သတ္တုတွင်းပိတ်သိမ်းခြင်း စီမံချက်

ရည်ရွယ်ချက်

မြေအောက်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာ အတွင်း ဟင်းလင်းဖွင့်တူးဖော်ခြင်း၊ မပြုလုပ်သော်လည်း အုပ်ချုပ်မှု အဆောက်အဦများ ဆောက်လုပ်ခြင်း၊ လုပ်ငန်းသုံးဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ခြင်းတို့ကြောင့် သစ်ပင်၊ သစ်တောအချို့ဆုံးရှုံးခြင်း၊ ရေစီးရေလာစနစ်၊ ဂေဟစနစ်တို့ အထိုက်အလျောက် ပျက်စီးခြင်း ဖြစ်နိုင်ပါသည်။ မြေအောက်လှိုဏ်များ တူးဖော်ခြင်းဖြင့် မြေအောက်ရေအောင်းလွှာများ ပျက်စီးခြင်း၊ မြေအောက်ရေ ဆုံးရှုံးနိုင်ခြင်း၊ မြေပေါ်မြေအောက် ရေညစ်ညမ်းစေနိုင်ခြင်း၊ ကျောက်ရိုင်းဖြုန်းများ တူးဖော်စွန့်ထုတ်ခြင်းကြောင့် စွန့်ပစ်ကျောက်ပုံများ ထွက်ရှိနိုင်ပြီး ၎င်းတို့မှ အက်စစ်ဓာတ်ပြုမှု အလားအလာများ ဖြစ်နိုင်ခြင်းများ ရှိနိုင်ပါသည်။ ၎င်းအပြင် ရွှေသတ္တု သန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းမှ အနယ်အနှစ်ပါသောနုန်းများ တိုက်စားပို့ချခြင်း၊ ဓာတုဓာတ် ပြုပစ္စည်းများနှင့် ပြဒါးအဆိပ်သင့်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းတို့သည် ရွှေသတ္တုတူးဖော် ထုတ်လုပ်ခြင်းမှ ထိခိုက်လာနိုင်သော အဓိက အန္တရာယ်များဖြစ်ပါသည်။ ယခုစီမံချက်တွင် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းပြီးမြောက်သွားသောအခါ သတ္တုတွင်း ပိတ်သိမ်းခြင်းနှင့် ပြန် လည်ထူထောင်ခြင်း လုပ်ငန်းများ လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

ရည်မှန်းချက်များ

သက်ရောက်မှုများနှင့် ဆိုးရွားသောရေရှည်ထိခိုက်မှုများကို တတ်နိုင်သမျှလျှော့ချရန် အတွက်သော်လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန်အတွက်သော်လည်းကောင်း၊ သတ္တုတွင်းပိတ်သိမ်းခြင်းအတွက် ကြိုတင်စီရင်မှုများ ရှိရပါမည်။ ရည်မှန်းချက်များမှာ-

• စီမံကိန်း အဆုံးသတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် စီစဉ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်တစ်ခု ပေါ်လာစေရန်။
• တူးဖော်ထားသော မြေအောက်လှိုဏ်များ၊ စွန့်ပစ်ကျောက်များအတွက် လုံခြုံစိတ်ချကြံံ့ ခိုင်သော ထိန်းသိမ်းပြုပြင်မှု စီစဉ်ဆောင်ရွက်ရန်။
• ရာသီဥတုဒဏ်ခံနိုင်ရန် သဘာဝအလျောက် ရှင်သန်ရပ်တည်နိုင်သည့် သဘာဝပေါက် ပင်များ၊ စိုက်ခင်းများ တည်ထောင်ပေးရန်။
• စီမံကိန်းများကြောင့် ထိခိုက်ပျက်စီးမှုရှိသော မြေပေါ်မြေအောက်ရေ အရည်အသွေးကို တတ်နိုင်သမျှ ဆယ်တင်ခြင်း ဆောင်ရွက်နိုင်စေရန်။
• စီမံကိန်းများ ပိတ်သိမ်းပြီးနောက် ဒေသတွင်း နေထိုင်သူများအား ရေရှည်စဉ်ဆက် မပြတ် တိုးတက်ဖွံ့ဖြိုးစေသော အခွင့်အလမ်းများ စီစဉ်ပေးရန်။

အကြမ်းဖျင်း လုပ်ငန်းစဉ်များ

အောက်ဖော်ပြပါအပိုင်းလိုက် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါ မည်။
• တိုက်စားခြင်းနှင့် အနည်ကျခြင်း ထိန်းချုပ်မှု အစီအစဉ်။
• မြေအောက်လှိုဏ်များနှင့် စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲမှု အစီအစဉ်။
• ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ စီမံခန့်ခွဲမှု အစီအစဉ်။
• ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု အစီအစဉ်။
• ရပ်ရွာလူထု အထောက်အကူပြု စီမံဖွံ့ဖြိုးတိုးတက်ရေး။
• ပြန်လည်တည်ထောင်ခြင်း အစီအစဉ်များ။

တိုက်စားခြင်းနှင့် အနည်ကျခြင်း ထိန်းချုပ်မှုအစီအစဉ်

တိုက်စားခြင်းနှင့် အနည်ကျခြင်းတို့ကို မဖြစ်ပေါ်စေရန်နှင့် လျှော့ချနိုင်ရန် သင့်လျော် သောမြေပြင်ပုံသဏ္ဍာန်ကို ဖန်တီးပေးရမည်ဖြစ်ပြီး အပင်များ အောင်မြင်စွာ ပြန်လည်စိုက်ပျိုး ပေါက်ရောက်စေရန်အတွက် ဒေသတွင်းရှိသစ်ပင်မျိုးစိတ်များကို တိုးမြှင့်ပြုစုစိုက်ပျိုး သွားရပါမည်။ ကြံ့ခိုင်သောမြေပြင် ပုံသဏ္ဍာန်တည်တံ့စေရန် အစီအမံများကို အောက်ပါ အတိုင်း လုပ်ဆောင်ရပါမည်-

အုပ်ချုပ်မှု အဆောက်အဦးများတည်ဆောက်ခြင်း

• မူလမြေမျက်နှာပြင်ပေါ် မူတည်၍ လှေခါးထစ်ပုံ သဏ္ဍာန်အနိမ့်အမြင့်ပုံစံ အတိုင်းတတ် နိုင်သမျှ တည်ဆောက်အသုံးပြုခြင်း၊ မလိုအပ်ဘဲ တူးဖော်မှုများမှ ရှောင်ရှားဆောင် ရွက်ပါမည်။
• ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ခြင်းအား မူလလမ်းဟောင်းများ၊ ဒေသသုံးလမ်း များကိုသာ အခြေခံ၍ အသုံးပြုခြင်း။
• မဖြစ်မနေဖယ်ရှားရသော မြေဆီလွှာများအား သီးခြားစုပုံထားရှိပြီး စိုက်ပျိုးမြေ စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုခြင်း။

စွန့်ပစ် ဖြုန်းကျောက်စာများ စီမံခြင်း

တူးဖော်ထွက်ရှိသော မြေစာများ၊ ကျောက်စာများ စုပုံထားခြင်းမှ မိုးရေများ တိုက်စား စီးဆင်းပို့ချခြင်း မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ ဖုံးအုပ်ထားခြင်း၊ ရေလွှဲမြောင်း၊ ရေဖြတ် မြောင်းများ ထားရှိခြင်း ဆောင်ရွက်ပါမည်။

မြေအောက်ရေ စီမံခန့်ခွဲခြင်း

မြေအောက်သတ္တုတူးဖော်ခြင်းတွင် မြေအောက်လှိုဏ်များ တူးဖော်ရာမှထွက်ရှိ လာသော မြေအောက်ရေများကို လုပ်ငန်းခွင် အနှောက်အယှက် မဖြစ်စေရန် စုပ်ထုတ်စွန့်ပစ် ရလေ့ရှိရာ၊ အလဟသ ဆုံးရှုံးမှုမဖြစ်စေရန် လုပ်ငန်းခွင်တွင် အသုံးပြုခြင်း၊ ၀န်ထမ်းများ၊ ဒေသခံပြည်သူများထံသို့ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက်အသုံးပြုခြင်းများ ဆောင်ရွက်ပါမည်။ ပိုလျှံ၍ စွန့်ထုတ်ရမည့် ရေများအား တိုက်စားပို့ချခြင်း မဖြစ်စေရန် ရေပိုက်လိုင်းစနစ်ဖြင့် မြစ်ချောင်းများအတွင်း စနစ်တကျ စွန့်ထုတ်ပါမည်။

မြေပေါ်ရေ စီမံခန့်ခွဲခြင်း

သတ္တုတွင်း ပိတ်သိမ်းခြင်း၏ မြေပေါ်ရေ စီမံခန့်ခွဲမှုအတွက် မူလရည်မှန်းချက်မှာ မြစ်ကြေအရပ်ရှိ ရေလမ်းကြောင်းများအတွင်းသို့ တိုက်စားခြင်းနှင့် အနည်ကျခြင်းကို တတ်နိုင် သမျှ အနည်းဆုံးလျှော့ချနိုင်ရန် သတ္တုတွင်းများ၏ စွန့်ပစ်ကျောက်စာပုံများနှင့် သတ္တုတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်သည့်နေရာများတွင် ရေနုတ်မြောင်းများ ကြံ့ခိုင်စွာ တည်ဆောက်ထားရန်တို့ဖြစ်ပါသည်။ ထိရောက်သော မြေပေါ်ရေ စီမံခန့်ခွဲမှုဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များမှာ-

• တိုက်စားခြင်းနှင့် အနည်ကျခြင်းအား ထိန်းချုပ်နိုင်ရန် ထိန်းချုပ်မှုအစီအမံများ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။
• နုန်းအနည်အနှစ်များအား ထိန်းသိမ်းရန် နုန်းစစ်ကန်၊ နုန်းဖမ်းတာများ တည်ဆောက် ခြင်း၊ ဓာတုနှင့် အဆိပ်အတောက်များ ဓာတ်ပြုပျံ့လွင့်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း၊ ချေဖျက်မှု အစီအမံများ လိုက်နာဆောင်ရွက်ခြင်း။
• ပြန်လည်တည်ထောင်ခြင်း စီမံခန့်ခွဲမှုအစီအစဉ်အရ နောက်ဆုံးအဆင့် မြေပြင်ပုံ သဏ္ဍာန်ကို ပြန်လည်တည်ထောင်သွားပါမည်။

မြေအောက်လှိုဏ်များနှင့် စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲမှု အစီအစဉ်။

မြေအောက်လှိုဏ်များ စီမံခန့်ခွဲခြင်း

မြေအောက် ရွှေသတ္တုတူးဖော်ခြင်းအတွက် စီမံကိန်းပြီးစီးသည့်အခါ မိုင်းပိတ် သိမ်း အစီအစဉ်တွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ သဘာဝပတ်ဝန်း ကျင်၏ အခြေခံအကြောင်းကြီးများဖြစ်သော မြေ၊ ရေ၊ လေ တို့အား ထိခိုက်မှု နည်းပါး စေရန်တို့အတွက် မြေအောက်လှိုဏ်ခေါင်းများ စီမံခန့်ခွဲမှု အစီအစဉ်ကြိုတင် ချမှတ် အကောင်အထည်ဖော်သွားရန် လိုအပ်ပါသည်။ သတ္တုသိုက်တည်ရှိမှု အတိုင်းအတာ ပေါ်မူတည်၍ တူးဖော်သော အစောင်းဆင်းတွင်း၊ အတည့်ဆင်းတွင်းများအား အောက် ပိုင်းအဆင့် (Lower Level) များကို အရင်တူးဖော်ပြီး အပေါ်အဆင့် (Upper Level) များ ကိုပြန်၍တူးဖော်ခြင်း၊ ရှေ့စားနောက်ပစ်စနစ် (Back Filling) စနစ်ကျင့်သုံး၍ စွန့်ပစ် မြေစာ ဖြည့်သွင်းစွန့်ပစ်ခြင်း စနစ်ကို ဆောင်ရွက်မည်ဖြစ်ပါသည်။

စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲခြင်း

မြေအောက်ရွှေသတ္တုတူးဖော်ရာတွင် သတ္တုသိုက် (Ore Deposit) သို့ မ ရောက်မီဆင်းတွင်းများ၊ (Shift, Drift, Tunnel)များ ဖောက်လုပ်ခြင်းမှထွက်ရှိလာ သော စွန့်ပစ်ကျောက်စာများအား သယ်ထုတ်စွန့်ပစ်ရလေ့ရှိရာ ပတ်ဝန်းကျင် ထိခိုက်မှု သက်ရောက်မှုနည်းပါးစေရန် စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြန်လည်ဖြည့်စွက်ရန် လိုအပ်သော သတ္တုတွင်းဟောင်း (Pit Lake)များ မရှိပါက၊ လွတ်လပ်သောတောင် စောင်းနေရာများတွင် ရွေးချယ်စွန့်ပစ်ခြင်း၊ အစားထိုးအသုံးပြုရမည့် နေရာများတွင် သုံးစွဲ၍ ပမာဏလျှော့ချခြင်း၊ မြေပေါ် စီးဆင်းရေကြောင့် နုန်းအနည်များ သယ်ဆောင် အနည်ထိုင်ပို့ချမှုမရှိစေရန် ရေဖြတ်မြောင်းများဖြင့် ကြိုတင်ကာကွယ်ထားခြင်း၊ (ARD) (AMD) များမဖြစ်ပေါ်အောင်ကာကွယ်၊ စစ်ဆေးမှုများ စောင့်ကြပ်ကြည့်ရှုမှုများ ဆောင် ရွက်ခြင်းတို့ စီမံသွားပါမည်။

ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား စီမံခန့်ခွဲမှုအစီအစဉ်

ယမ်းနှင့် ဆက်စပ်သော ဖောက်ခွဲရေးပစ္စည်းများ

အခန်း (၈) လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်များတွင် ဖော်ပြထားသော အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

ပြဒါး၊ ဆိုင်ရာနိုက်ကဲ့သို့သော ဓာတုဗေဒပစ္စည်းများ

ရွှေသတ္တုပါသော ဖြုန်းများထွက်ရှိပါက ရွှေသတ္တုသန့်စင်ထုတ်လုပ်မှုအား သီးခြားတည်ဆောက်ထားသော အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီပိုင် SGU-208 ရှိ ရွှေသတ္တုသန့်စင် စက်ရုံတွင် ပို့ဆောင်သန့်စင်သွားမည်ဖြစ်သောကြောင့် တင်ပြပါ လုပ်ကွက်အတွင်း ပြဒါး၊ ဆိုင်ရာနိုက်များ သုံးစွဲခြင်းမရှိပါ။

စက်သုံးဆီ၊ လောင်စာဆီစသော မီးဘေးအန္တရာယ်ရှိသော ပစ္စည်းများ

အခန်း(၈)တွင် ဖော်ပြထားသော မီးဘေးလုံခြံုရေး၊ ကာကွယ်ရေးအစီအမံ များအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု အစီအစဉ်

အခန်း(၈)တွင် အသေးစိတ် ဖော်ပြထားသော အစီအစဉ်များအတိုင်း လိုက်နာ ဆောင်ရွက်သွားပါမည်။

ရပ်ရွာလူထု အထောက်အထားပြု စီမံဖွံ့ဖြိုးတိုးတက်ရေး

သတ္တုတွင်းတူးဖော်ပြီးသောအခါ အောက်ပါစီမံခန့်ခွဲမှု လုပ်ဆောင်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ထားပါမည်-

သတ္တုတွင်းတူးဖော်ခြင်း ပြီးစီးသည့်နောက် လိုအပ်သည့်အတိုင်း၊ လူမှုဖူ လုံရေး အစီအစဉ်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ပါမည်။ ဒေသခံ လူထုလို အပ်ချက်အရ စီမံကိန်းသုံးပစ္စည်းများ၊ အခြေခံအဆောက်အအုံများအား စနစ်တကျ လွှဲပြောင်းပေးအပ်ပါမည်။

ထိုသို့ဒေသတွင်း လူထုအဖွဲ့အစည်းအား လွှဲပြောင်းပေးအပ်ရာတွင် ဒေသ အုပ်ချုပ်ရေးအဖွဲ့ NGO အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူမှုဖူလုံရေး အစီအစဉ် များကို လွှဲပြောင်းပေးအပ်ရပါမည်။

သတ္တုတွင်းပိတ်သိမ်းခြင်း အစီအမံများ ဆောင်ရွက်ခြင်းကို ဒေသခံလူထုမှ နားလည်လက်ခံ ပူးပေါင်းလာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပါမည်။

ပြန်လည်တည်ထောင်ခြင်းအစီအစဉ်များ

သတ္တုတွင်းများ တူးဖော်ပြီးသောအခါ အောင်မြင်သော ပြန်လည်တည်ထောင်ခြင်း လုပ်ငန်း ဖြစ်ရန်ဆောင်ရွက်ရမည့်အချက်များမှာ-

• ပြန်လည်တည်ထောင်ရမည့် မြေပြင်သဏ္ဍာန်မှာ ဘေးကင်း၍ မြေသားတည်ငြိမ်မှု ရှိသော သတ်မှတ်ထားသည့်နောက်ဆုံး ပုံသဏ္ဍာန်ဖြစ်စေခြင်း။
• အပင်များ အညှောင့်ပေါက်ခြင်းနှင့် သဘာဝအပင်များ ပြန်လည်ပေါက်ရောက်ခြင်း ကိုအားပေးရန် မြေဆီလွှာကြိုတင်ပြင်ဆင်ခြင်း။
• ပြင်ဆင်ထားသော မြေပေါ်တွင် အပင်ပြန်လည်စိုက်ပျိုးခြင်း။
• တိုက်စားမှု ပြန်လည်ကုစားခြင်း၊ အပင်များ စိုက်ပျိုးရာ၌ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်း၊ ပေါင်းပင်များအား စီမံခန့်ခွဲခြင်း။

နောက်ဆုံးကျန်ရစ်သည့် မြေပြင်ပုံသဏ္ဍာန်

• သတ္တုတွင်းဧရိယာနှင့် စွန့်ပစ်မြေစာပုံ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သတ္တုတွင်း ပိတ်သိမ်းခြင်း စီမံခန့်ခွဲမှုအစီအစဉ်တို့၌ အဆိုပြုထားသည့်အတိုင်း ပြန်လည်တည်ထောင်ခြင်းအတွက် သင့်တော်သော နောက်ဆုံးကျန်ရစ် မည့်မြေပြင်သဏ္ဍာန်နှင့် ကိုက်ညီသောနယ်မြေ များသတ်မှတ်ရွေးချယ်ပါ မည်။
• မြေပေါ်ရေနုတ်မြောင်းများနှင့် အခြားမြေပြင် အစိတ်အပိုင်းများအား ပြန်လည်တည်ဆောက်ပြီး တည်ငြိမ်သော မြေပြင်အနိမ့်အမြင့် သဏ္ဍာန် (Contours) များရရှိရန် ပြန်လည်တည်ထောင်ရေး အတွက်သင့်လျော် သော နယ်မြေများအား ပုံဖော်စီမံပါမည်။
• အပင်များ ပြန်လည်မျိုးပွားပေါက်ရောက်စေရန် သင့်လျော်သော နေရာ များဖန်တီးပြီး ထိခိုက်ပျက်စီးထားသော မြစ်ချောင်းကမ်းပါးများကို ခိုင်ခန့်တည်ငြိမ်အောင် ပြုလုပ်ရပါမည်။
• ရေနုတ်မြောင်း၊ ရေလွှဲတာဘောင်၊ နုန်းတား၊ အနည်စစ်ကန်များကဲ့သို့ တိုက်စားခြင်းနှင့် ပို့ချခြင်းကို ထိန်းချုပ်သော အစိတ်အပိုင်းများ အသုံးဝင် နေစေရန် ပြုပြင်ထိန်းသိမ်းရပါမည်။ မြေပေါ်ရေများကို ဆက်လက်လမ်းလွှဲ ပေးနေပြီး အနည်အနှစ်ပါရေများကို နုန်းတားများနှင့် အနည်စစ်ကန်များ ဆီသို့ စီးဆင်းစေမည်ဖြစ်ပါသည်။

မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် အပင်ပေါက်စိုက်ပျိုးခြင်း

• ပြန်လည်စိမ်းလန်းစိုပြေရေး အောင်မြင်စေရန် အပင်များကို အသင့်တော် ဆုံးအချိန်တွင် စိုက်ပျိုးရန်ဖြစ်ပြီး အစေ့တိုက်ရိုက်ကြဲချခြင်း၊ အစေ့မြှုပ် စိုက်ပျိုးခြင်း၊ အပင်ပေါက် စိုက်ပျိုးခြင်းစသည်တို့ ပြုလုပ်ပါမည်။ မိုးရာသီ မတိုင်မီ (သို့မဟုတ်) မိုးကုန်ခါနီးတွင် စိုက်ပျိုးပါမည်။
• ပိုးသတ်ထားသော မြက်မျိုးများအား ကွန်တိုမျဉ်းအတိုင်း အကွာအဝေး ညီညာစွာထား၍ အတန်းလိုက်စိုက်ပျိုးပြီး မြက်များကောင်းစွာ ရှင်သန်ပြီး ပါက မြက်ပြင်တန်းများအကြားတွင် ဒေသခံမျိုးစိတ်တို့၏ အစေ့များကြဲချ စိုက်ပျိုးပါမည်။
• ပြန်လည်စိမ်းလန်းစိုပြေရေး လုပ်ငန်းမထိရောက်သော၊ မပြည့်စုံသော နေရာများတွင် အလွယ်တကူ ပေါက်ရောက်နိုင်သော ဒေသခံအလေ့ကျ ပေါက်ပင်များကို စိုက်ပျိုးပါမည်။

ပြန်လည်ကုစားခြင်းအစီအစဉ်များ

• အပင်ပြန်လည် စိုက်ပျိုးပြီးနေရာများကို တိုက်စားခြင်း၊ ပေါင်းပင်ထူထပ် ခြင်း ရှိ/မရှိနှင့် ပြန်လည်စိမ်းလန်း စိုပြေရေးလုပ်ငန်း ထိရောက်မှု ရှိ/ မရှိ၊ ပြီးပြည့်စုံမှု ရှိ/ မရှိ၊ မှန်မှန်စစ်ဆေးပါ။
• ပေါင်းပင်များအား ဖို့မြေများပေါ်တွင် ဖယ်ရှားစွန့်ပစ်ခြင်း၊ အပင်ပြန်လည် စိုက်ပျိုးထားသော နေရာများအနီး မီးရှို့ခြင်းကို ထိန်းသိမ်းစေပါမည်။
• တိုက်စားခြင်းနှင့် နုန်းပို့ချခြင်း ထိန်းချုပ်သည့် အဆောက်အဦးများအား မှန်မှန်စစ်ဆေးခြင်း၊ အပင်များကောင်းမွန်စွာ ရှင်သန်ပြီးသည်အထိ ရေနုတ်မြောင်းများ၊ နုန်းတားများ၊ အနည်စစ်ကန်များကို မှန်မှန်သန့်ရှင်း ပေးခြင်း ဆောင်ရွက်ပါမည်။
• တိုက်စားခံရသော နေရာများအား နုန်းထိန်းနံရံများ၊ ကျောက်သား မြေထိန်းနံရံများ၊ ပိုးသတ်ထားသော မြက်မျိုးများစိုက်ပျိုးခြင်းဖြင့် ပြုပြင် ထိန်းသိမ်းပါမည်။
• စိမ်းလန်းစိုပြေရေးလုပ်ငန်းမထိရောက်ပါက၊ မပြည့်စုံပါက အပင်များထပ်မံ စိုက်ပျိုးခြင်းပြုလုပ်ရပါမည်။
၁၁.၁၃.၄ သစ်တောသစ်ပင်များ ပြန်လည်အစားထိုးကျွန်းစိုက်ပျိုးရေး စီမံချက်ကို ထွန်းရွှေစင်ကုမ္ပဏီ မြေပုံညွှန်း ( ၉၃/ B-2 – sR – (A)967049 (B)97004 (C) 970046 (D) 967046 ) မြေဧက(၂၀) ရှိ လုပ်ကွက်အတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖော်ပြထားပါသည်။ ၎င်းလုပ်ကွက်၏ သစ်တောစီမံကိ်န်းအတွင်း သစ်ပင် ပြန်လည်စိုက်ပျိုးမည့် စီမံချက်ပုံစံအား နောက်ဆက်တွဲ (ဃ-၆)တွင် ဖော်ပြထားပါ သည်။