မူဝါဒ၊ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်များ
စီမံကိန်းဆိုင်ရာ မူဝါဒများ
- အသေးစားနှင့် အလတ်စားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ၍ ဓါတ် သတ္တုများ ပိုမိုထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးပွားအောင် ဆောင်ရွက်ပေးနိုင်ရန်။
- ပြည်ထောင်စုတိုင်းရင်းသားများ၏အလုပ်အကိုင်အခွင့်အလမ်း (Job Opportunities) များ ဖန်တီးပေးနိုင်ရန်နှင့် အလုပ်အကိုင်လုံခြုံစိတ်ချမှု (Job Security) ဆောင်ရွက် ပေးနိုင်ရန်။
- တရားမဝင် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ လျော့နည်းစေပြီး တာဝန် ယူမှုနှင့်တာဝန်ခံမှု ရှိသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေရန်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာမူဝါဒများ
ရွှေအသေးစား တူးဖော်ထုတ်လုပ်မှု လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုမ္ပဏီမှ အောက်ဖော်ပြပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒများကို လိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ပါသည်-
- ရွှေအသေးစား တူးဖော်ထုတ်လုပ်မှုလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး အပေါ် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ထုတ်ရန်။
- ထိခိုက်မှုများအား ရှောင်လွှဲရန်နှင့် ရှောင်လွှဲ၍မရနိုင်ပါက ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး စီမံဆောင်ရွက်ရန်။
- ဆိုးကျိုးသက်ရောက်ခြင်းခံရသော လူထုနှင့်ပြင်ပမှ ကန့်ကွက်မှုများအပေါ် တုန့်ပြန် ဖြေရှင်းရန်နှင့် သင့်လျော်သလို စီမံဆောင်ရွက်ရန်။
- စွန့်ပစ်ပစ္စည်းများ အနည်းဆုံးဖြစ်စေရေးအတွက် စီမံဆောင်ရွက်ရန်နှင့် စွန့်ပစ် ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ထိခိုက်မှုများ လျော့နည်းပပျောက် စေရေးအတွက် စီမံဆောင်ရွက်ရန်။
- သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးဆောင်ရွက်ရန်၊ စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုးရေးအတွက်နှင့် မြေဆီလွှာဆုံးရှုံးမှုမရှိစေရန် မြေယာအသုံးချမှု အနည်းဆုံး ဖြစ်စေရေး အတွက် စီမံ ဆောင်ရွက်ရန်။
- ပတ်ဝန်းကျင်နှင့် လူမှုဒေသဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ရန်။
- အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးရန်။
- ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များအား လျော့နည်းစေရေးအတွက် ကြိုတင် စီမံဆောင်ရွက်ရန်။
ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများနှင့် နိုင်ငံတကာ စည်းကမ်း သတ်မှတ်ချက်များ
စီမံကိန်းလုပ်ငန်းအတွင်း ထွန်းရွှေစင်ကုမ္ပဏီလီမိတက်မှ အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန် စံညွှန်းများနှင့် နိုင်ငံတကာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်-
ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ
ရွှေသတ္တုထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် အတွက် အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်-
- အလုပ်သမားလျော်ကြေးငွေအက်ဥပဒေ (၁၉၅၁)
- ပြည်သူ့ကျန်းမာရေးဥပဒေ (၁၉၇၂)
- သစ်တောဥပဒေ(၂၀၁၈)
- တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေးဥပဒေ(၁၉၉၄)
- မြန်မာ့သတ္တုတွင်းဥပဒေ (၁၉၉၄)
- မြန်မာ့သတ္တုတွင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၅)
- မြန်မာ့သတ္တုတွင်းနည်းဥပဒေများ(၂၀၁၈)
- ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ (၂၀၀၆)
- အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁)
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)
- ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ (၂၀၁၃)
- အနည်းဆုံးအခကြေးငွေဥပဒေ (၂၀၁၃)
- ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ(၂၀၁၃)
- ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ ကာကွယ်တားဆီးရေး နည်းဥပဒေ (၂၀၁၆)
- လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဆိုင်ရာဥပဒေ(၂၀၁၈)
- အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ နည်းဥပဒေ (၂၀၁၂)
- မြေအောက်ရေအက်ဥပဒေ(၁၉၃၀)
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၁၄)
- ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅)
- အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၀၁၅)
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ(၂၀၁၅)
- The Explosives Substances Act (1908)
- The Emergency Provision Act (1950)
- လူမှုဖူလုံရေးဥပဒေ (၂၀၁၂)
အဆိုပြုလုပ်ငန်းနှင့် သက်ဆိုင်သည့် အခြားသတ်မှတ်ချက်များနှင့် နိုင်ငံတကာ စံချိန် စံညွှန်းများကိုလည်း လေးစားလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ စံချိန်စံညွှန်းများ
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ စီမံကိန်း၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေး ဆိုင်ရာစံချိန်စံညွှန်းများ ထုတ်ပြန်ထားခြင်း မရှိသေးပါ။ သို့အတွက် လက်ရှိ ချမှတ်ထားသည့် အမျိုးသားပတ်၀န်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါသည်။ အထက်ပါလမ်းညွှန်ချက်များမှ အောက်ဖော်ပြပါ စီမံကိန်းနှင့်ပတ်သက်သော ဇယားများကိုကောက်နှုတ်၍ စီမံကိန်း အတွက် အသုံးပြုလိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
စွန့်ထုတ်အရည်အဆင့်သတ်မှတ်ချက်များ
သတ္တုတွင်းနယ်မြေမှ ပြင်ပသို့စီးထွက်မည့်ရေဆိုးများ၏ အရည်အသွေး အား ထိန်းသိမ်းမည့် စံချိန်စံညွှန်းများမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်-
Parameter | Unit | Guideline Value |
Arsenic | mg/l | 0.1 |
Cadmium | mg/l | 0.05 |
Chemical oxygen demand | mg/l | 150 |
Chromium (hexavalent) | mg/l | 0.1 |
Copper | mg/l | 0.3 |
Cyanide | mg/l | 1 |
Cyanide (free) | mg/l | 0.1 |
Cyanide (weak acid dissociable) | mg/l | 0.5 |
Iron (total) | mg/l | 2 |
Lead | mg/l | 0.2 |
Mercury | mg/l | 0.002 |
Nickel | mg/l | 0.5 |
pH | S.U.a | 6-9 |
Temperature | °C | <3 degree differential |
Total suspended solids | mg/l | 50 |
Zinc | mg/l | 0.5 |
a Standard Unit
ပတ်ဝန်းကျင်လေအရည်အသွေးသတ်မှတ်ချက်
ရွှေသတ္တုတူးဖော်ထုတ်လုပ်ရာမှ လေထုညစ်ညမ်းစေနိုင်သော ဓာတ်ငွေ့များ ထွက်ရှိလာနိုင်ခြင်း၊ ဖုန်မှုန့်များ ပျံ့လွင့်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများ မရှိစေရေး အောက်ဖော်ပြပါ လေထုအရည်အသွေးများနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပါသည်-
Parameter | Averaging Period | Guideline Value
µg/m³ |
Nitrogen dioxide | 1-year
1-hour |
40
200 |
Particulate Matter PM10 | 1-year
24-hour |
20
50 |
Particulate Matter PM2.5 | 1-year
24-hour |
10
25 |
Sulphur dioxide | 24- year
10- minute |
20
500 |
ဆူညံသံ
ရွှေသတ္တုတူးဖော်ထုတ်လုပ်ရာမှ အသုံးပြုသည့်စက်ယန္တရားများ လည်ပတ် မှုကြောင့် သတ္တုတွင်းအလုပ်သမားများ ဝန်ထမ်းနေအိမ်များနှင့် စခန်းများ အတွင်း ဆူညံသံများအား ထိန်းသိမ်းရာတွင် အောက်ဖော်ပြပါ လမ်းညွှန်မှုများနှင့် အညီ ဆောင်ရွက်သွား မည်ဖြစ်ပါသည်-
Receptor
|
One Hour Laeq (dBA)a | |
Day time
07:00 – 22:00 (10:00 – 22:00 for Public holidays) |
Night time
22:00 – 07:00 (22:00 – 10:00 for Public holidays) |
|
Residential
Institutional Educational |
55a |
45 a |
Industrial, commercial | 70 a | 70 a |
a Equivalent continuous sound level in descibels
လူမှုရေးဆိုင်ရာလိုက်နာဆောင်ရွက်မည့်အချက်များ
အထက်ဖော်ပြပါ လမ်းညွှန်ချက်များအပြင် ကုမ္ပဏီဝန်ထမ်းများ၏ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း စသည့် အချက်များကို ဆောင်ရွက်နေပါသည်။
ပတ်ဝန်းကျင်ကျေးရွာများအတွက်လည်း ဘာသာရေးဆိုင်ရာဘုန်းကြီး ကျောင်းများ၊ စေတီများ၊ ရွာလယ်လမ်းမများ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်း များ၊ ကျေးရွာချင်းဆက်လမ်းတံတားများနှင့် ရပ်ရွာလူထု၏ တောင်းဆိုချက်များ အပေါ် ထွန်းရွှေစင်ကုမ္ပဏီလီမိတက်မှ အတတ်နိုင်ဆုံးပံ့ပိုးကူညီ ဆောင်ရွက် လျက်ရှိပါသည်။
ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများ
ကျန်းမာရေးအပေါ် ထိခိုက်စေနိုင်သည့် သတ္တုထုတ်လုပ်ရေးစီမံကိန်းလုပ်ငန်းများ အတွက် ကျန်းမာရေးဆိုင်ရာစံချိန်စံညွှန်းများ မြန်မာနိုင်ငံတွင် ယခုချိန်အထိ ရေးဆွဲပြဌာန်း သတ်မှတ်ထားခြင်း မတွေ့ရသေးပါ။ သို့အတွက် လက်ရှိမြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး ဥပဒေ (၁၉၇၂) အား လေ့လာစိစစ်ပြီးလုပ်ငန်းနှင့်အညီ ဆောင်ရွက်သွားပါမည်။