အကျဉ်းချုပ်အစီရင်ခံစာ
အစီရင်ခံစာအကျဉ်းချုပ် ထွန်းရွှေစင်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းသည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးပိုးချပ်ဒေသတွင် တည်ရှိပါသည်။ ထွန်းရွှေစင် ကုမ္ပဏီလီမိတက်မှ ရွှေသတ္တု သက်တမ်းတိုးတူးဖော် ထုတ်လုပ်ခွင့်ရ ရွှေလုပ်ကွက် SGU-138 (A) ၏ မြေဧရိယာ အကျယ်အ၀န်းမှာ ၂၀ ဧက (၀.၀၈၀၉ စတုရန်းကီလိုမီတာ) ဖြစ်ပါသည်။ ယခုအစီရင်ခံစာ သည် လုပ်ကွက်မြေဧရိယာ (၂၀) ဧကအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီရင်ခံစာ ဖြစ်ပါသည်။ ။
ယခုပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အစီရင်ခံသည် လုပ်ကွက်နေရာအား လက်တွေ့ကွင်း ဆင်းခဲ့ပြီး၊ လက်ရှိအခြေအနေနှင့် ယခင် EMP ပါအစီရင်ခံစာပါ အချက်အလက်များကို စုဆောင်း၍ ဖြည့်စွက်ဖော်ပြထားပါသည်။
ထွန်းရွှေစင်ကုမ္ပဏီလီမိတက် NGU-138 (A) လုပ်ကွက်၏ မူလစာချုပ်သက်တမ်း(၁)နှစ်အား (၁-၄၂၀၁၅) ရက်နေ့အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးနောက် ပထမအကြိမ် စာချုပ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို (၁၅-၂-၂၀၁၅) မှ (၁၄-၂-၂၀၁၆) အထိလည်းကောင်း၊ ဒုတိယအကြိမ် စာချုပ်သက်တမ်း တိုးခြင်းကို (၁၅-၂၂၀၁၆) မှ (၁၄-၂-၂၀၁၇) အထိလည်းကောင်း၊ တတိယအကြိမ်အဖြစ် (၁၅-၂-၂၀၁၇) မှ (၁၄-၂-၂၀၁၈) အထိလည်းကောင်း စာချုပ်သက်တမ်းတိုး၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။ စတုတ္တအကြိမ်အဖြစ် (၁၅၀၂-၂၀၁၈) မှ (၁၄-၀၂-၂၀၁၉) အထိ ဆောင်ရွက်လုပ်ကိုင်လျက် ရှိပါသည်။ ။
ကုမ္ပဏီအနေဖြင့် ရွှေသတ္တုတူးဖော်ဆောင်ရွက်ရာတွင် မြေအသုံးချမှု အနည်းဆုံးနှင့် လုပ်ငန်း ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် (Underground Mining Method) ကို အသုံးပြု လျှက်ရှိပြီး တရားဝင်ခွင့်ပြုချက်အရ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြု တူးဖော်ပါသည်။ ထွက်ရှိလာသော ရွှေပါသတ္တုရိုင်းများမှ ရွှေစင်ထုတ်ယူရန်အတွက် အဆင့်ဆင့်ကြိတ်ခွဲပြီး ထွက်ရှိလာသည့် အင်ချီးများအား ပြဒါး၊ ဆိုင်ယာနိုက် စသည့် ဓါတုပစ္စည်းများ အသုံးပြု၍ ရွှေသတ္တုများ ထုတ်လုပ်သွားမည်ဖြစ်ပါသည်။
ထွန်းရွှေစင်ကုမ္ပဏီမှ ရွှေသတ္တု တူးဖော်ထုတ်လုပ်ရာတွင် Winch Motor (40HP)၊ မီးစက် (200KVA)၊ ဗြုန်းသယ်ကား(၁၀ဘီး)၊ Air Compressor ၊ ရေပိုက်သုံးရေမြှုပ်မော်တာများ ၊ မီးစက်များ၊ ဘက်ဟိုးနှင့် အုပ်ချုပ်မှုယာဉ် စသည့်တို့ကို အသုံးပြုပါသည်။ ။
တောင်ကုန်းတောင်တန်းဒေသများ ဖြစ်သော်လည်း ရေအရင်းအမြစ် ကောင်းမွန်သဖြင့် မြေအောက် အနက် မီတာ (၅၀) ခန့်တွင် အဝီစိရေ ကောင်းမွန်စွာ ထွက်ရှိပြီး ဝန်ထမ်းများ ချိုးရေနှင့် လုပ်ငန်းသုံးရေအဖြစ် အသုံးပြုပါသည်။
အသေးစားရွှေလုပ်ကွက်တစ်ခုအတွက် တစ်နှစ် လျှင် ရွှေဗြုန်းစာ (၁၅၀) တန်ခန့် ထွက်ရှိနိုင်ပါသည်။ နတ်တောင်ဒေသ၊ ဝါးပိုးချပ်ရွှေလုပ်ကွက် ရွှေသတ္တု ကြောများ၏ ရွှေပါဝင်နှုန်းမှာ 3 PPM ခန့် ရှိပါသည်။ ရွှေသတ္တုတူးဖော် ထုတ်လုပ်ခြင်း စတင်တူးဖော်ခဲ့ချိန်မှ တင်ပြ ကာလအထိ ထုတ်လုပ်ခဲ့သော ပမာဏမှာ
ကျောက်ကြောမြေစာ တန်(၅၀၀)ခန့် ထွက်ရှိခဲ့ပါသည်။ လုပ်ငန်းလည်ပတ်ချိန်တွင် ရွှေမပါခဲစာပမာဏ မှာ (၂၄) နာရီလျှင် (၁.၅) တန်ခန့် ထွက်ရှိနိုင်ပါသည်။ လုပ်ငန်းလည်ပတ်ချိန် (၂၄) နာရီလျှင် ရွှေပါဗြုန်းစာများအား သန့်စင်ထုတ်လုပ်ပြီး စွန့်ပစ်မြေစာ ပမာဏမှာ (၁) တန်ခန့် ထွက်ရှိနိုင်ပါသည်။ ၎င်းမြေစာများအား သွပ်ပြားများ ပတ်လည်ကာရံထား သည့် ပေ (၁၀၀) ပတ်လည် ခန့်ရှိ စုပုံကွင်းအတွင်း စနစ်တကျ စုပုံထားရှိပြီး အဝေးသို့ ပျံ့လွင့်မှု မရှိစေရန် ဆောင်ရွက်ထားရှိမည် ဖြစ်ပါသည်။
စီမံကိန်း ဆောင်ရွက်ရာတွင် မြေပေါ်၊ မြေအောက်သတ္တုတွင်းတူးဖော်ခြင်းနည်းလမ်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်၊ ဇီဝပိုင်းဆိုင်ရာပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်များကို အနည်းနှင့် အများ ထိခိုက်မှုများ ရှိနိုင်ပါသည်။ စီမံကိန်းလုပ်ငန်းများကြောင့် ဖြစ်လာမည့် ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု များအား ကုမ္ပဏီမှ အထူးထိန်းသိမ်းစောင့်ရှောက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လုပ်ကွက် ဝန်းကျင်၏ ဂေဟစနစ်ပျက်ဆီးမှု ထိန်းသိမ်းစောင့်ရှောက်ရန် ဒေသခံများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်တောထွက်ပစ္စည်းများအား မိမိအတွက် အမှန်တကယ် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲရန်နှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများကိုရှာဖွေ၍ လက်တွေ့ လိုက်နာဆောင်ရွက်စေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် အများပြည်သူနှင့် လည်းကောင်း၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ နှင့် လည်းကောင်း အစဉ်အမြဲထိတွေ့ဆက်ဆံ ဆွေးနွေးမှုများကြောင့် အခြားစီမံကိန်းဒေသများတွင် ဒေသခံ ကျေးရွာပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီသိရှိပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် ဒေသတွင်းအများ ပြည်သူနှင့် ပြဿနာများ ဖြစ်ပွားခဲ့ ခြင်းမရှိဘဲ အဆင်ပြေစွာ ဆက်ဆံဆောင်ရွက်နိုင်ခဲ့ပါသည်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အသားတင် အမြတ်ငွေ၏ (၂)% သတ်မှတ်ထားသည့်အပြင် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချမည့်လုပ်ငန်းစဉ်များ
ဆောင်ရွက်ရန်၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အသုံးပြုရန် ရံပုံငွေ ကျပ်သိန်း(၅၀၀) လျာထား သုံးစွဲပါမည်။
မိုင်းပိတ်သိမ်းချိန်တွင် မြေဆီလွှာများ သီးသန့်စုပုံထားရှိမှုအစီအစဉ်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးစစ်ဆေးခြင်းအစီအစဉ်၊ ဝန်ထမ်းများ ပြောင်းရွှေ့မည့်အစီအစဉ်များ၊ ဆက်စပ်ဧရိယာရှိ ချောင်း များ၊ ရေတွင်းများ၊ ရေကန်များ၊ ရေထွက်ပေါက်များမှ ရေနမူနာများယူ၍ တိုင်းတာမည့် အစီအစဉ်၊ မြေဆီလွှာ ညစ်ညမ်းမှု ရှိ မရှိ ပြန်လည်စစ်ဆေးမည့် အစီအစဉ်၊ လေထုအရည်အသွေး ညစ်ညမ်းမှု ရှိ/မရှိ ပြန်လည် စစ်ဆေးမည့်အစီအစဉ်၊ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်ရေနှင့် ဓါတုဓာတ်ပစ္စည်းများ ကြွင်းပါဝင်မှု စစ်ဆေးခြင်း၊ ဖုံးအုပ်ထားသော မြေသားပေါ်တွင် ဒေသနှင့်သင့်လျော်သော အပင်များ ပြန်လည် စိုက်ပျိုးမည့် အစီအစဉ်၊ ရံပုံငွေထားရှိခြင်း ၊အတားအဆီးနံရံများထားရှိမှုအစီအစဉ်၊ Underground Mining Method ဖြင့် တူးဖော်ထားသည့် လှိုဏ်များအား စနစ်တကျ ပိတ်ဆို့ကာရံခြင်းအစီအစဉ်များ၊ လုပ်ကွက်ဧရိယာ ပြန်လည် အပ်နှံခြင်း စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ – စီမံကိန်းပိတ်သိမ်းပြီးနောက် (၅)နှစ်ခန့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး လိုအပ်ပါက မူလ အခြေအနေနီးပါး ဖြစ်သွားချိန်အထိ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သစ်ပင်၊ ရေထု၊ လေထု၊ မြေထု အခြေအနေများကို (၆)လလျှင် တစ်ကြိမ် အစီရင်ခံစာတစ်စောင် တင်ပြသွားပါမည်။
ထွန်းရွှေစင်ကုမ္ပဏီလီမိတက်အနေဖြင့် SGD 138 (A) လုပ်ကွက်အတွက် ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်မှစ၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီရင်ခံစာပါ အစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ စာချုပ်ပါစည်းကမ်းချက် များကိုလည်း လေးစားလိုက်နာ သွားမည်ဖြစ်ပါသည်။