ကတိကဝတ်များ

အစီရင်ခံစာပြုစုသူ၏ ကတိဝန်ခံချက်

         ဤပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အစီရင်ခံစာပါ အကြောင်းအရာများအား လုံးသည် လက်တွေ့ကွင်းဆင်းစစ်ဆေးခြင်း၊ အလုပ်ရှင်ဒါရိုက်တာများ၊ ဒေသခံလူထုများနှင့် ဆွေးနွေးပြောဆိုခြင်း၊ ယခင်ပြုစုထားခဲ့သော ဘူမိဗေဒနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာများ၊ ပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအားအခြေပြု၍ ရေးသားထား ခြင်းဖြစ်ပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ (၇-၁၁-၂၀၁၆)ရက်စွဲပါစာအမှတ်၊ အီးအိုင်အေ-၂/၉ (၉၃၇/ ၂၀၁၆)ဖြင့် ထုတ်ပြန်ထားသော သတ္တုကဏ္ဍဆိုင်ရာ စီမံကိန်းများ အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း ပြုစုထားခြင်းဖြစ်ပါသည်။

ဤအစီရင်ခံစာပါ အချက်အလက်အားလုံးသည် ကျွန်ုပ်၏လေ့လာသုံးသပ်ချက်များအရ မှန်ကန်မှု ရှိပါကြောင်း ကတိပြုပါသည်-

 

 

 

ဇေယျာသိန်း

ဝန်းကျင်ဗေဒပညာရှင်

 

 

လုပ်ငန်းရှင်လိုက်နာရန် တာဝန်ရှိသော ကတိကဝတ်

ဤအစီရင်ခံစာအား အသေးစိတ်လေ့လာဖတ်ရှု၍ ဝန်းကျင်ဗေဒပညာရှင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ထွန်းရွှေစင် ကုမ္ပဏီလီမိတက်အနေဖြင့် ဤအစီရင်ခံစာပါအချက်များအတိုင်း လိုက်နာဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းနှင့် သက်ဆိုင်သည့် ဥပဒေများ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ စည်းကမ်းသတ်မှတ်ချက်များကိုလည်း လိုက်နာမည် ဖြစ် ကြောင်း ကတိကဝတ်ပြုပါသည်-

 

 

ဒေါ်ကြည်ကြည်ထွေး

မန်နေဂျင်းဒါရိုက်တာ

ထွန်းရွှေစင်ကုမ္ပဏီလီမိတက်