဝန်းကျင်အခြေအနေ အားဖော်ပြရာတွင် အောက်ပါအ ချက်များကို ထပ်မံထည့်သွင်း ဖော်ပြရန်-

v လက်ရှိမြေပေါ်ရေအရည်အသွေးအတွက် လုပ်ကွက် အတွင်းရှိ ရေဦးရေထွက် ပေါက်များ၊ဖြတ်သန်းစီး ဆင်းနေသောစမ်းချောင်း များနှင့်မြစ်ချောင်း အင်း အိုင်များရှိပါကထပ်မံ ကောက်ယူ တိုင်းတာ၍ တည်နေရာ (လတ်/လောင်ဂျီတွဒ် အမှတ်များဖြင့်)၊ ဓာတ်ခွဲ ခန်းအဖြေ မိတ္တူတို့နှင့် တကွ ပူးတွဲဖော်ပြရန်၊

v လေထု၊မြေပေါ်/ မြေအောက်ရေ၊ မြေထု အရည်အသွေး၊ ဆူညံသံ နှင့်တုန်ခါမှုတို့၏လက်ရှိ အခြေ အနေများကိုတိုင်း တာသည့် အချိန်ကာလ (ရက်စွဲ)၊မှတ်တမ်း ဓာတ်ပုံများနှင့် ထိုနေရာတွင်တိုင်းတာ ရန်ရွေးချယ်ရသည့် အကြောင်းအရင်းတို့ကို ဖော်ပြရန်၊

v စီမံကိန်းလုပ်ကွက်သည် အထက်မတ္ထရာ ကြိုးဝိုင်း အတွင်းတွင် ကျရောက်နေ သဖြင့် သစ်ပင်၊ သစ်တော နှင့် ဇီဝမျိုးစုံမျိုးကွဲများ ၏လက်ရှိအခြေအနေကို ပိုမိုတိကျစွာ ဆန်းစစ် ဖော်ပြပေးရန်နှင့် အချက် အလက်များကို ဆန်းစစ် ကောက်ယူသည့် နည်း စနစ် (သို့) မှီငြမ်းကိုးကား ချက်များကို ဖော်ပြရန်။

 

 

 

 

 

v စာမျက်နှာ(၂၃), ခေါင်းစဉ်ခွဲ (၆.၁.၇)စာပိုဒ် (၂)

 

 

 

 

 

 

 

 

 

v စာမျက်နှာ(၂၂), ခေါင်းစဉ်ခွဲ (၆.၁.၆)မှ စာမျက်နှာ(၂၆) ခေါင်းစဉ်ခွဲ (၆.၁.၉)  ထိ

 

 

 

 

 

 

v စာမျက်နှာ(၂၇), ခေါင်းစဉ်ခွဲ (၆.၂)

​၇။ ထိခိုက်နိုင်မှုများနှင့်လျော့ပါးစေရေး ဆောင်ရွက်မည့် အစီအစဉ်များ

·       အဆိုပြုစီမံကိန်း အနေဖြင့် သတ္တုတူးဖော်ခြင်း၊ ကျောက် ဖောက်ခြင်းနှင့် မိုင်းခွဲမှုများ ကြောင့် ထိခိုက်မှုနှင့် လျော့ပါး စေရေးဆောင်ရွက်မည့် အစီ အစဉ် ဖော်ပြရန်။

·       အဆိုပြုစီမံကိန်းအနေဖြင့် မိုင်းခွဲခြင်းနှင့်သတ္တု ရိုင်းများကြိတ်ခွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှုနှင့် လျော့ပါးစေရေးဆောင်ရွက်မည့် အစီ အစဉ်ကို ဖော်ပြရန်။

·       အဆိုပြုစီမံကိန်း အနေဖြင့် Underground Mining Methodဖြင့်တူး ဖော်မှုတွင် မြေအောက် လေပြတ်လပ်မှု ကြောင့်ထိခိုက်နိုင်မှုအား မည်သို့ စီမံဆောင်ရွက်ထား သည်ကို ဖော်ပြ ရန်။

   ပြန်လည်တင်ပြလာသည့် အစီရင်ခံစာ၏ စာမျက် နှာ(၃၂-၆၀)ထိတွင်ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေးဆောင်ရွက်မည့် အစီအစဉ်များကိုယေဘုယျ ဆန်း စစ်ဖော်ပြထားကြောင်း စိစစ် တွေ့ရှိရပါသည်။    ထိခိုက်နိုင်မှုများနှင့် လျော့ပါး စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ဖော်ပြရာတွင် အောက်ပါ အချက်အလက်များ ကိုဆန်းစစ်၍အစီအစဉ်တကျ ဖော်ပြ ရန်-

v အဆိုပြုလုပ်ငန်းဆောင် ရွက်ခြင်း ကြောင့်ထွက်ရှိ သော ပတ်ဝန်းကျင် အပေါ်ထိခိုင်စေနိုင်သည့် ဆူညံသံ နှင့် တုန်ခါမှု၊ အရည်၊အခိုးအငွေ့၊ အမှုန် အမွှားများ၊ အစိုင်အခဲ၊ အနံ့ နှင့် ဘေး အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ (အရည်၊အငွေ့၊ အစိုင်အခဲ) တို့၏ထွက်ရှိမည့် အရင်း အမြစ်နှင့် ပမာဏကို လည်းကောင်း၊ ၄င်းတို့ ကြောင့်ပတ်ဝန်းကျင်ရှိ မြေပေါ်/အောက်ရေ အရည်အသွေး၊လေထု နှင့် မြေထုအရည်အသွေး၊ ဂေဟစနစ် (တောတောင်နှင့်ဇီဝ မျိုးစုံမျိုးကွဲများ)၊ ယဉ်ကျေးမှု အမွေအနှစ် များ၊တိုက်စားမှု၊နုန်း အနည်ကျမှုများ၊ လူမှုပတ် ဝန်းကျင် (ကျန်းမာရေး၊ ဘေးအန္တရယ်ကင်းရှင်း ရေး) တို့အပေါ် ထိခိုက်နိုင် မှုများအား နည်းစနစ်တကျ ဆန်းစစ် ဖော်ပြရန်နှင့် အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ၊ အခြားလိုက်နာရမည့် သတ်မှတ် ချက်များနှင့် နိုင်ငံတ ကာစံချိန်စံညွှန်း များပါ သတ်မှတ်ချက်များ နှင့် အညီ ကဏ္ဍအလိုက် ထိခိုက်နိုင်မှုများ ကိုတိုင်း တာ လျော့ချခြင်းလုပ်ငန်း များအား စီမံဆောင် ရွက်မည့် အစီအစဉ်တို့ကို ဖော်ပြရန်၊

v ထိခိုက်မှုများအား မလျော့ချ မီနှင့်လျော့ချပြီး အခြေအ နေများကို နှိုင်းယှဉ်ဖော်ပြ ရန်နှင့် ဆက်လက်လျော့ချ ဆောင်ရွက် မည့်အတိုင်း အတာ/ပမာဏနှင့် အစီ အစဉ်များကို သတ်မှတ် ဖော်ပြရန်၊

v စီမံကိန်းဆောင်ရွက်ခြင်း ကြောင့်သဘာဝနှင့် လူမှု ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုအဆင့်အတန်း ကို နည်းစနစ်တကျ ဆန်း စစ်ပြီး တွက်ချက်ဆန်း စစ်သည့် နည်းစနစ် နှင့် ဆန်းစစ်ချက်ပုံစံ (မိတ္တူ) တို့နှင့် တကွဖော်ပြရန်၊

v မြေအောက်တူးဖော်ခြင်းမှ ထွက်ရှိသည့်ရေများမှ အသုံးပြုပြီးပိုလျှံရေ များကို ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အတွက် ဆောင်ရွက်မည့် အစီအမံအား ဖော်ပြရန်၊

v ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များနှင့်ပလတ် စတစ်အမှိုက်များ အားမီးရှို့ခြင်းအစား အခြားသင့်တော်သည့် နည်းလမ်းများဖြင့် အစားထိုး ဆောင်ရွက်ရန်။

 

 

 

 

 

 

v စာမျက်နှာ(၄၀), ခေါင်းစဉ်ခွဲ (၇.၄.၁) မှ စာမျက်နှာ (၄၄) ခေါင်းစဉ်ခွဲ (၇.၄.၅.၂) ထိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

v စာမျက်နှာ(၄၀), ခေါင်းစဉ်ခွဲ (၇.၄.၁)မှ စာမျက်နှာ (၄၄) ခေါင်းစဉ်ခွဲ (၇.၄.၅.၂) ထိ

 

 

v စာမျက်နှာ(၅၄), ခေါင်းစဉ်ခွဲ (၇.၇) မှ စာမျက်နှာ (၅၉) ထိ

 

 

 

 

v စာမျက်နှာ(၄၅), ခေါင်းစဉ်ခွဲ (၇.၄.၇စာပိုဒ် (၁)

 

 

 

 

v စာမျက်နှာ(၅၂), ဇယားခေါင်းစဉ် (၆)

 

၈။ ဘေးအန္တရာယ်ကာကွယ် ရေးအစီအစဉ် (Emergency Response Plan)

v အထူးသဘောထားမှတ်ချက် ပေးရန် မရှိပါ။

 

v အထူးသဘောထားမှတ်ချက်ပေးရန် မရှိပါ။

 

v အထူးသ​ဘာထားမှတ်ချက်ပေးရန် မရှိပါ။

 
၉။ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းအစီအစဉ်

v ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ၊ လုပ်ငန်းရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တိုင်ပင်ဆွေးနွေး သည့် မှတ်တမ်းဓာတ်ပုံ များ၊ အစည်းအဝေး တက်ရောက် မှတ်တမ်းများ၊ အများ ပြည်သူနှင့် တိုင်ပင်ဆွေးနွေး သည့်တည်နေရာအား (Point)ဖြင့် ဖော်ပြရန်။

   ပြန်လည်တင်ပြလာသော အစီရင်ခံစာ၏ စာမျက် နှာ(၆၉-၇၁)ထိတွင် အများပြည်သူနှင့် တိုင်ပင်ဆွေး နွေးခြင်းအတွက် အောက်ပါအချက်များအား ဖြည့် စွက်ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။

v ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း များကို (၂.၁.၂၀၁၈)နှင့် (၂၃.၁၁.၂၀၁၈)ရက် နေ့တို့ တွင်ကုမ္ပဏီ အခြေစိုက် စခန်း၌ဆောင်ရွက်ခဲ့ ကြောင်း၊

v အများပြည်သူနှင့် တိုင်ပင် ဆွေးနွေးခြင်းကို (၃)လ လျှင်(၁)ကြိမ် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ သတင်း အချက်အလက်ထုတ် ပြန်ခြင်းနှင့် ပက်သက်၍ ဆောင်ရွက်မည့် အစီအစဉ် များကိုယေဘုယျ ဖော်ပြထား ကြောင်း။

   အများပြည်သူနှင့် တိုင်းပင် ဆွေးနွေးခြင်းတွင် အောက်ပါ အချက်များကို ထည့်သွင်းဖော်ပြ ရန်-

v (၂၃.၁၁.၂၀၁၈)ရက်နေ့ နောက်ပိုင်းတွင် ဆောင် ရွက်ခဲ့သည့် တွေ့ဆုံဆွေး နွေးပွဲများရှိပါက ထပ်မံ ဖြည့်စါက်ဖော်ပြပေးရန်၊

v အများပြည်သူနှင့် တိုင်းပင် ဆွေးနွေးခြင်းရလဒ်၊ အဆိုပြု စီမံကိန်းအတွက် ရေးဆွဲထားသည့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)တို့ကို အများ ပြည်သူမှအလွယ်တကူ သိရှိနိုင် စေရန် ကုမ္ပဏီ၏ Website (သို့) Online Mediaများတွင် လွှင့်တင် ရန်နှင့်လွှင့် တင်ထား သည့်Link(သို့) အခြားရ ယူ နိုင်သည့်နည်းလမ်း များကို ဖော်ပြရန်။

 

 

 

 

 

v စာမျက်နှာ(၇၈), ခေါင်းစဉ်ခွဲ (၉.၂), စာပိုဒ် (၆)

 

 

v စာမျက်နှာ(၇၉), ခေါင်းစဉ်ခွဲ (၉.၅), စာပိုဒ် (၃)

၁၀။ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားချက်

v ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု လျော့ချမည့် လုပ်ငန်းစဉ်များ နှင့် ထွက်ရှိလာမည့် စွန့်ပစ် ပစ္စည်းများအပေါ် စောင့်ကြပ်ကြည့်ရှု မည့်အကြိမ်အရေ စောင့်ကြပ်ကြည့်ရှုရာတွင် သုံးစွဲ မည့် Parameter များ ထည့်သွင်းဖော်ပြရန်။

   ပြန်လည်တင်ပြလာသည့် အစီ ရင်ခံစာ၏ စာမျက် နှာ(၇၂-၇၉)ထိနှင့်နောက်ဆက်တွဲ (ဇ)တို့ တွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားချက်အား ယေဘုယျဖော်ပြထားကြောင်း၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ် ဇယားတွင်အကြိုတည် ဆောက်ရေးအဆင့်နှင့် တည်ဆောက်ရေးအဆင့်တို့ အတွက်သာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါ သည်။    စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေ လျာထားချက်တွင် အောက်ပါအချက် များအား ထပ်မံထည့်သွင်းဖော်ပြရန်-

v အစီရင်ခံစာ၏ ထိခိုက် နိုင်မှုနှင့် လျော့ပါးစေရေး ဆောင်ရွက်မည့် အစီအ စဉ်များအခန်းတွင် ဖော်ပြ ထားသည့် လုပ်ငန်းစဉ် များနှင့်စီမံကိန်းဆောင် ရွက် ခြင်း မှစွန့်ထုတ်မည့် စွန့်ပစ်ပစ္စည်းများ (အစိုင်အခဲ၊အရည်၊ အခိုး အငွေ့)ကိုစောင့်ကြပ် ကြည့်ရှုစစ်ဆေးရန်နှင့် စောင့်ကြပ်ကြည့်ရှုမည့် အကြိမ်အရေအတွက်၊ အချိန်ကာလ၊ တည်နေရာ နှင့်စောင့်ကြပ်ကြည့်ရှု မည့်parameters များကို ထည့်သွင်း ဖော်ပြရန်၊

v လက်ရှိပတ်ဝန်းကျင်အခြေအနေများသည် လုပ်ငန်း လည်ပတ်စဉ် ကာလအ တွင်းတွင် ကွာခြားလာ မှု၊ ထိခိုက်မှု ရှိ/မရှိ စောင့်ကြပ် ကြည့်ရှုစစ်ဆေးနိုင်ရန်အတွက်Ambientရှိ မြေပေါ်/အောက် ရေအရည် အသွေး၊လေထု အရည် အသွေး၊မြေထု အရည်အ သွေး နှင့်ဆူညံသံတို့ကိုမူလ တိုင်းတာ စစ်ဆေးခဲ့သည့် နေရာများတွင် တိုင်းတာ စစ်ဆေးရန်နှင့် တိုင်း တာမည့် အကြိမ် အရေ အတွက်၊ အချိန်ကာလ၊ စောင့် ကြပ်ကြည့် ရှုမည့် Parameter များအား ထည့်သွင်းဖော်ပြရန်၊

v စောင့်ကြပ်ကြည့်ရှုခြင်းအစီ အစဉ်တွင် စီမံကိန်း လုပ်ငန်းမှ စွန့်ထုတ်အ ရည်နှင့် အခိုးအငွေ့ တို့၏ စတင်စွန့်ထုတ်မည့် နေရာ လိုက်နာအမှတ် (Point of Compliance) နေရာများ ကိုလတ္တီတွဒ်နှင့် လောင်ဂျီတွဒ် အမှတ်များ (ဒီဂရီ၊မိနစ်၊စက္ကန့်) ဖြင့် ဖော်ပြရန်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်း ရေး စစ်ဆေးခြင်းတွင် “ဟုမ္မလင်း ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန် များဖြင့် အမြဲမပြတ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ် ကြောင်းဖော်ပြချက်အား ပြန်လည် ဆန်းစစ်ဖော်ပြ ရန်၊

v စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် ဇယားတွင် လုပ်ငန်းလည်ပတ်ခြင်း အဆင့်၌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ပြ ရန်၊

v အဆိုပါဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား လက်တွေ့အကောင် အထည်ဖော်ဆောင်မည် ဖြစ် ကြောင်းဖော်ပြရန်။

 

 

 

 

v စာမျက်နှာ(၈၀), ခေါင်းစဉ်ခွဲ (၁၀.၁.၁) စာပိုဒ် (၃) မှ စာမျက်နှာ (၈၅) ခေါင်းစဉ်ခွဲ (၁၀.၁.၆) စာပိုဒ် (၅) ထိ

 

 

 

 

 

 

 

 

v စာမျက်နှာ(၈၆) ,ခေါင်းစဉ်ခွဲ (၁၀.၃)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

v စာမျက်နှာ(၈၈), ခေါင်းစဉ်ခွဲ (၁၀.၄)နှင့် စာမျက်နှာ(၈၅)၊ ခေါင်းစဉ်ခွဲ (၁၀.၁.၆)

 

 

 

 

 

 

 

 

 

 

 

 

v စာမျက်နှာ(၈၆) ,ခေါင်းစဉ်ခွဲ (၁၀.၃)

 

 

v စာမျက်နှာ(၈၈),

 

 

၁၁။ အဖွဲအစည်းနှင့် ရန်ပုံငွေလျာထားချက်

v အထူးသဘောထားမှတ်ချက် ပေးရန်မရှိပါ။

 

ပြန်လည်တင်ပြလာသည့် အစီရင်ခံစာ၏စာမျက် နှာ(၇၉) တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ကို အကောင်အထည် ဖော် ဆောင်ရွက်မည့် အဖွဲ့အစည်း နှင့် ရန်ပုံငွေလျာထားချက်ကို ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။

v သုံးစွဲမည့် သတ်မှတ်ရန်ပုံ ငွေနှင့်လုံလောက်မှု မရှိပါ ကထပ်မံ ဖြည့်တင်းဆောင် ရွက်မည် ဖြစ် ကြောင်း ထည့်သွင်း ဖော်ပြ ရန်၊

v အဆိုပါ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လက်တွေ့အကောင် အထည်ဖော်ဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြရန်။

v စာမျက်နှာ(၈၉) ,ခေါင်းစဉ်ခွဲ (၁၁.၀)စာပိုဒ် (၂)

 

v စာမျက်နှာ(၈၉) ,ခေါင်းစဉ်ခွဲ (၁၁.၀)စာပိုဒ် (၂)

 

၁၂။ စီမံကိန်းကြောင့် ထိခိုက်ခံစားရ သူများအပေါ် ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်

v အထူးသဘောထားမှတ်ချက် ပေးရန်မရှိပါ။

 

 

v အထူးသဘောထားမှတ်ချက်ပေးရန် မရှိပါ။

 

 

v အထူးသဘောထားမှတ်ချက် ပေးရန်မရှိပါ။

 
၁၃။ မိုင်းပိတ်သိမ်းခြင်း အစီရင်ခံစာ

v အဆိုပြုစီမံကိန်းအနေဖြင့် မိုင်းပိတ်သိမ်းချိန်တွင် လုပ်ကွက်တွင်းထွက်ရှိသော မြေအောက်ရေများအား မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဖော်ပြရန်။

 

ပြန်လည်တင်ပြလာသော အစီရင်ခံစာ၏ စာမျက် နှာ(၈၄-၈၈)ထိတွင် စီမံကိန်းစတင် ဆောင်ရွက်ချိန်မှစ၍ မိုင်းပိတ်သိမ်း ချိန်အတွက် အကြိုဆောင်ရွက် ထားသည့် လုပ်ငန်းများ၊စီမံကိန်း ပိတ်သိမ်း ခြင်းအဆင့်နှင့် ပိတ်သိမ်းပြီး အဆင့်များတွင် ဆောင်ရွက် မည့်လုပ်ငန်းများ၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးမည့် အဖွဲ့နှင့်ကာလ၊ စီမံကိန်းပိတ်သိမ်းမည့်အချိန်တွင် အသုံးပြုမည့်ရန်ပုံငွေလျာထားချက်တို့ကို ဖော်ပြထား ကြောင်း စိစစ်တွေ့ရှိရပါသည်။

 

မိုင်းပိတ်သိမ်းခြင်းအစီရင်ခံစာ တွင် အောက်ပါအချက်များအား ထပ်မံထည့် သွင်းဖော်ပြရန်-

v မိုင်းပိတ်သိမ်းပြီးနောက် စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်တစ်ခုအား ကြိုတင်စီမံဆောင်ရွက် ထားရှိ ရန်၊

v မိုင်းပိတ်သိမ်းပြီးနောက် အချိန်ကာလတစ်ခုအတွင်း၌စွန့်ပစ်ပစ္စည်း စုပုံထား ရှိမှုများ(Waste Dump) နှင့် ဓာတုစွန့်ပစ်ပစ္စည်း များ၏ဓာတုပြောင်းလဲမှု ဖြစ်စဉ် များကြောင့်ပတ် ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာပါကပြန်လည် ကုစားမည့်အစီအစဉ်ကို ထည့် သွင်းဖော်ပြရန်၊

v စီမံကိန်းအနေဖြင့် မိုင်းပိတ်သိမ်း ပြီးကာလ၌ သုံးစွဲရန်သီးခြား ထားရှိ မည့် ရန်ပုံငွေ လျာထား ချက်နှင့် လုံလောက်မှု မရှိပါက ထပ်မံထည့်သွင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြရန်၊

v စီမံကိန်း မပိတ်သိမ်းမှီ    (၆ )လ အလိုတွင် မိုင်းပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းပြီးနောက် အဆင့်များအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို နောက်ဆုံးရ အချက်များ ဖြင့်ပြုပြင်မွမ်းမံ၍ မိုင်းပိတ်သိမ်းခြင်း အစီရင်ခံစာ ကိုရေးဆွဲတင်ပြမည်ဖြစ် ကြောင်း ဖော်ပြရန်။

 

 

 

 

 

 

v စာမျက်နှာ(၉၅) ,ခေါင်းစဉ်ခွဲ (၁၃.၇)

 

v စာမျက်နှာ(၉၄) ,ခေါင်းစဉ်ခွဲ (၁၃.၁)စာပိုဒ် (၅)

 

 

 

 

 

 

 

v စာမျက်နှာ(၉၆) ,ခေါင်းစဉ်ခွဲ (၁၃.၈)

 

 

 

 

v စာမျက်နှာ(၉၆)  ,ခေါင်းစဉ်ခွဲ

ခွဲ (၁၃.၉)

 

 

 

၁၄။ အထွေထွေအကြံပြုချက်

v လုပ်ငန်းမပိတ်သိမ်းမီ (၆)လအတွင်း မိုင်းပိတ်သိမ်းခြင်းအစီရင်ခံစာကို ထည့်သွင်းဖော်ပြရန်၊

v ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ်(၁၀၈)အရ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၏ ဇယားပါအတိုင်း စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာကို ဝန်ကြီးရုံးသို့ (၆)လ တစ်ကြိမ် တင်ပြမည်ဖြစ်ကြောင်း ဖော်ပြရန်၊

v အစီရင်ခံစာပြန်လည်တင်ပြရာတွင် ပြန်ကြားခဲ့သည့် သဘောထားများအပေါ် အစီရင်ခံစာတွင် ပြင်ဆင်ထည့်သွင်းခြင်းအပြင် ပြင်ဆင်ဆောင်ရွက်မှုအကျဉ်းကို (၁)သဘောထားမှတ်ချက်၊ (၂)ပြန်လည်ဖြည့်စွက်ထည့်သွင်းချက်အကျဉ်း၊ (၃)မှတ်ချက် စသည့်ဇယားဖြင့် အကျဉ်းချုပ်ကို ထည့်သွင်းဖော်ပြရန်၊

v ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ်(၁၀၂)အရ အဆိုပြု စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊

v အဆိုပြု စီမံကိန်းနှင့် ပက်သက်သည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာကို စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် Online Media များတွင် လွှင့်တင်သွားရန်နှင့် လွှင့်တင်ပြီးပါက အဆိုပါဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုနိုင်သည့် Link သို့မဟုတ် ရယူနိုင်သည့်နေရာကို တင်ပြရန်၊

v အစီရင်ခံစာပါ အခန်းအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုလျော့ပါးစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အကျဉ်းချုပ်၍ ကတိကဝတ် ဇယားအဖြစ် ဖော်ပြရန်၊

v ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ်(၇၇)အရ အစီရင်ခံစာတင်ပြသည့်အခါ အစီရင်ခံစာ၏ Soft copy ကိုပါ ပူးတွဲပေးပို့တင်ပြရန်။