စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ SGU-269

ထွန်းရွှေစင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးဒေသ

အသေးစား ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်အမှတ် (SGU-269)

ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာအတွက်

ဒုတိယအကြိမ် စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ

၁.၁ နိဒါန်း

ထွန်းရွှေစင်သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့ နယ်၊ ရှောက်ပင်ရိုးဒေသ၊ ရွှေလုပ်ကွက်အမှတ် (SGU-269)အတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ(IEE)အား (၉-၈-၂၀၁၇)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြခဲ့ရာပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ  (IEE)အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည်တင်ပြရန် ပြန်ကြား ခဲ့ပါသည်။ အဆိုပါပြန်ကြားချက်အရ (IEE)အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ (၂၁-၅-၂၀၁၉) တွင် ပြန်လည်တင် ပြခဲ့ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၂၁.၈.၂၀၁၉) ရက်စွဲပါစာအမှတ် အီးအိုင် အေ-၂/ သတ္တု (၁၆၅၃/၂၀၁၉)အား ရည်ညွှန်း၍ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းမှ (၆.၉.၂၀၁၉) ရက်စွဲပါ စာအမှတ် (၂၀၅၂/ ရွှေဖက်စပ် (ထွန်းရွှေစင်)/၂၀၁၉)ဖြင့်IEE အစီရင်ခံစာအား အတည်ပြုကြောင်းနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၏ အတည်ပြုစာတွင်ပါဝင်သော ညွှန်ကြားချက်များအား အလေးထား လိုက်နာ ဆောင်ရွက်သင့်ကြောင်း ပြန်ကြားခဲ့ပါသည်။  သို့ဖြစ်ပါ၍ ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီဌာနမှ ညွန်ကြားချက်များနှင့်အညီ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ခုနှစ်၊ ဧပြီလအထိ  ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာအား ပထမအကြိမ်အဖြစ် (၁၅.၅.၂၀၂၀)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့တင်ပြခဲ့ပါသည်။ ယခုဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံအားတင်ပြခြင်း ဖြစ်ပါသည်။

၁.၂ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းရည်ရွယ်ချက်

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်မှာ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအစဉ် များ ထိရောက်မှုရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများကို လျော့ပါးစေရေးအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအစဉ်အား အကောင်အထည် ဖော်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကုစားရန် အကြံပြုချက်များအား အစီရင်ခံတင် ပြနိုင်ရန် တို့ဖြစ်ပါသည်။

၁.၃ ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန

ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာန (environmental, health and safety department)အား ဇယား(၁.၁)အတိုင်းဖွဲ့စည်းထားရှိပါသည်။ EHS ဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) (EMP)အကောင်အထည်ဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှုလုပ်ငန်းများအား သတ္တုတွင်းမန်နေဂျာကိုယ်စားကြီးကြပ်ခြင်းစောင့် ကြပ် ကြည့်ရှုခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(ခ) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအတွက်ခန့်အပ်ထားသော တတိယအဖွဲ့ အစည်း ကန်ထရိုက်တာများအား ကြီးကြပ်ခြင်း။

(ဂ)    ပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့်သက်ဆိုင်သည့် အစီရင်ခံစာများရေးသားခြင်း။

(ဃ)   သင်တန်းများစီစဉ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း တို့ဖြစ်ပါသည်။

ဇယား(၁.၁)  ထွန်းရွှေစင်ကုမ္ပဏီ၏ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဌာန ဝန်ထမ်းစာရင်း

စဉ် အမည် ရာထူး ပညာအရည်အချင်း
ဦးကြည်လွင် EHS manager A.G.T.I (Civil)
ဦးစိုးမိုးကျော် EHS officer A.G.T.I (EP)
ဦးထက်အောင် Supervisor B.A (Myanmar)
ဦးငြိမ်းချမ်းအောင် Staff B.A(Geology)
ဒေါ်သင်းသင်း Staff B.A (Philosophy)

၁.၄ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်အား ထွန်းရွှေစင်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိ တက်(SGU-269)လုပ်ကွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအစီရင်ခံစာ(IEE) အခန်း(၁၁) စောင့် ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း အခန်းတွင်ဖော်ပြထားသော စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)အတိုင်း  ဆောင်ရွက်မည်ဖြစ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာကို (၆) လ တစ်ကြိမ် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားပါမည်။

ဇယား (၁.၂)    ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)
စောင့်ကြပ် ကြည့်ရှုမည့် နယ်ပယ်များ စောင့်ကြပ်စစ်ဆေးမည့်အမျိုးအစားများ ေနရာ ကြိမ်နှုန်း စစ်ဆေး မည့်သူ ကြီးကြပ် မည့်သူ
ယေဘုယျ အခြေအနေ ·   ထိခိုက်မှု လျှော့ချရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၏ တိုးတက်မှုနှုန်း။ စီမံကိန်း ဧရိယာ။ ဆောက်လုပ်ရေး ကာလအတွင်း (၄)လ တစ်ကြိမ် စီမံကိန်း မန်နေဂျာ အမှတ်(၂) သတ္တုတွင်း လုပ်ငန်း
လေထု အရည်အေသြး ·   အခြေခံ အချက်အလက်များ စောင့် ကြပ်ကြည့်ရှုခြင်း။

·   စီမံကိန်း ဧရိယာရှိ ပြည်သူလူထုထံမှ ရရှိသော တိုင်ကြားမှုများ။

·   လိုအပ်ပါက လေထု အရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း။

·   မြေအောက် လုပ်ငန်းခွင်တွင် စောင့် ကြည့်ခြင်း။

စီမံကိန်း ဧရိယာ။

ပတ်ဝန်းကျင် ကျေးရွာများ။

စီမံကိန်း အဓိက လုပ်ငန်းခွင်။

မြေအောက် လုပ်ငန်းခွင်။

(၆) လ တစ်ကြိမ်ေပၚေပါက္ပါက

(၆) လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း

မန်နေဂျာ

လုပ်ကွက် တာဝန်ခံ

ကုမ္ပဏီ၏ စီမံကိန်းဒါရိုက္တာ

ဒါရိုက္တာ

ဒါရိုက္တာ

ရေအရည် အသွေး ·   မြေပေါ်ရေ အရည်အသွေး Primary Data ရယူခြင်း။

·   မြေအောက်ရေ အရည်အသွေး Primary Data ရယူ ခြင်း။

·   (EQEG)ပါ စံနှုန်းများနှင့်ဒေသတွင်း ရေအရည်အသွေးစစ်ဆေးမှတ်တမ်း တင်ခြင်း။

အနီးအနားရှိ ချောင်းများအင်းအတွင်းမှထွက်ရှိ သောရေ။ (၆)လ တစ်ကြိမ်

(၆)လ တစ်ကြိမ်

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်းဒါရိုက္တာ

ဒါရိုက္တာ

ဒါရိုက္တာ

စွန့်ပစ်ပစ္စည်း ·   ဆောက်လုပ်ရေး လုပ်ငန်းများ၏ စွန့် ပစ်ပစ္စည်းနှင့် ဖယ်ရှားစွန့်ပစ်ရသော ကျောက်စာများ။

·   ဝန်ထမ်း လုပ်သားများ၏ စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်ရေနှင့် အညစ် အကြေးများ။

လုပ်ငန်းခွင် ဧရိယာ။

အုပ်ချုပ်မှု

ဧရိယာ။

(၆)လ တစ်ကြိမ်

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ

စီမံကိန်း ဒါရိုက်တာ

ဆူညံသံနှင့် တုန်ခါမှု ·   လုပ်ငန်းခွင်အတွင်း စောင့်ကြပ်ကြည့် ရှုခြင်း။

·   စီမံကိန်းအနီးရှိ ပြည်သူများ၏ တိုင်ကြားချက်များအား စီစစ်ခြင်း။

·   မြေအောက် လုပ်ငန်းခွင်အတွင်း စောင့်ကြပ်ကြည့်ရှုခြင်း။

မြေပေါ် လုပ်ငန်း ခွင်များ။မရွိပါ။

မြေအောက် လုပ်ငန်းခွင်များ။

(၆)လ

တစ်ကြိမ်

(၆)လ

တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ 

စီမံကိန်း ဒါရိုက်တာ

သစ်ပင်၊ သစ်တောများ ခုတ်ထွင်

ရှင်းလင်းခြင်း။

·   မြေအောက်လုပ်ငန်းခွင်တည်ဆောက် ရေးလုပ်ငန်းဖြစ်၍ ခုတ်ထွင် ရှင်းလင်း မှုမရှိပါ။

·   စီမံကိန်း ဧရိယာချဲ့ထွင်ခြင်းနှင့် ဆက် သွယ်ရေးလမ်းများဖောက်လုပ်ခြင်း။

 

စီမံကိန်း ဧရိယာ

(၆)လ တစ်ကြိမ်

 

 

စီမံကိန်း မန်နေဂျာ

အမှတ် (၂) သတ္တုတွင်း လုပ်ငန်း

ပြန်လည်နေရာ

ချထားရေးနှင့် ဆက်စပ်သော လူမှုပတ်ဝန်းကျင်

·   စီမံကိန်းကြောင့် ရွှေ့ပြောင်းနေရာ ချထားရခြင်း မရှိပါ။  

 

လက်ရှိ လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ နှင့်ဝန်ဆောင်မှု။ ·   ဒေသတွင်းလူမှုရေးဆိုင်ရာ ပရဟိတ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု။

·   ဒေသတွင်း အခြေခံအဆောက် အအုံ များ၏ ဖြစ်ထွန်းတိုးတက်မှုများ။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ဒေသ။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ဒေသ။

(၁)နှစ် တစ်ကြိမ် စီမံကိန်း ဒါရိုက်တာ ဒေသ ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့ များ
HIV/ AIDS ကဲ့သို့သော ကူးစက်ရောဂါများ ·   ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးဆိုင်ရာ မှတ်တမ်းများ။

·   ကုမ္ပဏီဝန်ထမ်း လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ။

·   ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ချက် မှတ်တမ်းများ။

ကန်တောင် ဒေသ။

စီမံကိန်း ဧရိယာ။

ကန်တောင် ဒေသ။

(၂)လ တစ်ကြိမ်

(၂)လ တစ်ကြိမ်

(၃)လ တစ်ကြိမ်

ကုမၸဏီ၏တာ၀န္ခံ

ေဆးမွဴး

စီမံကိန်း မန်နေဂျာ
အရက်/ မူးယစ် ဆေးဝါးများ သုံးစွဲမှု ·   ဝန်ထမ်း၊ လုပ်သားများ၏ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ။

·   ဒေသတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုများ အခြေအနေ။

စီမံကိန်း ဧရိယာ။

စဉ့်ကူးမြို့နယ် အတွင်း။

(၆)လ တစ်ကြိမ်

(၆)လ တစ်ကြိမ်

ကုမၸဏီ တာ၀န္ခံကုမၸဏီ တာ၀န္ခံ စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှု အပါအဝင် အလုပ် အကိုင် အခြေ အနေ ·   ကုမ္ပဏီမှ ဝန်ထမ်းလုပ်သားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးမှု အခြေအနေ။

·   လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ။

·   ကုမ္ပဏီ ဝန်ထမ်း/ လုပ်သားများ၏ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် မတော်တဆထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းများ။

စီမံကိန်း ဧရိယာ။

စီမံကိန်း ဧရိယာ။

စီမံကိန်း ဧရိယာ။

(၂)လ တစ်ကြိမ်

(၂)လ တစ်ကြိမ်

(၂)လ တစ်ကြိမ်

ကုမၸဏီ ေဆးမွဴးကုမၸဏီ တာ၀န္ခံ

ကုမၸဏီ တာ၀န္ခံ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

ယာဉ်မတော် တဆဖြစ်ပွားမှု ·   ဒေသတွင်း ဆက်သွယ်ရေးလမ်းများ အခြေအနေ။

·   ယာဉ်မတော်တဆ ဖြစ်ပွားခြင်း မှတ်တမ်းများ။

·   ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုမှတ်တမ်း များ။

ကန်တောင် ကျည်တောက် ပေါက်ဒေသ။

ကန်တောင် ကျည်တောက် ပေါက်ဒေသ။     ကန်တောင် ကျည်တောက် ပေါက်ဒေသ။

(၂)လ တစ်ကြိမ်

(၂)လ တစ်ကြိမ်

(၂)လ တစ်ကြိမ်

ကုမၸဏီ တာ၀န္ခံကုမၸဏီ တာ၀န္ခံ

ကုမၸဏီရံုး တာ၀န္ခံ

စီမံကိန်း ဒါရိုက်တာ

စီမံကိန်း

ဒါရိုက္တာ

စီမံကိန်း ဒါရိုက်တာ

အန္တရာယ်များ သော ပစ္စည်းများ နှင့် စက်သုံးဆီ များ စီမံခန့်ခွဲမှု ·   အန္တရာယ်များသော ပစ္စည်းများအား သိုလှောင်၊ သိမ်းဆည်း၊ ကိုင်တွယ် အသုံးပြုခြင်း မှတ်တမ်း။

·   ဝန်ထမ်း/လုပ်သားများ ဘေးဖြစ်စေ နိုင်သည့် ပစ္စည်းများအား ကိုင်တွယ် နည်းသင်တန်းပေးခြင်း မှတ်တမ်း။

စီမံကိန်း ဧရိယာ။

စီမံကိန်း ဧရိယာ။

(၃)လ တစ်ကြိမ်

(၃)လ တစ်ကြိမ်

ကုမၸဏီ တာ၀န္ခံကုမၸဏီ တာ၀န္ခံ စီမံကိန်း ဒါရိုက်တာ

စီမံကိန်း ဒါရိုက်တာ

 

၁.၅ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏အတည်ပြုစာပါစည်းကမ်းချက်များ

အဆိုပြုစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်လိုက်နာဆောင် ရွက်မှု သက်သေခံလက်မှတ်(ECC) ထုတ်ပေးနိုင်ခြင်းမရှိသေးသောကြောင့်   (၂၁.၈.၂၀၁၉) ရက်စွဲပါစာ အမှတ် အီးအိုင်အေ-၂/ သတ္တု (၁၆၅၃/၂၀၁၉)ဖြင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာအား အတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အတည်ပြုစာတွင်  ဖော်ပြထားသော လိုက်နာဆောင်ရွက်  မည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)       စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းအဆိုပြုသူ ကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်း ကိုယ်စား လှယ်လုပ်ငန်း ဆောင်ရွက်သော (သို့မဟုတ်) စီမံကိန်းအဆိုပြုသူကခန့်အပ်၊ ငှားရမ်း လုပ်ပိုင်ခွင့်ပေးအပ်ထားသော ကန်ထရိုက်တာများ၊ လက်ခွဲကန်ထရိုက်တာများ၊ အရာရှိများ၊ (လုပ်သား) ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားပြုသူများနှင့် အကြံပေးပုဂ္ဂိုလ်များကဖြစ်စေ၊ ပြုလုပ်သော (သို့မဟုတ်) ပျက်ကွက်သော လုပ်ငန်းများအားလုံးအတွက်လည်းကောင်း၊ ဆိုးကျိုးထိခိုက်မှုအားလုံးအတွက်လည်းကောင်း စီမံကိန်းအဆိုပြုသူက ဥပဒေအကြောင်းအရနှင့် ငွေရေးကြေးရေးအရအပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်။

( ခ )      အခန်း(၅)တွင် ဆောင်ရွက်ထားသော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာဆောင် ရွက်ရန်။

( ဂ )      အမှုန်အမွှားများ ထွက်ရှိမှုနှင့် ဆူညံသံနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ  အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေလမ်းညွှန်ချက်ပါ သတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဃ)       စွန့်ပစ်မြေစာ၊ စွန့်ပစ်ရေနှင့်စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက် အပိုဒ် (၂.၇.၂) သတ်မှတ်ချက်နှင့်အညီ သန့်စင်ပြီးမှ စွန့်ထုတ်ရန်။

( င )      အလုပ်စခန်းများ၊ မိလ္လာစနစ်များ၊ အိမ်တွင်းရေဆိုးနှင့် အမှိုက်ပုံများအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်သွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေလမ်းညွှန်ချက်ပါ သတ်မှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက်ရန်။

( စ )      ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ္တုတွင်းဥပ  ဒေ ၊ ပုဒ်မ(၁၃)၊ သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ(၁၄၇-ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဆ)       အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြထားသော ကန်ထရိုက်တာများနှင့် သက်ဆိုင်သည့်  စည်းကမ်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာတွင်သတ်မှတ်ဖော်ပြထားသည့် ကုစားပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

( ဇ )      ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ၊ နောက်ဆက်တွဲ(ဃ-၂)တွင် ဖော်ပြထား  သောပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့်     လုပ်ငန်းအစီ  အစဉ်များ ကတိကဝတ်အကျဉ်းချုပ်ဇယားအတိုင်း အလေးထားလိုက်နာ ဆောင်ရွ်ရန်။

( စျ )      ဆူညံသံအတွက် စီမံကိန်းဧရိယာပြင်ပရှိ အနီးဆုံးလက်ခံသည့်နေရာတွင် အခြေခံအ  ဆင့်မှ အများဆုံးမြင့်တက်မှု 3 dBA ထက်မကျော်လွန်စေရန်နှင့် မည်သည့် ဖောက်ခွဲမှုတွင်မဆို 120 dB Linear  ထက်မကျော်လွန်စေရန်၊ မြေတုန်ခါမှုအတွက် 5mm/s  (Peak Particle Velocity – ppv) ထက်မကျော်လွန်စေရန်နှင့် ဖောက်ခွဲခြင်းကို နေ့အလင်းရောင်ရှိသည့် အချိန်တွင်သာပြုလုပ်ရန်။

(ည)       အပေါ်ယံမြေလွှာ၊ စွန့်ပစ်မြေစာ၊ မြေစာပုံများစသည့် စွန့်ပစ်ပစ္စည်းစုပုံမည့်နေရာ ရွေး ချယ်ခြင်း၊ ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ -အက်စစ်ရေစီးဆင်းမှု၊ အဆိပ်သင့် မြေစာပုံများ)နှင့် သတ္တုတွင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့် စွန့်ပစ် မြေစာများ ရေရှည်တည်ငြိမ်ရေး၊ ပြိုကျမှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေ ရေးတို့ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဋ )      မြေတိုက်စားနိုင်မှု ဖြစ်နိုင်သောနေရာများကို မြေတိုက်စားမှု ကာကွယ်ထိန်းချုပ်ရန်နှင့်  ညစ်ညမ်းမှုရှိသည့် ဧရိယာများကို ပြန်လည်ထူထောင်ရန်။

( ဌ )      သတ္တုတွင်းလုပ်ငန်းများအတွက် ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်းဥပဒေ၊ ပုဒ်မ(၁၆)၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေများ(၁၅၃)၊ (၁၅၄) ပါ သတ်မှတ်ချက်များကို လေးထားလိုက်နာ ဆောင်ရွက်ရန်။

( ဍ )      ထွက်ရှိစွန့်ပစ်ပစ္စည်း (အရည်၊အစိုင်အခဲ၊အငွေ့) စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကိုင် တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့အတွက် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်။

( ဎ )      လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန်နှင့် လုပ်သား များအတွက် အကာအကွယ်ပစ္စည်းများ၊ နေထိုင်မှုစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင် အခြေအနေစသည်တို့အတွက် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်။

(ဏ)      စီမံကိန်းအဆိုပြုသူသည် ဒေသခံများနှင့် ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းစဉ်များ၊ တိုင်ပင်ဆွေးနွေးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ထိုအစီအစဉ်တွင် အောက်ပါအချက်အလက်များ ပါဝင်ရမည်-

(၁)      ဖောက်ခွဲခြင်းလုပ်ငန်းများအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ဆောင်ရွက်မည့်လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးရန်။

(၂)      တည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှုလမ်းကြောင်းများ၊ ယာဉ်သွားလာမှုကြောင့် ဖြစ်နိုင်သော အနှောင့်အယှက်များ၊ ပတ်ဝန်းကျင်သာယာုအပေါ်ထိခိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသခံများသို့ ကြိုတင်အသိပေးရန်။

(တ)       စီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ခံစားရမည့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင်ခန့်ထားခြင်း၊ ရေရှည်လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်    ဘေးအန္တရာယ်ကင်းရှင်းရေးတို့အား ဆောင်ရွက်ပေးရန်။

(ထ)       ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ နစ်နာမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။

( ဒ )      သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆမှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံ  ပြည်သူများနှင့် ပူးပေါင်း၍ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးနှင့် စီမံခန့်ခွဲရေးစီမံချက် တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဓ )      စီမံကိန်းကြောင့် ပျက်စီးသွားသည့်နေရာများတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့် ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူကြီးကြပ် ဆောင်ရွက်ရန်။

( န )      ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပြင် အောက်ဖော်ပြပါ ကိစ္စရပ်များ    ဖြစ်ပွားပါက ဝန်ကြီးဌာနသို့ နှောင့်နှေးမှုမရှိစေဘဲ အစီရင်ခံတင်ပြရမည် –

(၁)      ပစ္စည်းကိရိယာများ သို့မဟုတ် နည်းစနစ်များ မှားယွင်းအလုပ်လုပ်ခြင်း၊ ပျက်စီးခြင်း (သို့မဟုတ်) အလုပ်မလုပ်တော့ခြင်း။

(၂)      သိသာထင်ရှားသော ညစ်ညမ်းမှုဖြစ်ပေါ်စေခဲ့သော (သို့မဟုတ်) ဖြစ်ပေါ်နေစေသော (သို့မဟုတ်) ဖြစ်ပေါ်စေနိုင်သော မတော်တဆမှုတစ်ခု ဖြစ်ပွားခြင်း (သို့မဟုတ်) ထုတ်လုပ်မှု ကန့်သတ်တန်ဖိုးဖြင့် ထိန်းချုပ်ထားခြင်းမရှိသည့် အရာဝတ္တု တစ်ခုထုတ်လွှတ်ခြင်း။

(၃)      သတ်မှတ်ဖော်ပြထားသည့် ကန့်သတ်တန်ဖိုးတစ်ခုခုကို ကျော်လွန်ခြင်း။

(၄)      ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးတို့အပေါ် သိသာထင်ရှားသော  ဆိုးကျိုးသက်ရောက်မှုများ။

( ပ )      ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသယံဇာတများအား ထိခိုက်မရှိစေရေး ကာကွယ်ပေးရန်နှင့်                  စီမံကိန်းအကောင်အထည်ဖော်စဉ်အတွင်း ရှာဖွေတွေ့ရှိသည့် ယဉ်ကျေးမှု သယံဇာတများအတွက် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာသို့ အကြောင်းကြား အပ်နှံရန်။

( ဖ )      ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအစီရင်ခံစာ၊  အခန်း(၁၁)တွင် ဖော်ပြထားသောအောက်ဖော်ပြပါ လိုက်နာမှတ်များတွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်မည့် Parameter များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် အောက်ဖော်ပြပါ ပတ်ဝန်းကျင်နှင့်            လူမှုဆိုင်ရာ စီမံခန့်ခွဲရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။

(၁)      စွန့်ထုတ်အရည် လိုက်နာမှတ်

Latitude : 22 ံ 42’ 2.32”N, Longitude : 96 ံ1’ 27.27” E

(၂)      စွန့်ထုတ်အစိုင်အခဲ လိုက်နာမှတ်

                          Latitude : 22 ံ 42’ 13.18”N, Longitude : 96 ံ1’ 21.62” E

(၃)      လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ကနဦးပတ်ဝန်း                      ကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ အခန်း(၁၁)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအ                       စဉ်တွင် ဖော်ပြထားသည့် စောင့်ကြပ်ကြည့်ရှုမည့်နေရာများနှင့် အကြိမ်အရေ                             အတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း (၆)၊ လက်ရှိအရည်အသွေး                           ကောက်ယူခဲ့သည့် နေရာများတွင်(၆)လတစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်                           ရှုရန်။

(၄)      ဆူညံသံနှင့် တုန်ခါမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ကနဦးပတ်ဝန်း                      ကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ အခန်း(၁၁)၊ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်                             တွင်ဖော်ပြထားသည့်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအ                       ရည်အသွေးကောက်ယူခဲ့သည့်နေရာများတွင် ဆူညံမှုနှုန်းနှင့် တုန်ခါမှုနှုန်း                               (ပြင်းအား)တို့ကို စောင့်ကြပ်ကြည့်ရှုရန်။

(၅)      မြေပေါ်ရေ အရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ကနဦးပတ်                          ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစား၊ အခန်း(၁၁)၊ စောင့်ကြပ်ကြည့်ရှုခြင်း အစီ                          အစဉ်တွင်ဖော်ပြထားသည့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး                       (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့်                             နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း                           (၆)၊ လက်ရှိအရည်အသွေး ကောက်ယူခဲ့သည့်နေရာများတွင် (၆)လ တစ်ကြိမ်                               တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၆)      မြေအောက်ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ကနဦး                      ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ အခန်း(၁၁)၊ စောင့်ကြပ်ကြည့်ရှုမည့်                      အစီအစဉ်တွင် ဖော်ပြထားသည့်လိုက်နာမှတ်များ၊ အမျိုးသားပတ်ဝန်းကျင်                     ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ Parameter များ၊                            စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအရည်အသွေးကောက်ယူခဲ့သည့်                              နေရာများတွင် (၆)လတစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၇)      ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ အခန်း(၁၁)၊ စောင့်ကြပ်ကြည့်                             ရှုခြင်း အစီစဉ်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဘေးအန္တရာယ်ရှိ စွန့်ပစ်                               ပစ္စည်းများနှင့် ပတ်သက်၍ (၃)လ တစ်ကြိမ်စောင့်ကြပ်ကြည့်ရှုရန်။

( ဗ )      စောင့်ကြပ်ကြည့်ရှုမည့်နယ်ပယ် (ရေ၊ လေ၊ ဆူညံသံ)များ၊ နည်းစနစ်များ၊ နမူနာစု             ဆောင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ စောင့်ကြပ်တိုင်းတာမည့်နေရာ၊ အကြိမ်အရေအ             တွက်၊ အချိန်ဇယားနှင့်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံခြင်းစသည်တို့ကို ရေးဆွဲအကောင်                   အထည်ဖော်ဆောင်ရွက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်               ကြီးဌာနသို့ (၆)လတစ်ကြိမ် တင်ပြရန်နှင့် အများပြည်သူသိရှိစေရန် ဝန်ကြီးဌာနသို့          တင်ပြသည့်နေ့ရက်မှ(၁၀)ရက်အတွင်း ထုတ်ဖော်ကြေညာရန်။

(ဘ)       မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို(IEE)တွင် ဖော်ပြထားသည့် သတ္တုတွင်းပိတ်သိမ်း                 ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လုပ်ငန်းစတင် ဆောင်ရွက်စဉ်ကပင် ကြို             တင်စီစဉ်ထားရှိ လိုက်နာဆောင်ရွက်ရန်နှင့် စီမံကိန်းအဆိုပြုသူသည် သတ္တုတွင်းနည်း           ဥပဒေများ၊ နည်းဥပဒေ ၁၈၆(ဃ)ပါ ပြဌာန်းချက်နှင့်အညီ ပိတ်သိမ်းရန် စီစဉ်ထားသည့်              အချိန်မတိုင်မီ (၁)နှစ်ထက် နောက်မကျစေဘဲ အပြီးသတ်ပိတ်သိမ်းခြင်း အစီအစဉ်ကို                 တင်ပြရန်။

( မ )      သတ္တုတွင်းပိတ်သိမ်းခြင်းကို သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ (၁၈၅၊ ၁၈၆၊                ၁၉၂ )နှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်နှင့် သတ္တု            တွင်းပိတ်သိမ်းခြင်းနှင့်  ပြန်လည်ထူထောင်ခြင်း  လုပ်ငန်းများအတွက် ရန်ပုံငွေထူ             ထောင်ထားရန်။

(ယ)       အတည်ပြုထားသည့်  ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း  အစီရင်ခံစာ          (Initial              Environmental Examination – IEE) ကို  အများပြည်သူ  ဖက်ရှု/သိရှိနိုင်ရေး ကုမ္ပ             ဏီ Website/ သင့်တော်သည့်နည်းလမ်း) တို့တွင် လွှင့်တင်ထားရှိရန်။

( ရ )      စီမံကိန်းအဆိုပြုသူသည် ယင်း၏တာဝန်များပျက်ကွက်မှု (သို့မဟုတ်) အခြားလုပ်ငန်း              များဆောင်ရွက်ရန်ပျက်ကွက်မှု (သို့မဟုတ်) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်             နာဆောင်ရွက်မှု သက်သေခံလက်မှတ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အားလိုက်           နာဆောင်ရွက်ရန် ပျက်ကွက်မှုများကို ဖြစ်နိုင်သမျှ ဆောလျင်စွာစာဖြင့်အသိပေးရ              မည်။ ပျက်ကွက်မှုတစ်ခုခုကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု ဖြစ်လာနိုင်သည့်            ကိစ္စ (သို့မဟုတ်) ဝန်ကြီးဌာနကအမြန်လိုအပ်သည့်ကိစ္စကို (၂၄)နာရီအတွင်းလည်း              ကောင်း၊ အခြားကိစ္စများအားလုံးတွင် စီမံကိန်းအဆိုပြုသူက ယင်းဖြစ်စဉ်ဖြစ်ရပ်ကို                   စတင်သိရှိသည့် အချိန်မှ (၇)ရက်အတွင်းလည်းကောင်း ဝန်ကြီးဌာနသို့ အသိပေးတင်                   ပြရန်။

(လ)       စီမံကိန်း၏ အရွယ်အစား၊ နယ်ပယ်အတိုင်းအတာ၊ တည်နေရာ၊ အခင်းအကျင်း၊ နည်း                 ပညာ၊ ကြိုတင်မျှော်မှန်းနိုင်သော ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်လာသည့်အန္တ             ရာယ်၊ ထုတ်လုပ်မှုနည်းလမ်း (သို့မဟုတ်) ညစ်ညမ်းမှု တားဆီးရန် (သို့မဟုတ်) လျှော့       ချရန်ဆောင်ရွက်မှုတို့တွင် အဓိက ပြောင်းလဲခြင်း (သို့မဟုတ်) တို့ချဲ့ခြင်း (သို့မဟုတ်)              ဒုတိယတိုးချဲ့ဆောင်ရွက်ရန် အဆိုပြုခြင်းဖြစ်ပါက စီမံကိန်း အဆိုပြုသူသည် သတ်                မှတ်ထားသော အချိန်ဇယားအတွင်း ပြောင်းလဲမှုများ၏ သတင်းအချက်အလက်များ                   နှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရန်။

အခန်း(၂)

စီမံကိန်းအကြောင်းအရာဖော်ပြချက်

၂.၁.စီမံကိန်းတည်နေရာ

ထွန်းရွှေစင်ကုမ္ပဏီ၏ နိုင်ငံတော်နှင့်အကျိုးတူ အသေးစားရွှေသတ္တုတူးဖော်ရေး စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက် ပေါက်ကျေးရွာအနီး၊ မြေပုံအညွှန်း (22 ံ42’ 07.14”N)၊ (96 ံ 01’ 23.72”E) တွင်တည်ရှိပြီးအကျယ် အဝန်းအားဖြင့်(၁၇)ဧကကျယ်ဝန်းပါသည်။ စီမံကိန်းတည်နေရာပြမြေပုံများအား နောက်ဆက်တွဲ(က) တွင်ဖော်ပြထားပါသည်။

၂.၂ စီမံကိန်းသက်တမ်းလျာထားချက်

နိုင်ငံတော်နှင့်အကျိုးတူ ထွန်းရွှေစင်ကုမ္ပဏီ (SGU-269)၏ အသေးစားရွှေသတ္တုတူးဖော်ခြင်း စီမံ ကိန်းသည် တည်ဆောက်ရေးအဆင့်ဖြစ်ပြီး ရွှေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရခြင်းမရှိ သေးပါ။ သတ္တုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာနှင့်အရ စီမံကိန်းသက်တမ်းကာလ(၁၅)နှစ် လျာထားပြီး မိုင်းပိတ်သိမ်းခြင်းနှင့် ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်(၅) နှစ်လျာထားပါသည်။ စီမံကိန်းအဆင့်အလိုက် ဆောင်ရွက်မည့် လုပ်ဆောင်ချက်များနှင့် လျာထားသည့် ကာလများကို ဇယား(၂.၁)တွင် ဖော်ပြထားပါသည်။

ဇယား(၂.၁)                      စီမံကိန်းသက်တမ်းလျာထားချက်ပြဇယား

စီမံကိန်းအဆင့် လုပ်ဆောင်ချက်များ လျာထားသည့်ကာလ
တည်ဆောက်ရေးအဆင့် စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံအ ဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြေ အောက်အင်းတူးဖော်ခြင်း၊ မြေအောက်လှိုဏ် ခေါင်းများ ဆောက်လုပ်ခြင်း။ ၃ နှစ်
လုပ်ငန်းလည်ပတ်အဆင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း။ ၁၂ နှစ်
လုပ်ငန်းပိတ်သိမ်းအဆင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊

အခြေခံအဆောက်အဦများဖျက်သိမ်းခြင်း၊ မြေယာဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ စိမ်းလမ်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၃ နှစ်
စောင့်ကြပ်ကြည့်ရှုသည့်အဆင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက် ရောက်မှုများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိခိုက်မှုလျှော့ချရေး အစီအစဉ်များ ဆောင်ရွက်ခြင်း။ ၅ နှစ်

၂.၃ စီမံကိန်းတည်ဆောက်ရေးဆောင်ရွက်မှုများ

၂.၃.၁ အဆောက်အဦးများ

၀န်ထမ်း/လုပ်သားအိပ်ဆောင် (၂)လုံး၊ စားဖိုဆောင် (၁)ဆောင်၊ ပစ္စည်းသိုလှောင်ရုံ (၁) လုံး၊ လုံခြုံရေးအဆောက်အဦ (၂)လုံး၊ စက်ပြင်အလုပ်ရုံ (၁)လုံး ဆောက်လုပ်အသုံးပြု လျက်ရှိ ပါသည်။ ဆောက်ထားသော အဆောက်အဦများမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာဖြင့် ယာယီ အဆောက်အဦများဖြစ်ပြီး အလျား(၄၀)ပေ၊ အနံ(၂၀)ပေခန့်သာ ရှိပါသည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု ပေ(၃၀)မှ ပေ(၁၀၀) အတွင်းခြား၍ တည်ဆောက်ထားပါသည်။

၂.၃.၂ အသုံးပြုသည့်စက်ယန္တရားများ

စီမံကိန်းတည်ဆောက်ရေးအဆင့်တွင် စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံအ ဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော်ခြင်း၊ မြေအောက်လှိုဏ်ခေါင်းများ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး အောက်ပါစက်ယန္တရားများ အသုံးပြုပါသည်။

ဇယား(၂.၂)

စဉ် အမျိုးအစား အရေအတွက်
ဘက်ဟိုး ၁ စီး
မြေသယ်ယာဉ် ၃ စီး
လက်ကိုင်ကျောက်ဖောက်စက် ၃ လုံး
သယ်ယူပို့ဆောင်ရေးယာဉ် ၂ စီး
၀င့်မော်တာ ၁ လံုး
မီးစက် ၃ လံုး
လေမှုတ်စက် ၂ လံုး
ရေစုပ်စက် ၂ လံုး

 

၂.၃.၃ ဝန်ထမ်းအရေအတွက်

စီမံကိန်းတည်ဆောက်ရေးတွင် ခန့်ထားသော ဝန်ထမ်းအရေအတွက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  

ဇယား (၂.၃)

စဉ် ရာထူး ဦးေရ
စီမံကိန်းတာဝန်ခံ ၁ ဦး
စီမံကိန်း ကြီးကြပ်ရေးမှူး ၂ ဦး
ဘူမိဗေဒပညာရှင် ၁ ဦး
သတ္တုတွင်း အင်ဂျင်နီယာ ၂ ဦး
ဆောက်လုပ်ရေး အင်ဂျင်နီယာ ၁ ဦး
စက်ယန္တရား အင်ဂျင်နီယာ ၁ ဦး
ဆောက်လုပ်ရေးလုပ်သား ၁၀ ဦး
၀င့်မောင်း ၂ ဦး
မိုင်းခွဲဆရာ ၂ ဦး
၁၀ မိုင်းခွဲလုပ်သား ၄ ဦး
၁၁ လက်ကိုင်ကျောက်ဖောက်စက်လုပ်သား ၂ ဦး
၁၂ စက်ကြီးမောင်း ၂ ဦး
၁၃ ယာဉ်မောင်း ၂  ဦး
၁၄ စာရင်းကိုင် ၂ ဦး
၁၅ အေထြေထြလုပ္သား ၉ ဦး
၁၆ လုံခြုံရေး ၄ ဦး
၁၇ ကျန်းမာရေးမှူး ၁ ဦး
၁၈ စားရိပ္သာ ၂ ဦး
စုစုပေါင်း ၅၀ ဦး

၂.၃.၄  ရေအသုံးချမှုနှင့် ရေရရှိမှု

(၂၀၂၀) မေလမှ (၂၀၂၀) အောက်တိုဘာလအထိ ကောက်ယူရရှိထားသော အချက် အလက်များ အရစီမံကိန်းတည်ဆောက်ရေးကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်၊ လုပ်သားများအသုံးပြုရန်၊ လုပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကာကွယ်ခြင်းအတွက် အသုံး ပြုရန်၊ ဒေသခံပြည်သူများသို့ ပေးဝေရန်တို့အတွက် ပျမ်းမျှအားဖြင့် တစ်လလျှင်ရေဂါလံ (၅၇၅၀၀)ခန့် အသုံးပြုပါသည်။ စီမံကိန်းအတွက် လိုအပ်သောရေကို ပင်မအင်းတူးဖော်ခြင်း မှ ထွက်ရှိသော မြေအောက်ရေကို ရေစုပ်စက်ဖြင့်စုပ်တင်ပြီး မြောက်လတ္တီတွဒ် (22  ံ42’ 05.07’’ N)၊ အရှေ့လောင်ဂျီကျု (96  ံ01’ 21. 63’’E)ရှိ (အလျား ၁၂ပေ x အနံ ၈ပေ x အနက် ၈ ပေ) ကွန်ကရစ်ရေကန်ဖြင့် သိုလှောင်ကာ အသုံးပြုပါသည်။ သောက်ရေအတွက် ပင်မအင်းတူးဖော် ခြင်းမှထွက်ရှိသော မြေအောက်ရေအား ရေသန့်စက်ဖြင့်သန့်စင်၍ အသုံးပြုပါသည်။ ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ ပုဒ်မ(၁၆)၊ နည်းဥပဒေ(၁၅၃)၊ (၁၅၄)ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မည် ဖြစ်ပါသည်။ စီမံကိန်း၏ တစ်လလျှင်အသုံး ပြုသော ပျမ်းမျှရေပမာဏအား ဇယား(၂.၄)တွင် ဖော်ပြထားပါသည်။

                ဇယား(၂.၄)    ရေအသုံးပြုမှုပမာဏပြဇယား

စဉ် အသုံးပြုနေရာ အသုံးပြုသော ပမာဏ
(Gallon)
သောက်သုံးရေ ၂၀၀၀၀
လုပ်ကွက်တူးဖော်ခြင်းနှင့် မြေယာပြန်လည် ပြု ပြင်ခြင်းတွင်အသုံးပြုရန်) ၁၅၀၀၀
တူးဖော်ရေး လုပ်ငန်းစဉ်များ အသုံးပြုရန် ၂၀၀၀
မီးဘေးကာကွယ်ရန် ရေ ၈၀၀၀
ဒေသခံပြည်သူများသို့ ပေးဝေသော ရေ ၁၂၅၀၀
စုစုပေါင်း ၅၇၅၀၀

၂.၃.၅ စက်သုံးဆီအသုံးပြုမှု

(၂၀၂၀) မေလမှ (၂၀၂၀) အောက်တိုဘာလအထိ အထိ ကောက်ယူရရှိခဲ့သော အချက် အလက်များအရ စီမံကိန်းတွင်အသုံးပြုသော ယာဉ်/ယန္တရားများ လည်ပတ်ရန်အတွက် တစ်လ လျှင်(ပျမ်းမျှ) စက်သုံးဆီအသုံးပြုမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဇီဇယ် ၆၅၀ ဂါလံ
  • ဓါတ္ဆီ ၁၅၀ ဂါလံ
  • အင်ဂျင်ဝိုင် ၅၀ ဂါလံ
  • ဟိုက်ဒြောလစ်ဆီ ၅၀ ဂါလံ
  • Coolant water ၅၀ ဂါလံ

၂.၃.၆ ယမ်းနှင့်စပ်ဆက်ပစ္စည်းများအသုံးပြုမှု

ပင်မလှိုဏ်တူးဖော်ခြင်းအတွက် ယမ်း (Emulsion Explosive)၊ အနှေးယမ်းကြိုး (Safety Fuse)၊ အမြန်ယမ်းကြိုး၊ စနက်တံ (Detonator)တို့ကို  အသုံးပြု၍ မိုင်းခွဲဖယ်ရှားခြင်း နည်း လမ်းဖြင့် ပြုလုပ်သွားပါသည်။  တစ်လလျှင်ယမ်း  (Ammonium nitrate) (၂၀၀)ကီလိုခန့်၊ စနက် တံ (၁၅၀၀)ခု၊ အနှေးယမ်းကြိုး (၄၀၀)မီတာခန့်၊ အမြန်ယမ်းကြိုး (၁၀၀၀)မီတာခန့် အသုံးပြုပါ သည်။ ယမ်းဖောက်ခွဲမှု တစ်ရက်လျှင်(၂)ကြိမ်နှုန်းဖြင့်ဆောင်ရွက်ပြီး  Secondary Blastingကို လုပ်ငန်းလိုအပ်ချက်ရှိမှသာ ဆောင်ရွက်ပါသည်။ စီမံကိန်းသည် တည်ဆောက်ရေးအဆင့်ဖြစ်ပြီး အခြားဓါတုပစ္စည်းများ သုံးစွဲခြင်းမရှိပါ။

အခန်း(၃)

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း

၃.၁ လေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းဆောင်ရွက်ရာတွင် ဘက်ဟိုး၊ မြေသယ်ယာဉ်၊ မီးစက်စသော စက်ယန္တရားများမောင်းနှင် ခြင်းမှ carbon monoxide, sulfur dioxide ဓါတ်ငွေ့များထွက်ရှိပြီး ယမ်းဖောက်ခွဲခြင်းမှ nitrogen dioxide ဓါတ်ငွေ့များထွက်ရှိပါသည်။ စီမံကိန်းလုပ်ကွက်အတွင်း ယာဉ်များဝင်ထွက် သွားလာခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့မှ ဖုန်မှုန့်၊ ကျောက်မှုန့်၊ လွှစာမှုန့် စသောအမှုန်အမွှားများ ထွက်ရှိပါသည်။ အခိုးအငွေ့နှင့် အမှုန်အမွှားများသည် လေထုအရည်အသွေးကို ကျဆင်းစေပြီး အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် စီမံကိန်းတည်ဆောက်ရေးကာလတွင်ထွက်ရှိသော အခိုးအငွေ့နှင့် အမှုန်အမွှားများ သည် လေထုအရည်အသွေးအပေါ် သက်ရောက်မှုမည်မျှရှိသည်ကို သိရှိနိုင်ရန်၊ ထိခိုက်မှုလျော့ပါးစေ ရေးအကောင်အထည်ဖော် ဆောင်ရွက်မှုများ သက်ရောက်မှုရှိ/မရှိ သိရှိနိုင်ရန် အမှုန်အမွှား တိုင်းတာ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၃.၁.၁ စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

လေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို IEEအစီရင်ခံစာ အခန်း(၁၁) ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်) တွင်ဖော်ပြထားသော လိုက်နာမှတ် များ၊ parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့်နေရာများနှင့် အကြိမ်အရေ အတွက်အတိုင်း ဆောင်ရွက်ပါသည်။

၃.၁.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လေအရည်အသွေးတိုင်းတာခြင်းကို Baseline Dataအဖြစ် တိုင်းတာခဲ့သောလေ အရည် အသွေးလိုက်နာမှတ် (22°42’6.9″N 96°01′ 23.3″E)တွင် ပြန်လည်တိုင်းတာမှု ပြုလုပ်ခဲ့ပါ သည်။ လေအရည်အသွေး တိုင်းတာခဲ့သည့် တည်နေရာအား ပုံ(၁.၁)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၁) လေထုအရည်အသွေးတိုင်းတာသည့်တည်နေရာပြပုံ

                

၃.၁.၃ စောင့်ကြပ်ကြည့်ရှုသည့် parameterများ

စောင့်ကြပ်ကြည့်ရှုသည့် Parameters များမှာ Baseline Data ကောက်ယူစဉ်က တိုင်း တာခဲ့သော Parameters များဖြစ်သည့် ကာဗွန်မိုနောက်ဆိုဒ်(CO) ၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်(NO2)၊ အိုဇုန်း (O3)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2)၊ အမႈန္အမႊား(PM10)၊ အမႈန္အမႊား (PM2.5) တို့ကို တိုင်းတာခဲ့ပါသည်။

၃.၁.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

         လေထုအရည်အသွေးတိုင်းတာရာတွင် Haz Scanner EPAS air quality monitoring stationအား အသုံးပြု၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက် နှင့်အညီ ၂၄နာရီ တိုင်းတာမှုပြုလုပ်ပါသည်။ လေအရည်အသွေး တိုင်းတာမှု ရလဒ်များအား နောက်ဆက်တွဲ (ဂ)ဖြင့်လည်းကောင်း ၊ CD ခွေဖြင့်လည်းကောင်း၊ Soft Copy ထည့်သွင်း ဖော်ပြထားပါသည်။

ပုံ(၁.၂) လေအရည်အသွေးတိုင်းတာမှုပြပုံ

၃.၁.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

         လေအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား (IEE) ဆောင်ရွက်စဉ်ကတိုင်း တာခဲ့သော အခြေပြုတန်ဖိုးများ(Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား(၃.၁)တွင် ဖော်ပြ ထားပါသည်။

    ဇယား(၃.၁) လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုရလဒ်

Parameters Unit Location Coordinate Monitoring Result Baseline values Guideline values Average Period
Carbon monoxide ppm 22° 42′ 6.9″N96° 01′ 23.3″E 0.169937 0.621902 9 8 hours
Nitrogen dioxide µg/m3 18.54932 26.32 200 1 hour
Ozone µg/m3 13.15416 5.34582 100 8 hours
Sulfur dioxide µg/m3 48.75375 58.7473 20 24 hours
PM 10 µg/m3 18.3909 73.1422 50 24 hours
PM 2.5 µg/m3 16.2805 53.4677 25 24 hours

၃.၁.၆ သုံးသပ်တင်ပြချက်

လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအရ အမျိုးသားပတ်ဝန်းကျင်ဆိုင် ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ သတ်မှတ်ချက်များအား ကျော်လွန်ခြင်း မရှိ သည်ကိုတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စီမံကိန်းတည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ခြင်း မှထွက်ရှိသော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်နှင့် အိုဇုန်းဓါတ်ငွေ့များ သည် ပတ်ဝန်းကျင်အပေါ် သိသာထင်ရှားသော သက်ရောက်မှုမဖြစ်စေနိုင်ပါ။ လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုပမာဏမှာ Baseline Valueအောက် အနည်းငယ်လျော့နည်း သွားသည်ကိုတွေ့ရှိရပါသည်။

လေထုအတွင်း PM10 နှင့် PM2.5 ပါဝင်မှု ပမာဏသည် Baseline Values များအောက် သိသိသာသာ လျော့နည်းသွားသည့်အပြင် လမ်းညွှန်ချက်ပါ သတ်မှတ်ချက်များအောက် လျော့နည်းသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အမှုန်အမွှားထွက်ရှိမှုလျော့ပါးစေရေး လုပ် ဆောင်ချက်များသည် အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိရပါသဖြင့် လက်ရှိအရည်အ သွေးအား ဆက်လက်ထိန်းသိမ်းရန် အကြံပြုထားပါသည်။

၃.၁.၇ ထိခိုက်မှုလျော့ပါးစေရေးဆောင်ရွက်မည့်အစီအစဉ်များ

         လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုပမာဏ လျော့ပါးစေရန် ဆာလဖာဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်သော ယာဉ်ယန္တရားများအား အသုံးပြုချိန် လျှော့ချခြင်း၊ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ထုတ်လွှတ်မှုနည်းပါးသော (Model)မြင့် ယာဉ်ယန္တရားများအား အစား ထိုးအသုံးပြုခြင်း၊ ယာဉ်ယန္တရား အရေအတွက် လျှော့ချအသုံးပြုခြင်းတို့ ဆောင်ရွက်သွားပါ မည်။

၃.၂ ဆူညံသံစောင့်ကြပ်ကြည့်ရှုခြင်း

မြေသယ်ယာဉ်၊ ဘက်ဟိုးစသော စက်ယန္တရားများမောင်းနှင်ခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်း ဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှ ဆူညံသံများထွက်ရှိပါသည်။ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများမှထွက်ရှိသော ဆူညံသံများသည် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူ လူထုအပေါ်သက်ရောက်မှုရှိမရှိသိရှိနိုင်ရန်၊ ထိခိုက်မှုလျော့ပါးစေရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ သက်ရောက်မှုရှိ/မရှိ သိရှိနိုင်ရန် ဆူညံသံတိုင်းတာခြင်းကိုဆောင်ရွက်ပါသည်။

၃.၂.၁ ဆူညံသံစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ဆူညံသံအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို (IEE)အစီရင်ခံစာ ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်) တွင်ဖော်ပြထားသောလိုက် နာမှတ် များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့်နေရာများနှင့် အကြိမ်အရေအတွက် အတိုင်း ဆောင်ရွက်ပါသည်။

 

၃.၂.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

         ဆူညံသံတိုင်းတာခြင်းကို baseline dataအဖြစ်တိုင်းတာခဲ့သော နေရာ (22° 42′ 6.63″ N 96° 01′ 22.53″ E)တွင် ပြန်လည်တိုင်းတာခဲ့ပါသည်။ ဆူညံသံတိုင်းတာခဲ့သည့်  တည်နေရာအား ပုံ(၁.၃)တွင် ဖော်ပြထားပါသည်။

                       ပုံ(၁.၃) ဆူညံသံတိုင်းတာသည့် တည်နေရာပြပုံ

၃.၂.၃ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

ဆူညံသံစောင့်ကြပ်ကြည့်ရှုရာတွင် Digital sound level အသုံးပြု၍ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး ထုတ်လွှတ်မှု လမ်းညွှန်ချက်နှင့်အညီ ၂၄နာရီ( 7am-10pm, 10pm-7am) တိုင်းတာမှုပြုလုပ်ပါသည်။

                         ပုံ(၁.၄) ဆူညံသံတိုင်းတာမှုပြပုံ

၃.၂.၄ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

ဆူညံသံအရည်အသွေးတိုင်းတာစစ်ဆေးမှုရလဒ်များအား          (IEE)ဆောင်ရွက်စဉ်ကတိုင်း တာခဲ့သော အခြေပြုတန်ဖိုးများ(Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ အောက်ပါဇယား(၃.၂)နှင့် နောက်ဆက်တွဲ (ဃ)တို့တွင် ဖော်ပြထားပါသည်။

ဇယား(၃.၂)             ဆူညံသံတိုင်းတာစစ်ဆေးမှုရလဒ်

Location Unit Monitoring result(2nd) Baseline result  Guideline values
Day(7am-10pm) Night(10pm-7am) Day(on the spot) Night(on the spot) Day(7am-10pm) Night(10pm-7am)
22° 42′ 05.27″N96° 01′ 33.37″E dBA 8.80 9.07 52.5 56.8 70 70

၃.၂.၅ သုံးသပ်တင်ပြချက်

ဆူညံသံတိုင်းတာစစ်ဆေးမှု ရလဒ်များအရ လက်ရှိဆူညံသံအရည်အသွေးသည် လမ်း ညွှန်ချက်ပါ သတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိကြောင်းကို တွေ့ရှိရပြီး Base Line အောက် သိသိသာသာလျော့ကျနေပါသည်။ အကြောင်းမှာ Base Line Data ကောက်ယူစဉ်က On the sport သာတိုင်းတာခဲ့ခြင်းဖြစ်ပြီး Mornitoring result သည် အမျိုးသား ပတ်ဝန်းကျင်ဆိုင် ရာအရည်အသွေး ထုတ်လွှတ်မှု လမ်းညွှန်ချက်နှင့်အညီ  24Hr (Day 7am -10pm, Night (10pm -7am)တိုင်းတာခဲ့ခြင်းဖြစ်ပြီး၊ ယခု (Covid-19) ကာလ Social Distinciton အရ အဆိုင်းခွဲ၍ ဆောင်ရွက်ရခြင်းကြောင့် ဆူညံသံလျော့ကျခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။

၃.၃ ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ရှိ မြေပေါ်ရေ နှင့် မြေအောက်ရေ အရည်အသွေးပေါ် ထိခိုက်မှုရှိမရှိ သိရှိနိုင်ရန် စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ရေနှင့် စီမံကိန်းပတ်ဝန်းကျင်ရှိ မြေအောက်ရေတို့အား နမူနာကောက်ယူ၍  ရန်ကုန်မြို့ရှိ Future national lab သို့ ပို့ဆောင်၍ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

၃.၃.၁ ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို (IEE)အစီရင်ခံစာ အခန်း(၁၁) ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးကာလ)တွင် ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameterများ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေ အတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ပါသည်။

၃.၃.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လုပ်ကွက်ဧရိယာအတွင်း မြေပေါ်ရေအရည်အသွေးသိရှိနိုင်ရန် စွန့်ထုတ်အရည် လိုက်နာမှတ်ဖြစ်သည့် စီမံကိန်းမှစွန့်ထုတ်သောစွန့်ပစ်ရေများ စီးဆင်းသည့် နေရာ (22 ံ42’ 58.18’’N)၊ (96  ံ 01’ 19.15’’ E)မှရေနှင့်  မြေအောက်ရေနမူနာကောက်ယူခြင်းကို (IEE) ဆောင်ရွက်စဉ်က Baseline Dataအဖြစ် ကောက်ယူခဲ့သောနေရာ (22 ံ42’ 05.07’’ N 96 ံ01’ 21.63’’E)ရှိ ပင်မလှိုဏ်တူးဖော်ခြင်းမှထွက်ရှိသော မြေအောက်ရေကို စုပ်တင်၍ လုပ်သားများ အသုံးပြုသော အများသုံးရေကန်မှရေကို နမူနာကောက်ယူ၍ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ကာ တိုင်းတာစစ်ဆေးမှုဆောင်ရွက်ပါသည်။ ရေနမူနာကောက်ယူခဲ့သည့် တည်နေရာများအား ပုံ(၃.၅)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၅) ရေနမူနာကောက်ယူသည့်တည်နေရာပြပုံ

၃.၃.၃ စောင့်ကြပ်ကြည့်ရှုသည့်parameterများ

         ရေအရည်အသွေးတိုင်းတာသည့် parameterများမှာ pH, total dissolved solid, total hardness, total alkalinity, total acidity, Sulphate, Chloride, Iron, colour, Copper, Led, Zinc တို့ဖြစ်ပါသည်။ ရေအရည်အသွေးစံသတ်မှတ်ချက်အဖြစ် မြေပေါ်စွန့်ပစ် ရေအတွက် NEQEG giudeline နှင့် မြေအောက်မှထွက်ရှိသော သောက်သုံးရေအတွက် WHO drinking water quality guideline အား အသုံးပြုပါသည်။

၃.၃.၄ စောင့်ကြပ်ကြည့်ရှုမှုမှုနည်းလမ်း

         ရေအရည်အသွေးတိုင်းတာစစ်ဆေးရန် စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေနှင့် ပင်မ အင်းတူးဖော်ခြင်းမှထွက်ရှိသော မြေအောက်ရေကို 1liter ဗူးဖြင့် နမူနာကောက်ယူ၍ ရန်ကုန် မြို့ရှိ Future National Labသို့ ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ပါသည်။

ပံု(၁.၆) မြေပေါ်စွန့်ပစ်ရေနမူနာကောက်ယူပုံ        ပုံ(၁.၇) မြေအောက်(အဝီစိရေ)နမူနာကောက်ယူသည့်နေရာ

 

၃.၃.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား IEEဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ(baseline values)၊ NEQEG guidelineပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား(၃.၃)တွင် ဖော်ပြထားပြီး မြေအောက်မှထွက်ရှိသော သောက်သုံးရေ အရည် အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား IEEဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြု တန်ဖိုးများ(baseline values)၊ WHO drinking water quality guideline ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ ဇယား (၃.၄)တွင် ဖော်ပြထားပါသည်။

ဇယား (၃.၃)       မြေပေါ်စွန့်ပစ်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm Monitoring result Baseline result Guideline values
22 ံ41’ 58 .81’’ N96  ံ01’ 19.15’’ E pH 7.3 7.3 6-9
Total dissolved solid(TDS) Mg/L 237.57 423.75 500
Total hardness as CaCO3 Mg/L 64. 50 100
Total alkalinity as CaCO3 Mg/L 121 258
Total acidity as CaCO3 Mg/L 2 4
SO(Sulphate) Mg/L 23.77 46.14
CL (Chloride) Mg/L 36 20 0.86
Iron (Fe) Mg/L 0.177 0.473
Colour Clear Clean Clear
Cu (Copper) Mg/L 0.008 0.013 0.1
Pb (Lead) Mg/L 0.015 0.1 0.05
Zn (Zinc) Mg/L 0.003 0.02 1.0

 

 

 

ဇယား(၃.၄)        မြေအောက်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm Monitoring result Baseline result Guideline values
22 ံ42’ 05.27’’ N 96 ံ01’ 33.37’’ E pH 6.9 7.6 6.5-8.5
Total dissolved solid(TDS) Mg/L 497.19 623.04 1000
Total hardness as CaCO3 Mg/L 68 86
Total alkalinity as CaCO3 Mg/L 123 326
Total acidity as CaCO3 Mg/L 4 2
SO(Sulphate) Mg/L 224.95 129.37 250
CL (Chloride) Mg/L 60 16 250
Iron (Fe) Mg/L 0.202 0.514 0.3
Colour Clear Clean Clear
Cu (Copper) Mg/L 0.010 0.024 2
Pb (Lead) Mg/L 0.029 0.067 0.01
Zn (Zinc) Mg/L 0.002 0.061 3

 

၃.၃.၆ သုံးသပ်တင်ပြချက်

မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးချက်အရ Chlorideပါဝင်မှု ပမာဏမှာ Baseline Value ထက်မြင့်တက်လာပြီး သတ်မှတ်ချက်များထက် ကျော်လွန်နေပါသည်။ Chloride ပမာဏမြင့်တက်လာခြင်းမှာ မီးဖိုချောင်စွန့်ပစ်ရေတွင် ပျော်ဝင်နေသော ဆားဓါတ် များကြောင့်ဖြစ်နိုင်ပါသည်။ TDS, Sulphate နှင့် Alkalinity ပမာဏမှာ Baseline Value များ ထက် လျော့ပါးသွားသည်ကိုတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စွန့်ပစ်ရေစီမံခန့်ခွဲမှု လုပ်ဆောင်ချက် များ ထိရောက်မှုရှိကြောင်းသုံးသပ်ပါသည်။

မြေအောက်ရေအရည်အသွေး တိုင်းတာစစ်ဆေးချက်များအရ မြေအောက်ရေတွင် Sulphate ပါဝင်မှု ပမာဏမှာ Baseline Valueထက် အနည်းငယ်လျော့ကျလာပြီး သတ်မှတ် ချက်များထက်လည်း ကျော်လွန်မှုမရှိသည်ကို တွေ့ရှိရပါသည်။

၃.၃.၇ ထိခိုက်မှုလျော့ပါးစေရေးဆောင်ရွက်မည့်အစီအစဉ်များ

         စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများကို စီမံကိန်းပြင်ပသို့ စွန့်ထုတ်ခြင်းမရှိဘဲ စီမံကိန်း ဧရိယာအတွင်း ရေဆိုးစွန့်ပစ်ကန်ပြုလုပ်၍ နေရောင်ခြည်ဖြင့် အငွေ့ပြန်ခြောက်သွေ့စေခြင်း ကြောင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိနိုင်ပါ။ မိုးရာသီတွင် စွန့်ပစ်ရေများရေစီးနှင့်အတူ စီမံကိန်းပြင်ပသို့ စီးထွက်ခြင်း မရှိစေရန် ရေဆိုးစွန့်ပစ်ကန်တွင် Run-off Cutများ ပြုလုပ်ထား ရှိပါသည်။

၃.၄ မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း                

စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့် မူလမြေထုအရည်အသွေး ကျဆင်းမှုရှိမရှိသိရှိရန် မြေထုအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ပါသည်။

၃.၄.၁ မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို IEE အစီရင်ခံစာ အခန်း(၁၁)ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးကာလ)တွင် ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameterများ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ပါသည်။

၃.၄.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် လုပ်ကွက်ဧရိယာ၏ အ လယ်ပိုင်း မြေပေါ်စီးဆင်းရေများ အနည်ပို့ချမည့် အနိမ့်ပိုင်းနေရာဖြစ်သည့် (22  ံ42’10.23″N)၊ (96  ံ01’23.02″E) မှ မြေအား နမူနာကောက်ယူပါသည်။ မြေနမူနာကောက်ယူသည့် တည် နေရာအား ပုံ(၁.၈)တွင် ဖော်ပြထားပါသည်။

ပုံ(၁.၈) မြေနမူနာကောက်ယူသည့်တည်နေရာပြပုံ

 

၃.၄.၃ စောင့်ကြပ်ကြည့်ရှုသည့် parameterများ

         မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုရာတွင် တိုင်းတာသည့် parameterများမှာ moisture, pH, organic carbon, humas, total nitrogen, Phosphorus trioxide, Potassium oxide, Sodium, Potassium, Calcium, Magnesium, cation exchange capacity တို့ဖြစ်ပါသည်။

၃.၄.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

         မြေအရည်အသွေးတိုင်းတာစစ်ဆေးရန် ပင်မအင်းပေါက်အနီးမှမြေအားနမူနာကောက် ယူ၍ မန္တလေးမြို့ရှိ မြေအသုံးချမှုဌာနသို့ ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

ပုံ(၁.၉) မြေနမူနာကောက်ယူပုံ

 

၃.၄.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုမှုရလဒ်များကို baseline dataများဖြင့် နှိုင်းယှဉ် စစ်ဆေးချက်အား ဇယား(၃.၅)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၅)      မြေအရည်အသွေးစစ်ဆေးချက်ရလဒ်

Parameters Unit Monitoring result Baseline     result
Moisture % 1.13 2.23
pH 7.31 7.82
Organic Carbon % 1.96 3.8
Humas % 4.73 5.72
Total Nitrogen % 0.62 0.4
Avaliable P2O3 Ppm 8.7 10.2
Avaliable K2O Mg/100g 43.1 48.3
Na Meq/100g 1.82 2.12
K Meq/100g 1.65 1.91
Ca Meq/100g 23.6 27.2
Mg Meq/100g 4.2 5.2
CEC Meq/100g 31.27 34.61

၃.၄.၆ သုံးသပ်တင်ပြချက်

         မြေအရည်အသွေးတိုင်းတာစစ်ဆေးချက်အရ ယခင်တိုင်းတာထားသော baseline dataများနှင့် ကွာခြားချက်အနည်းငယ်သာရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ စီမံကိန်းမှ ထွက်ရှိသော စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများကြောင့် မြေထုအရည်အသွေးအပေါ် ထိခိုက်မှုမရှိ ကြောင်း တွေ့ရှိရပါသည်။

၃.၅ အစိုင်အခဲစွန့်ပစ်ပစ္စည်းစောင့်ကြပ်ကြည့်ရှုခြင်း

၃.၅.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

         စီမံကိန်းမှစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏကို ၂၀၂၀ မေလမှ အောက်တိုဘာလ အထိ နေ့စဉ်ထွက်ရှိမှု ပမာဏကို ခန့်မှန်းခြင်းဖြင့် စာရင်းကောက်ယူတွက်ချက်ပါသည်။

၃.၅.၂ အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှု

စီမံကိန်းမှ အစိုင်အခဲစွန့်ပစ်ပစ္စည်းအဖြစ် ပင်မလှိုဏ်တူးဖော်ခြင်းမှ ထွက်ရှိသော စွန့်ပစ်မြေစာနှင့်ကျောက်စာများ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှထွက်ရှိသော သစ်သား အတိုအစ၊ ရွေဘော်စာ၊ သံတိုသံစ၊ ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ် ပစ္စည်းများ၊ လုပ်သားများမှစွန့်ပစ်သော ဘူးခွံ၊ပုလင်းခွံနှင့် ကြွပ်ကြွပ်အိတ်များ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ စသည်တို့ထွက်ရှိပါသည်။ တစ်လလျှင်ပျမ်းမျှ အစိုင်အခဲစွန့်ပစ် ပစ္စည်းထွက်ရှိမှုပမာဏအား အောက်ပါဇယား(၃.၆)တွင် ဖော်ပြထားပါသည်။

 ဇယား(၃.၆)   အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ(Metric Ton)
စွန့်ပစ်မြေစာ/ကျောက်စာ ၄၀ တန်
ဆောက်လုပ်ရေးလုပ်ငန်း ၂ တန်
လုပ်သားစွန့်ပစ်ပစ္စည်း ၁ တန်
မီးဖိုချောင် စွန့်ပစ်ပစ္စည်း ၃ တန်
အျခား ၁ တန်

၃.၅.၃ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

         ပင်မအင်းတူးဖော်ခြင်းမှထွက်ရှိသော အပေါ်ယံမြေဆီလွှာများအား သီးခြားဖယ်ရှား၍ စီမံကိန်းဧရိယာအတွင်းတွင်  စနစ်တကျစုပုံထားရှိပြီး  မိုင်းပိတ်သိမ်းချိန်တွင် မူလမြေဆီလွှာ ပျက်စီးနေသောနေရာများတွင်ဖုံးအုပ်ခြင်း ဆောင်ရွက်ပါမည်။ ရွှေပါဝင်မှုမရှိသော ကျောက်ရိုင်း ဖြုန်းများအား (22 ံ40’13.81″N, 96 ံ01’21.62″E)တွင် လှေကားထစ်ပုံသဏ္ဍန် စုပုံထားရှိပြီး လမ်း၊ တံတားနှင့်အဆောက်အဦများဆောက်လုပ်ခြင်းဆောင်ရွက်ရာတွင် လည်းကောင်း အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း အသုံးပြုပါမည်။ အင်းတူးဖော်ခြင်း မှထွက်ရှိသော ကျောက်ရိုင်းဖြုန်းများတွင် အက်စစ်စီးဆင်းမှု (acid rock drainage)ဖြစ်ပွား စေသော mineralများ မပါရှိပါ။ ကျောက်ရိုင်းမြေစာပုံကြံ့ခိုင်မှုရှိစေရန် မြေစာပုံပေါ်တွင် မြက်ပင်ခြုံပင်များ စိုက်ပျိုးထားရှိပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့်လုပ်သားသုံးစွန့်ပစ်ပစ္စည်းများအား Recycle ပြုလုပ်နိုင် သော စွန့်ပစ်ပစ္စည်းနှင့် recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများဟူ၍ ခွဲခြားထားရှိပါသည်။ Recycle ပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများအား ကျည်တောက်ပေါက်ကျေးရွာနှင့် ငါးပြားပေး ကျေးရွာရှိ အဟောင်းဆိုင်များတွင် ရောင်းချပြီး Recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများ အား Landfill ပြုလုပ်၍ စွန့်ပစ်ခြင်း၊ မီးရှို့ဖျက်စီးခြင်းများ ဆောင်ရွက်ပါသည်။ မီးဖိုချောင်စွန့်ပစ် ပစ္စည်းများဖြစ်သော အစာအကြွင်းအကျန်များ၊ အသီးအရွက်နှင့် အသားငါးအမှိုက်များကို သီးခြားအမှိုက်ပုံးဖြင့် စွန့်ပစ်စေပြီး တိရစ္ဆာန်အစာအဖြစ်အသုံးပြုရန် ကျည်တောက်ပေါက်၊ ငါးပြားပေးကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူများအား ပေးဝေပါသည်။

၃.၆ စွန့်ပစ်ရေစောင့်ကြပ်ကြည့်ရှုခြင်း

         ၃.၆.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

စီမံကိန်းမှစွန့်ပစ်ရေထွက်ရှိမှုပမာဏကို စာရင်းကောက်ယူရာတွင် ၂၀၂၀၊ မေလမှ  အောက်တိုဘာလအထိ လစဉ်ရေအသုံးပြုမှု ပမာဏအပေါ်အခြေခံ၍ တွက်ချက်ပါသည်။

၃.၆.၂ စွန့်ပစ်ရေထွက်ရှိမှု

စီမံကိန်းလုပ်ငန်းမှ စွန့်ပစ်ရေအဖြစ် လုပ်သားများချိုးရေ/သုံးရေ၊ မိလ္လာရေ၊ မီးဖိုချောင် စွန့်ပစ်ရေ၊ Wetdrilling ပြုလုပ်ခြင်းမှထွက်ရှိသောရေ၊ ယာဉ်ယန္တရားများဆေးကြောရေ စသည်တို့ထွက်ရှိပါသည်။ တစ်လလျှင်ပျမ်းမျှ စွန့်ပစ်ရေထွက်ရှိမှုပမာဏအား အောက်ပါဇယား (၃.၇)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၇)   စွန့်ပစ်ရေထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ရေအမျိုးအစား ထွက်ရှိမှုပမာဏ(gallon)
ချိုးရေ/သုံးရေ ၉၀၀၀
မိလႅာ ၃၇၀၀
မီးဖိုချောင်စွန့်ပစ်ရေ ၂၀၀၀
Wet drilling စွန့်ပစ်ရေ ၅၀၀၀
ယာဉ်ယန္တရားဆေးကြောရေ ၃၆၀၀

၃.၆.၃ စွန့်ပစ်ရေစီမံခန့်ခွဲမှု

         စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများအား စီမံကိန်းပြင်ပသို့ စွန့်ထုတ်ခြင်းမပြုဘဲ ရေနုတ်မြောင်းစနစ်ဖြင့် စီမံကိန်းဧရိယာအတွင်းရှိ စွန့်ပစ်ရေကန်အတွင်းသို့ စီးဆင်းစေပြီး နေရောင်ခြည်ဖြင့် အငွေ့ပျံခြောက်သွေ့စေပါသည်။ မိုးရာသီတွင် စွန့်ပစ်ရေကန်အတွင်းသို့ ရေများစီးဝင်၍ စီမံကိန်းပြင်ပသို့စီးထွက်မှုမရှိစေရန် စွန့်ပစ်ရေကန်အား အမြင့်၃ပေခန့်ရှိသော မြေသားတမံနှင့် အမြင့်၂ပေ အကျယ်၂ပေခန့်ရှိသော run-off cut ရေနုတ်မြောင်း ပြုလုပ်ထား ရှိပါသည်။

 

၃.၇ စွန့်ပစ်အခိုးအငွေ့စောင့်ကြပ်ကြည့်ရှုခြင်း

၃.၇.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

လေထုအတွင်းစွန့်ပစ်အခိုးအငွေ့များပါဝင်မှုပမာဏအား Haz scanner EPAS air monitoring stationအသုံးပြု၍ လေထုအရည်အသွေးတိုင်းတာခြင်းဆောင်ရွက်ပါသည်။

၃.၇.၂ စွန့်ပစ်အခိုးအငွေ့ထွက်ရှိမှု

ယာဉ်ယန္တရားများ မောင်းနှင်ခြင်းမှ ကာဗွန်မိုနောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုကာဗွန် စသောဓါတ်ငွေ့များ၊ ယမ်းဖောက်ခွဲခြင်းမှ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ အမှိုက်များမီးရှို့ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ ထွက်ရှိပါသည်။ ထို့အပြင် စီမံကိန်းအတွင်း ယာဉ်ယန္တရားများသွားလာခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ အင်းတူးဖော်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့မှ အမှုန်အမွှားများ ထွက်ရှိ ပါသည်။

၃.၈ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းစောင့်ကြပ်ကြည့်ရှုခြင်း

အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများအား အစိုင်အခဲနှင့်အရည်ဟူ၍ ခွဲခြားထားပါသည်။

၃.၈.၁ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်း(အစိုင်အခဲ)

စီမံကိန်းတွင်အသုံးပြုသော မီးသီး/မီးချောင်း၊ ဘထ္ထရီအိုးများတွင် ပြဒါးပါဝင်ခြင်း၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ Mask ၊ ဆေးခန်းသုံးလက်အိတ် စသော ဆေးခန်းသုံး စွန့်ပစ် ပစ္စည်းများတွင် ကူးစက်စေသော ရောဂါပိုးများ ကပ်ညိနိုင်ခြင်းတို့ကြောင့် ၎င်းတို့အား အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအဖြစ်သတ်မှတ်ပါသည်။ ၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တိုဘာလအထိ ကောက်ယူထားသော အချက်အလက်များအရ တစ်လလျှင်ပျမ်းမျှ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း ထွက်ရှိမှုပမာဏအား အောက်ပါဇယား(၃.၈)တွင် ဖော်ပြ ထားပါသည်။

ဇယား(၃.၈) အန္တရာယ်ရှိသော အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ(pcs)
မီးသီး/မီးချောင်း ၄ ခု
ဘက္ထၳရီ ၁ ခု
ဆေးထိုးအပ်နှင့်ဆေးထိုးပြွန် ၁၈ ခု
ဆေးခန်းသုံးလက်အိတ် ၁၀၀ ခု
Face Mask ၆၀၀ ခု
Face Shield ၁၀၀ ခု

၃.၈.၁.၁ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

ယာဉ်ယန္တရားများမှထွက်ရှိသော ဘက်ထ္ထရီများအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ အဟောင်းဆိုင်များတွင် Recycle ပြုလုပ်ရန်အတွက် ရောင်းချပါသည်။ မီးသီး/မီးချောင်းများ၊ ဆေးထိုးအပ်နှင့်ဆေးထိုးပြွန်များအား သံပေပါ အတွင်းထည့်သွင်း၍ စွန့်ပစ်ပါသည်။ Face Maskနှင့် Face shieldများအား မြေမြှုပ်၍ စွန့်ပစ်ပါသည်။

၃.၈.၂ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်း(အရည်)

ယာဉ်ယန္တရားများမှထွက်ရှိသော အင်ဂျင်ဝိုင်၊ ဟိုက်ဒြောလစ်ဆီနှင့် အက်စစ်အဟောင်း များသည် ဓာတုပစ္စည်းများပါဝင်သောကြောင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ပါသည်။  ၂၀၂၀ခုနှစ်၊ မေလမှ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလအထိ ကောက်ယူ ထားသော အချက်အလက်များအရ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်) ထွက်ရှိမှုပမာဏ အားအောက်ပါဇယား(၃.၉)တွင် ဖော်ပြထားပါသည်။

ဇယား (၃.၉) အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်) ထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ(gallon)
အင်ဂျင်ဝိုင် ၅၀ ဂါလံ
ဟိုက်ဒြောလစ်ဆီ ၅၀ ဂါလံ
အက်ဆစ် ၁၀ ဂါလံ

 

၃.၈.၂.၁ စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

ယာဉ်ယန္တရားများမှထွက်ရှိသော အင်ဂျင်ဝိုင်နှင့် ဟိုက်ဒြောလစ်ဆီ အဟောင်း များအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီ အဟောင်း ဝယ်ယူသူများထံတွင် ရောင်းချပါသည်။ အက်စစ်အဟောင်းများအား စွန့်ပစ်ရာတွင် ၂၅ဂါလံဆံ့ ပေပါပိုင်းအတွင်း ရေ၁၀ဂါလံ၊ ထုံး ၁၀ကီလိုဂရမ်နှင့် အက်စစ် ၁၀ဂါလံ ရောမွှေ၍ (၂၄)နာရီထားကာ Neutralizedလုပ်ပြီးမှ ရေဆိုးစွန့်ပစ်ကန်အတွင်းသို့ စွန့်ပစ်ပါသည်။ စက်သုံးဆီများလဲလှယ်ရာတွင် ယိုဖိတ်ခြင်းမရှိစေရန် ဆီခံခွက်များ အသုံးပြု၍ လဲလှယ်ပါသည်။

၃.၉ သဘာဝပေါက်ပင်များ စောင့်ကြပ်ကြည့်ရှုခြင်း

၃.၉.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

         စီမံကိန်းကြောင့် သဘာဝပေါက်ပင်များအပေါ် သက်ရောက်မှုရှိ/မရှိ သိရှိရန် စီမံကိန်း ပတ်ဝန်းကျင်ရှိအပင်များအား ၆လတစ်ကြိမ် စာရင်းကောက်ယူခြင်း ဆောင်ရွက်ပါသည်။ အပင်များစာရင်းကောက်ယူရာတွင်  Modified gentry plot နည်းလမ်းဖြင့် မီတာ 20×50 plot ချ၍ စာရင်းကောက်ယူပါသည်။

ပုံ(၁.၁၀) စီမံကိန်းပတ်ဝန်းကျင်ရှိအပင်များစာရင်းကောက်ယူပုံ

၃.၉.၂ စီမံကိန်းပတ်ဝန်းကျင်ရှိသဘာဝပေါက်ပင်များ

       စီမံကိန်းပတ်ဝန်းကျင်တွင်တွေ့ရှိရသော သဘာဝပေါက်ပင်များမှာ သစ်ပကန်၊ တောပင်စိမ်း၊ ဘူးချဉ်၊ ဂျာမဏီ၊ တရော်၊ တောပိတောက်၊ သဘွတ်ခါး၊ ကြက်မောက်ဖြူ၊ ကြက် မောက်၊ သစ်ပုတ်၊ မြင်ဝါး၊ မရိုး၊ ကြက်ဆူ၊ လျှော်ဖြူ၊ ကုက္ကို၊ ရေသဖန်း၊ ရဲယို တို့ဖြစ်ပါသည်။ များသောအားဖြင့် ခြုံပင်အမျိုးအစားများအားတွေ့ရှိရပြီး အပင်လတ်နှင့်အပင်ကြီးအမျိုးအစား အနည်းငယ်သာတွေ့ရှိရပါသည်။ တွေ့ရှိရသော အပင်များသည် ကျည်တောက်ပေါက် ဒေသတွင် တွေ့ရများသော အလေ့ကျပေါက်ပင်များဖြစ်ပြီး ရှားပါအပင်မျိုးစိတ်များ၊ IUCN Redlist စာရင်းဝင် အပင်များမပါရှိပါ။ စောင့်ကြပ်ကြည့်ရှုသည့်ကာလအတွင်း အပင်ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါ။

၃.၁၀ ပြန်လည်နေရာချထားခြင်းဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

         စီမံကိန်းဧရိယာသည် လူနေအိမ်ခြေများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် လွတ်ကင်းသောကြောင့် ရွှေ့ပြောင်းနေရာချထားရခြင်းများနှင့် ယဉ်ကျေးမှုအမွေနှစ်များထိခိုက်ပျက်စီးခြင်းမရှိပါ။

၃.၁၁ လူမှုစီးပွားဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းလုပ်ငန်းတွင် ဒေသခံပြည်သူများအား ခန့်အပ်ထားရှိခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာခြင်း၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကို ဒေသတွင်းမှ ဝယ်ယူအသုံးပြုခြင်းကြောင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီမှ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း (CSR)များ ဆောင်ရွက်ခြင်းကြောင့် ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။

၃.၁၂ ဒေသခံပြည်သူများနှင့်ဒေသခံအဖွဲ့အစည်းများမှတိုင်ကြားချက်များ

         တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေးကာလအတွင်း စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ ဒေသခံ ပြည်သူများနှင့် ဒေသခံအဖွဲ့အစည်းများထံမှ မကြေနပ်မှုများ၊ တိုင်ကြားချက်ဖြစ်စဉ်များ မရှိပါ။

၃.၁၃ လုပ်ငန်းခွင် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

၃.၁၃.၁ လုပ်ငန်းခွင်မတော်တဆမှုများ

တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေး ကာလအတွင်း လုပ်ငန်းခွင်မတော်တဆထိခိုက် မှုများဖြစ်ပွားခြင်းမရှိပါ။ လုပ်သားများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်တစ်       ကိုယ်ရည် ကာကွယ်ရေးပစ္စည်း (PPE)များအသုံးပြုစေခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်    ကင်းရှင်းရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပါသည်။ စက်ယန္တရားများ ချွတ်ယွင်းခြင်း      ကြောင့် မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေရန် စက်ယန္တရားများကြံ့ခိုင်မှုကိုနေ့စဉ် စစ်    ဆေးခြင်း၊ ပြုပြင်ထိမ်းသိမ်းခြင်း များဆောင်ရွက်ပါသည်။           စက်ယန္တရား မောင်းနှင်ခြင်းကိုအ          တွေ့အကြုံရှိသော ကျွမ်းကျင်စက်မောင်း၊ ယာဉ်မောင်းများအား ဆောင်ရွက်စေပါသည်။       လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတ္တုတွင်း ဥပဒေပုဒ်မ      အပိုဒ်(၁၃)၊ နည်းဥပဒေ (၁၄၇-       ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့် အညီလိုက် နာဆောင်ရွက်ပါသည်။

၃.၁၃.၂ ကူးစက်ရောဂါများ

တင်ပြသည့် စောင့်ကြပ်ကြည့်ရှုရေးကာလအတွင်း ကူးစက်ရောဂါများဖြစ်သော HIV/AIDS ရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ အဆုပ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါ စသော ရောဂါများ ဖြစ်ပွားမှုမရှိပါ။ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် လုပ်သားများအား ကျန်းမာရေးအသိပညာပေးခြင်း၊ ၆လတစ်ကြိမ် ဆေးစစ်ခြင်းများ ဆောင်ရွက်ပါသည်။ အသေးစားထိခိုက်မှုများ၊ နာမကျန်းမှုများ အတွက် စီမံကိန်းအတွင်း ဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးမှူးတစ်ဦးထားရှိပါသည်။ COVID-19 ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်လျှက်ရှိပါသည်။

ပုံ(၁.၁၁) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ

၃.၁၃.၃ အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု

စီမံကိန်းလုပ်သားများအား လုပ်ငန်းချိန်အတွင်း အရက်သောက်ခြင်းကိုတားမြစ်၍ အရက်သောက်သုံးထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှ လုပ်ငန်းခွင်အတွင်းဝင်ရောက်စေပါသည်။ စီမံကိန်းလုပ်သားများ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ ၆လတစ်ကြိမ် ဆေးစစ်၍ မူးယစ်ဆေးဝါး သုံးစွဲသော ဝန်ထမ်းအား အလုပ်မှထုတ်ပယ်ခြင်း ဆောင်ရွက်သွားပါမည်။

၃.၁၄ အန္တရာယ်ရှိသောပစ္စည်းများစီမံခန့်ခွဲမှုဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းတွင်အသုံးပြုသော စက်ယန္တရားများ လည်ပတ်ရန်အတွက်လိုအပ်သော စက်သုံးဆီ များအား ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဂါလံ(၅၀)ဆံ့ ပေပါများဖြင့် တစ်ပတ်စာလိုအပ်သောပမာဏကိုသာ ဝယ်ယူအသုံးပြုပါသည်။ ဆီပေပါများအား စက်သုံးဆီသို လှောင်ရုံအတွင်း သိုလှောင်ထားရှိပြီး မီးသတ်ဆေးဘူးများ အလုံအလောက် ထားရှိပါသည်။

ပင်မလှိုဏ်တူးဖော်ခြင်းအတွက်လိုအပ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဝယ်ယူအသုံးပြုပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သပိတ်ကျင်း မြို့နယ်၊ (၇)မိုင်တွင် တည်ရှိသော အမှတ်(၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်အတွင်းရှိ စုပေါင်းယမ်း သိုလှောင်ရုံတွင် ယာယီအပ်နှံထားရှိပြီး လုပ်ငန်းလိုအပ်ချက်အရ တစ်ပတ်တစ်ကြိမ် လုံခြုံရေးအစီ အမံများဖြင့် ထုတ်ယူသုံးစွဲပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား လုပ်ငန်းခွင်မှလွဲ၍ အခြားနေရာ များသို့ ကိုင်တွယ်သယ်ဆောင်မှုမရှိစေရန်နှင့် နေ့စဉ်အသုံးမပြုဘဲ ပိုလျှံသည့် ပစ္စည်းများအား လုပ်ကွက်တာဝန်ခံမှ ကြပ်မတ်စစ်ဆေး၍ စာရင်းနှင့်တကွ ပြန်လည်အပ်နှံခြင်း ဆောင်ရွက် ပါသည်။ ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မြန်မာ့သတ္တုတွင်း နည်းဥပဒေများ (၂၀၁၈)၊ အခန်း (၂၈)၊ ပုဒ်မ(၁၈၁)ပါ ပုဒ်မခွဲများအတိုင်း လိုက်နာဆောင်ရွက်ပါသည်။

စီမံကိန်းသည်တည်ဆောက်ရေးအဆင့်ဖြစ်သောကြောင့် ဆိုင်ရာနိုက်နှင့် အခြားအန္တရာယ် ရှိသော ဓာတုပစ္စည်းများသုံးစွဲခြင်းမရှိပါ။

၃.၁၅ ပြုပြင်ရမည့် အကြံပြုချက်များ

  • ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရာတွင် တွေ့ရှိလာသော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအား လျှော့ချမည့်အစီအစဉ်များ ဆောင်ရွက်မှုအခြေအနေနှင့် တိုးတက်မှုအခြေအနေများကို လစဉ်စောင့်ကြပ်ကြည့်ရှု၍ မှတ်တမ်းများထားရှိရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန ဝန်ထမ်းများအား ကျွမ်းကျင်မှုနယ်ပယ်အလိုက် လုပ်ငန်းတာဝန်များအားဆောင်ရွက်စေရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မှုအတွက် သင်တန်းများစီစဉ်ဆောင်ရွက်ပေးရန်။
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည် ဖော်ဆောင်ရွက်မှုများကို ကဏ္ဍအလိုက်မှတ်တမ်းများထားရှိရန်။
  • Compliance review checklist format အတိုင်း သက်ဆိုင်ရာ ကာလအလိုက် ဖြည့်သွင်း မှတ်တမ်းတင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အဆင့်ဆင့်မှ ကြပ်မတ်စစ်ဆေး သွားရန်။
  • CSR ဆောင်ရွက်မှုအခြေအနေများအား မှတ်တမ်းများထားရှိရန်။
  • ပင်မအင်းတူးဖော်ရာမှထွက်ရှိသော မြေအောက်ရေများကို စီမံကိန်းလုပ်ငန်းတွင်ပိုလျှံပါက ဒေသခံပြည်သူများအားပေးဝေရန်။
  • စီမံကိန်းပတ်ဝန်းကျင်ရှိ ရေထု၊လေထုနှင့် မြေထုတို့တွင် ပြဒါးနှင့် ဆိုင်ရာနိုက်ပါဝင်မှုကို တိုင်းတာ၍ baseline dataများအဖြစ်ထားရှိရန်။
  • ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ရာတွင် တွေ့ရှိလာသော ကောင်းကျိုး သက်ရောက်မှုများအား ဆက်လက်ထိန်းသိမ်းထားရန်။

အခန်း(၄)

နိဂုံးချုပ်

၄.၁    နိဂုံးချုပ်သုံးသပ်တင်ပြချက်

         ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ရွှေလုပ်ကွက်အမှတ် (SGU-269) နိုင်ငံတော်နှင့်အကျိုးတူ အ သေးစား ရွှေသတ္တုတူးဖော်ရေးစီမံကိန်း၏ စီမံကိန်းတည်ဆောက်ရေးအဆင့်တွင် စီမံကိန်းနှင့် ဆက်စပ် လုပ်ငန်းများနှင့် ယင်းတို့၏ ဆိုးကျိုးသက်ရောက်မှုများအား စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာန၏အတည်ပြုစာပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုများကို စောင့်ကြပ်ကြည့်ရှုခြင်း များဆောင်ရွက်ခဲ့ပြီး ဤစောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာအား ပြုစုတင်ပြခြင်း ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန် အရည်အချင်းပြည့်မီသော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဝန်ထမ်းများအား ခန့်အပ်ထားရှိပြီး ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေအလုံအလောက် ထောက်ပံ့ ထားရှိပါသည်။ စီမံကိန်းအဆင့်အားလုံးအတွက် စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများအား (၆)လ တစ်ကြိမ် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပြီး ထိုအစီရင်ခံစာများအား အများပြည်သူသိရှိနိုင်ရန်အတွက်လည်း ကုမ္ပဏီ၏ Website ဖြစ်သော (www.hss-mining.com) တွင်ထုတ်ပြန်ထားရှိပါမည်။

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် စီမံကိန်းလုပ်ဆောင် ချက်များကြောင့် ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးများဖြစ်သော လေအရည်အသွေးနှင့် မြေအောက် ရေအရည်အသွေးအပေါ် သက်ရောက်မှုအနည်းငယ်ရှိကြောင်းတွေ့ရှိရပြီး ထိခိုက်မှုလျော့ပါးရေး အစီအစဉ်များအား ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းဆောင်ရွက်မှုကြောင့် ကောင်းကျိုး သက်ရောက်မှုများအဖြစ် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများအား ဒေသတွင်းမှဝယ်ယူ အသုံးပြုခြင်းကြောင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ စီမံကိန်းကြောင့်ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သိသာထင်ရှားသော ဆိုးကျိုး သက်ရောက်မှုများမဖြစ်စေဘဲ ကောင်းကျိုးသက်ရောက်မှုများရရှိစေနိုင်ပါသည်။

                                                                      ဦးခင်မောင်အေး

                                                                      ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)

                                                                            ဝန်းကျင်ဗေဒပညာရှင်

09-421081744