ထိခိုက်နိုင်မှုလျော့ပါးစေရေး အစီအစဉ်

ရွှေသတ္တုရိုင်းတူးဖော်ထုတ်လုပ်ရာတွင် အပေါ်ယံမြေဆီလွှာအား အနည်းငယ်ဖယ်ရှားပြီး အမြင့်(၆)ပေ၊ အကျယ်(၆)ပေ မြေအောက်ဥမင်လှိုဏ်ခေါင်းကို တောင်စောင်းမှနေ၍ ဖောက်လုပ် မည်ဖြစ်ပါသည်။ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရာတွင် မြေအောက်တူးဖော်ရေးစနစ် (Underground Mining Method) ဖြင့် တူးဖော်ထုတ်လုပ်မည်ဖြစ်ပြီး သဘာဝပေါက်ပင် ကျဲပါးရာနေရာကို ဦးစားပေးရွေးချယ်၍ အပေါ်ယံမြေဆီလွှာများ ပျက်စီးမှုပမာဏနည်းပါးစေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး အစီအမံများ စနစ်တကျ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

ဖြစ်နိုင်ခြေရှိသော ထိခိုက်နိုင်မှုများ

စီမံကိန်း ဆောင်ရွက်ရာတွင် မြေပေါ်၊ မြေအောက်သတ္တုတွင်းတူးဖော်ခြင်းနည်းလမ်း များကြောင့် ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်၊ ဇီဝပိုင်းဆိုင်ရာပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်များကို အနည်းနှင့်အများ ထိခိုက်မှုများ ရှိနိုင်ပါသည်။

ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများ

အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်းကာလများတွင် စီမံကိန်းနေရာနှင့် မလွတ် ကင်းသည့် သစ်ပင်၊ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အပေါ်ယံမြေဆီလွှာ ဖယ်ရှားခြင်း၊ မြေအောက်လှိုဏ်တူးဖော်ခြင်းနည်းစနစ် အသုံးပြုခြင်းနှင့် စွန့်ပစ်မြေစာများ စုပုံခြင်းစသည့် ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်မှုများ မှတစ်ဆင့် မြေပြင်သဏ္ဍာန်နှင့် မူလရေစီးကြောင်းများ၊ ရေနှုတ်မြောင်းများကို ပြောင်းလဲစေနိုင်ပြီး အပေါ်ယံမြေဆီလွှာ တိုက်စားခံရခြင်းနှင့် စွန့်ပစ်မြေစာများ စုပုံခြင်းတို့ကြောင့် သစ်ပင်များပျက်စီးခြင်းနှင့် ပြန်လည်ပေါက်ရောက်မှု လျော့နည်း သွားခြင်း၊ စွန့်မြေစာများအားရေတိုက်စားမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ရေထုညစ် ညမ်းခြင်း၊ အနည်ပါဝင်နှုန်း မြှင့်တက်လာခြင်းနှင့်  ရေစီးလမ်းကြောင်းများ ပြောင်းလဲ စီးဆင်းခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နိုင်ပြီး ရေနေသတ္တဝါနှင့် ကုန်းနေသတ္တဝါ များကိုပါ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

၎င်းအပြင် အပေါ်ယံမြေဆီလွှာအားထိန်းသိမ်းပေးသည့် သစ်ပင်များ လျော့နည်း လာခြင်း၊ တောင်ကုန်း တောင်စောင်းများတွင် ရှိနေသည့် မြေသားနှင့် ကျောက်သားများ ပုံမှန်အနေအထား ပျက်စီးသွားခြင်း၊ မြေအောက်ဆင်းတွင်းများ၊ လှိုဏ်များ၏မြင့်မား မတ်စောက်သော နံရံများမှ ကွဲအက်ပြိုကျမှုဖြစ်ပေါ်ခြင်း၊ မြေအောက်မိုင်းခွဲခြင်းမှ ထွက်ပေါ်လာသည့်တုန်ခါမှုကြောင့် သိပ်သည်းမှုနည်းသော မြေသား၊ ကျောက်လွှာများ တည်ငြိမ်မှုလျော့ကျသွားခြင်းနှင့် မြေငလျင်လှုပ်ခတ်ခြင်းတို့ကြောင့်  မြေပြိုမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပေါ်၊ မြေအောက်ရေများ တိုးမြှင့်တိုက် စားလာပြီး မြေအောက်လုပ်ငန်းခွင်လုံခြုံမှုလျော့နည်းကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည့် အပြင် မြေအောက်လှိုဏ်ဂူများ၊ ဝင်ထွက်လမ်းများ ကျင်းပြိုပိတ်ဆို့ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများ အပေါ်ထိခိုက်နိုင်မှုများ

သတ္တုတူးဖော်ရေးလုပ်ငန်းစီမံကိန်းများသည် ကုန်းနေဇီဝမျိုးစုံမျိုးကွဲများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်မှုများဖြစ်ပွား နိုင်ပါသည်။ သို့ရာတွင် မြေအောက်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများသည် ဇီဝမျိုးစုံမျိုး ကွဲများအပေါ် ထိခိုက်မှုနည်းပါးနိုင်ပါသည်။ စီမံကိန်းဧရိယာသို့ ဆက်သွယ်ရေးလမ်း များ ရှင်းလင်းခြင်း၊ အခြေစိုက်စခန်းနေရာ များတည်ဆောက်ခြင်း စသည်တို့ကြောင့် ဒေသပေါက်ပင်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိခိုက်နိုင်မှု များမှာ အောက်ပါအတိုင်းရှိနိုင်ပါသည်-

  • သက်ရှိများ ရှင်သန်နေထိုင်ရာ ဒေသများ ပျောက်ဆုံးနိုင်ခြင်း သို့မဟုတ် နည်းပါး သွားနိုင်ခြင်း၊ သို့မဟုတ် ရွှေ့ပြောင်းသွားနိုင်ခြင်း၊
  • လူဦးရေ တိုးပွားလာမှုကြောင့် အမဲလိုက်ခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဆက်သွယ်ရေးလမ်းများ တိုးပွားလာနိုင်ခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်း ခြင်းနှင့် မြေတူးခြင်း တို့ကြောင့် ဒေသတွင်းပေါက်ပင်များနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိနိုင်ခြင်းနှင့် သေဆုံးမှုများဖြစ်ပေါ်နိုင်ခြင်းရွှေ့ ပြောင်းရမှုများ။
  • ဆူညံမှုနှင့် အလင်းရောင်ကြောင့် ဒေသတွင်းတိရိစ္ဆာန်တို့၏ အမူအရာနှင့် ဖြစ်နိုင် ခြေရှိသည့် မျိုးပွားနှုန်းလျော့ကျနိုင်ခြင်း။

ဇလဗေဒဆိုင်ရာ ပြောင်းလဲနိုင်မှုများ

မြေအောက်ရွှေသတ္တုတူးဖော်ခြင်းနှင့် ဟင်းလင်းဖွင့်တူးဖော်ခြင်း လုပ်ငန်းများ သည် ဇလဗေဒဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များအထိ သက်ရောက်မှုမရှိနိုင်ပါ။

ရေအရည်အသွေးနှင့် ရေဓာတ်ပြုပျက်စီးခြင်း

စွန့်ပစ်မြေစာကျောက်စာများမှ နှုန်းနှစ်များအရည်ပျော်ဝင်နေမှု၊ စွန့်ပစ်ပစ္စည်း များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းများတို့ကြောင့် ရေများဓာတ်သင့်ပျက်စီးနိုင် ပါသည်။ ဓာတ်သင့်ပျက်စီးမှုများကို အောက်ပါအခြေအနေများကြောင့် ဖြစ်ပေါ်နိုင်ပါ သည်-

  • သယ်ယူပို့ဆောင်နေစဉ်၊ ကိုင်တွယ်နေစဉ် (သို့မဟုတ်) သိုလှောင်နေစဉ် အတွင်း လောင်စာဆီ၊ ဓာတ်ဆီနှင့် ဓာတုပစ္စည်းများအပါအဝင် အန္တရာယ် ဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းများ ယိုဖိတ်မှု (သို့မဟုတ်) ဖိတ်စင်မှု၊
  • ရေလမ်းကြောင်းများ (သို့မဟုတ်) ရေလမ်းကြောင်းများအတွင်းစီးဝင်သည့် ရေနှုတ် မြောင်းများထဲသို့အန္တရာယ်ဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို မလျော်မကန် စွန့်ပစ်ခြင်း၊
  • ဓာတ်မြေသြဇာနှင့် ရေမြောင်းများအတွင်း ရေမှော်များ ပွားများလာခြင်း ကို ဖြစ်စေ သည့်ဖျော်ရည်ပါဓာတ်ပြုပစ္စည်းပါဝင်မှုနှုန်းမြင့်လာခြင်း။

ရေဓာတ်သင့်ပျက်စီးမှုများကို ပြောင်းလဲစေသည့် ဖြစ်နိုင်ခြေထိခိုက်မှုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • ကုန်းနှင့်ရေကြား သဘာဝပေါက်ပင်များ အဆိပ်သင့်ခြင်း(သို့မဟုတ်) ဖုံးလွှမ်းခံရခြင်းတို့ကြောင့် ကုန်းနေဇီဝမျိုးစုံမျိုးကွဲများပျောက်ဆုံးသွားခြင်း၊ ယုတ်လျော့ သွားခြင်း။
  • ရေနေဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးသွားခြင်း (သို့မဟုတ်) ယုတ်လျော့ သွားခြင်း။
  • ရေနေသက်ရှိအပင်များ၊ ငါးများနှင့် ကျောရိုးမဲ့သတ္တဝါကြီးများ အဆိပ်သင့် ခြင်း။
  • ငါးများကို သေစေနိုင်သည့် ရေမှော်များ ပွားများလာမှုကြောင့် အောက်ဆီ ဂျင်ဓာတ် ပါဝင်မှုလျော့နည်းလာခြင်း။
  • ဓာတ်သင့်ပျက်စီးသောရေများနှင့် ထိတွေ့ခြင်းမှ အရေပြားရောဂါများ(သို့မဟုတ်) အခြားကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်ခြင်း။
  • ဓာတ်သင့်ပျက်စီးနေသော ရေများနှင့် ထိတွေ့ခြင်းမှ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ ရောဂါတို့အပါအဝင်ကျန်းမာရေးထိခိုက်မှုများ။

ရေရရှိနိုင်မှု

စီမံကိန်းဝန်ထမ်းများနှင့် လုပ်သားများအတွက် လိုအပ်သည့် သောက်သုံးရေ ရရှိရန် ရေတိမ်တွင်းများတူးထားခြင်း၊ ကျောက်သားကျောက်ခံမှ စိမ့်ရေများနှင့် စမ်းချောင်းများမှ သွယ်ယူခြင်းတို့သည် အဓိကရေအရင်းအမြစ်များဖြစ်ပါသည်။ မြေအောက် သတ္တုတူးဖော်ခြင်းစနစ်ဖြစ်သည့်အတွက် မြေအောက်လှိုဏ်တွင်းများအတွင်း ရေနစ်မြှုပ်မှု သက်သာစေရန် မြေအောက်ရေများ စုပ်ထုတ်ရခြင်းများကြောင့် မြေအောက်ရေ ဆုံးရှုံးမှု အနည်းငယ်ရှိနိုင်ပါသည်။ အင်းအတွင်း စုပ်ထုတ်သောရေများအား ဝန်ထမ်း၊ လုပ်သားများအတွက် သောက်သုံးရေနှင့် လုပ်ငန်းသုံးရေများအဖြစ် ပြန်လည်အသုံး ပြုနိုင်ပါသည်။

စွန့်ပစ်ပစ္စည်းများအား မလျော်မကန်စွန့်ပစ်ခြင်း

စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းကို စနစ်တကျ စွန့်ပစ်ခြင်း မပြုလုပ်ပါက သက်ရှိ၊ သက်မဲ့  ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ပါသည်။ စွန့်ပစ်ပစ္စည်းများကြောင့် မြေဆီလွှာနှင့် ရေအရည်အသွေးကို ထိခိုက်စေနိုင်ပါသည့်အပြင် ဂေဟစနစ်နှင့် လူတို့၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဇီဝနှင့်ဓာတုပေါင်းစပ်ဓာတ်ပြုခြင်းများ ဖြစ်စေနိုင် ပါသည်။

လုပ်ငန်းသုံးဓာတုပစ္စည်းယမ်းသုံးစွဲမှုကြောင့် စွန့်ပစ်ကျောက်ရိုင်းများတွင် ဖဲရပ်ဆာလဖိတ် ပါဝင်နိုင်သည့်အတွက် ပမာဏများပြားစွာစုပုံထားရှိချိန် သဘာဝရေနှင့် လေတို့ တွေ့ဆုံဓာတ်ပြုကာ AMD (Acid Mine Drainage) ဖြစ်နိုင်ပါသည်။ ၎င်းအပြင် ရွှေသန့်စင်သည့် ဓာတုဗေဒပစ္စည်းများ၊ အက်စစ်နှင့် ပြဒါးများယိုစိမ့်စီး ထွက်မှု ဖြစ်ပေါ်ပါက (AMD) ဖြစ်နိုင်ခြေ ရှိပါသည်။

ရွှေသတ္တုဗြုန်းစာများ ကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းတွင် အသုံးပြုသော ပြဒါး၊ Cyanide ဓာတ်ပေါင်းများအား စနစ်တကျချေဖျက်သော နည်းစဉ်များအသုံးမပြုဘဲ ၎င်းတို့ပျော်ဝင်နိုင်သော စွန့်ပစ်ရေများအား မြစ်ချောင်း၊ စမ်းချောင်းများအတွင်းသို့ စွန့်ပစ်ပါက လူနှင့်ဇီဝမျိုးစုံမျိုးကွဲများ အတွက် အန္တရာယ်ရှိနိုင်ပါသည်။

လေအရည်အသွေးကျဆင်းခြင်း

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည့်ရွှေသတ္တုပါဗြုန်းစာများ သယ်ဆောင်သည့် ယာဉ်များသွားလာခြင်း၊ အုပ်ချုပ်မှုယာဉ်များသွားလာခြင်း၊ သတ္တုရိုင်းများ ကြိတ်ခွဲ ခြင်းတို့မှ ဖုန်မှုန့်များသည်  လေထုအတွင်းပျံ့လွင့်ကာ လေထုညစ်ညမ်းမှု ဖြစ်ပေါ် စေနိုင်ပါသည်။ ဖုန်မှုန့်လေးများကြောင့် နှာခေါင်း၊ မျက်စိတို့မှတဆင့် အသက်ရှုလမ်း ကြောင်းမှ အဆုတ်အတွင်းသို့ရောက်ရှိနိုင်ပြီး အလွန့်အလွန်သေးငယ်သော ဖုန်မှုန့်လေး များမှာမူ သွေးကြောထဲသို့ တိုက်ရိုက်ရောက်ရှိသွားနိုင်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ပေါ်စေနိုင်ပါသည်။

မြေအောက်ရွှေတူးဖော်ခြင်းလုပ်ငန်းခွင်များ၌ အောက်ဆီဂျင်လုံလောက်စွာ ရရှိရန် လိုအပ်ပြီး လေပေးစနစ်ကောင်းမွန်ခြင်းမရှိပါက လုပ်ငန်းခွင်အန္တရာယ်များဖြစ်ပေါ်နိုင် ပါသည်။

ဆူညံသံနှင့် တုန်ခါမှုများကြောင့် ထိခိုက်နိုင်မှုများ

သတ္တုမိုင်းများတွင်အသုံးပြုသော ယာဉ်၊ စက်၊ ယန္တရားများ၊ ဓာတ်အားပေး စက်များ အသုံးပြုခြင်းကြောင့် ဆူညံသံနှင့်တုန်ခါခြင်းများ အထိုက်အလျှောက် ထွက်ပေါ်နိုင်ပါသည်။ မိုင်းခွဲခြင်းမှ ဖိအားလွန်ကဲခြင်းနှင့် မြေသားတုန်ခါမှုများ ဖြစ်ပေါ် နိုင်သော်လည်း မြေအောက်လှိုဏ်များအတွင်းအငယ်စားဖောက်ခွဲမှုများမှ ပြင်ပသို့ တုန်ခါလှိုင်းများ (Shock Wave) နှင့် (Air blast) ဟုခေါ်သော ဆူညံသံနှင့် တုန်ခါမှုများ ထွက်ပေါ်ခြင်းမရှိနိုင်ပါ။ အနီးကပ်လုပ်ငန်း ဆောင်ရွက်ကြသော လုပ်သားများအတွက် သာ ထိခိုက်မှုများ အနည်းငယ် ရှိနိုင်ပါသည်။

ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

ဘေးအန္တရာယ်ကင်းရှင်းစေရန် လုပ်ငန်းခွင်အား စနစ်တကျဆောင်ရွက်ထားခြင်း မရှိလျှင်သော်လည်းကောင်း၊ မကျွမ်းကျင်သောလူပုဂ္ဂိုလ်ဝန်ထမ်းများကို အန္တရာယ်ကြီးမား သော လုပ်ငန်းခွင်တွင်ခန့်အပ်ထားခဲ့လျှင်သော်လည်းကောင်း၊ သတ္တုတွင်းတူးဖော်ခြင်း လုပ်ငန်း၏ ပင်ကိုယ်သဘောသဘာဝကပင် အန္တရာယ်ရှိသည့်လုပ်ငန်းဖြစ်သဖြင့် အောက်ဖော်ပြပါ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု(သို့မဟုတ်) ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်ပါသည်-

  • မော်တော်ယာဉ်မတော်တဆဖြစ်မှု (ယာဉ်တိုက်မှု/ ယာဉ်တိမ်းမှောက်မှု)။
  • သတ္တုတွင်းစက်ကိရိယာများနှင့် တိုက်မိခြင်း၊ ပိမိခြင်း။
  • သတ္တုတွင်းစက်ပစ္စည်းကိရိယာများ၊ ဝင့်စင်၊ ဝင့်ကြိုးများပျက်စီးခြင်း၊ လေမှုတ်စက် (သို့မဟုတ်) လွန်များအလုပ်မလုပ်ခြင်း။
  • မထိန်းချုပ်နိုင်သော (သို့မဟုတ်) မမျှော်လင့်ထားသော ပေါက်ကွဲမှုဖြစ်ခြင်း။ မီသိမ်း ဓာတ်ငွေ့ကဲ့သို့ မြေအောက်ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်ပေါ်ခြင်း။
  • အက်စစ်၊ ကော့စတစ်ဖျော်ရည်များစသည့် အန္တရာယ်ရှိသော ပစ္စည်းများနှင့် ထိမိခြင်း။
  • လောင်စာဖိတ်စင်ခြင်းနှင့် ပေါက်ကွဲခြင်းကြောင့် ဖြစ်စေသော မီးလောင်ကျွမ်းမှု။
  • လျှပ်စစ်စီးနေသော ဝါယာကြိုးများနှင့် ထိမိ၍ ဓာတ်လိုက်ခြင်း။
  • သတ္တုတွင်းနံရံများ (သို့မဟုတ်) အင်းထောက်၊ အုံးထုံးများ ကွဲအပ်ပျက်စီး မှုကြောင့် မြေအောက်မြေပြိုခြင်း။
  • ညံ့ဖျင်းသော မိလ္လာစနစ် (သို့မဟုတ်) ညစ်ညမ်းသောစွန့်ထုတ်ရေများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများကို ဖြစ်စေသည့် မလုံခြုံသော (သို့မဟုတ်) ဓာတ်သင့် ပျက်စီးနေသော သောက်ရေများ။
  • မီးလောင်ဒဏ်ရာ၊ အရေပြား၊ ယားယံခြင်း၊ မျက်စိနာခြင်းနှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် ၎င်းတို့ကိုဖြစ်စေနိုင်သည့် အရာဝတ္ထု များ၊ အဆိပ်ရှိ ဓာတုပစ္စည်းများနှင့် ထိမိခြင်း။
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် ၎င်းတို့ကိုဖြစ်စေသည့် လေထု အား ရှုရှိုက်မိခြင်း၊ ကျောက်ဖောက်စက်၊ ကျောက်ကြိတ်ခွဲစက်များမှ ထွက်ရှိသော ဖုန်မှုန့်များ ကြာရှည်ရှုရှိုက်မိခြင်း။
  • အကြားအာရုံချို့ယွင်းမှုကို ဖြစ်စေသည့် အလွန်အမင်းဆူညံခြင်း။
  • လူနေထူထပ်သော တန်းလျားများနှင့် မသန့်ရှင်းသည့် လူနေထိုင်မှုပုံစံများ ကြောင့် ကူးစက်ပြန့်ပွားတတ်သည့်ရောဂါများ ဖြစ်နိုင်ခြေများခြင်း။
  • အုပ်ချုပ်စီမံခန့်ခွဲမှုအားနည်းချက်နှင့် ကြိုတင်ကာကွယ်ရေးအစီအမံများ မရှိခြင်း။

အများပြည်သူအသက်မွေးမှုနှင့် လူထုအခြေခံအဆောက်အအုံများ

ရွှေသတ္တုတူးဖော်မှုလုပ်ငန်းများကြောင့် စီမံကိန်းတည်ရှိရာဒေသရှိ လူများနှင့် ဇီဝမျိုးစုံတို့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်စေနိုင်ပါသည်။ ဟင်းလင်းဖွင့်တူးဖော်နည်းအစား မြေအောက်တူးဖော်ခြင်း ဆောင်ရွက်ခြင်းဖြင့် ထိခိုက်မှုကိုလျော့ချနိုင်ပါသည်။ သို့ရာတွင် စီမံကိန်းဧရိယာ များသို့ လူများရွှေ့ပြောင်းဝင်ရောက်လာခြင်း၊ လက်လုပ်လက်စားလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြခြင်းတို့ကြောင့် အနည်းနှင့်အများ သက်ရောက်မှုများရှိပါသည်။ လူမှုစီးပွားရေးအရ ကောင်းကျိုးသက်ရောက်မှုနှင့် ဆိုးကျိုးသက်ရောက်မှုများ ရောထွေး လျှက်ရှိပါသည်။

တိုက်ရိုက်သက်ရောက်မှုများတွင် အောက်ပါတို့ပါဝင်ပါသည်-

  • ရေအရင်းအမြစ်များရရှိမှုနှင့် ဆုံးရှုံးမှု၊
  • ဆူညံမှု၊ တုန်ခါမှုနှင့် ယာဉ်လမ်းကြောင်းများမှ သဘာဝသာယာမှုများဆုံးရှုံးခြင်း၊
  • နိုင်ငံတော်နှင့် အကျိုးတူရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ နိုင်ငံတော်အတွက် သယံဇာတဝင်ငွေများ ရှာဖွေပံ့ပိုးပေးနိုင်ခြင်း၊
  • တရားဝင်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ နိုင်ငံသူနိုင်ငံသားများ အလုပ် အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားရေးအထောက်အကူဖြစ်စေခြင်း။
  • ဒေသတွင်းထွက်ကုန်များ၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကြောင့် စီးပွားရေးအဆင့်အတန်းမြင့်မားလာခြင်း။
  • ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးအတွက်များစွာ အထောက်အကူရရှိ နိုင်ခြင်း။

သွယ်ဝိုက်သက်ရောက်မှုများတွင် အောက်ပါတို့ပါဝင်သည်-

  • လူဦးရေတိုးပွားလာမှုကြောင့် အလုပ်များ၊ ကုန်ပစ္စည်းများနှင့် လုပ်ငန်း ဆောင်တာများ အတွက် ယှဉ်ပြိုင်မှုများပြားလာခြင်း၊
  • အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားသော စွဲလမ်းစေတတ်သော အရာများသုံး စွဲမှုနှင့် ဆက်စပ်သည့် လူမှုရေးကျန်းမာရေး သက်ရောက်မှုများ။
  • မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့်ဆက်စပ်သည့် ရာဇဝတ်မှုများနှင့် အသက်မွေးဝမ်း ကြောင်း ရပ်တည်မှုစွမ်းရည်ကျဆင်းလာခြင်း။
  • အသေးစားနှင့် အလတ်စားရွှေသတ္တုတူးဖော်မှုလုပ်ငန်းများဖွံ့ဖြိုး၍ ဆက်စပ် ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေနိုင်ခြင်း။
  • လူဦးရေတိုးပွားလာမှုကြောင်း ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်း မီနိုင်မှုဝေးကွာခြင်း။

စီမံကိန်းလုပ်ကွက်အနီး၀န်းကျင်အပေါ် ထိခိုက်နိုင်မှုများအား ဆန်းစစ်ခြင်း

စီမံကိန်းလုပ်ကွက်ဧရိယာ(၂၀)ဧက၏ အနီးပတ်ဝန်းကျင်သည်  စိမ်းလန်းဝါးရုံများ၊ ခြုံနွယ်များ၊ ပျဉ်းမပင်၊ တောသရက်ပင်၊ ကတီပင်၊ နပဲပင်နှင့် သံပေပင်စသည့် သစ်ပင်ကြီးများလည်း ပေါက်ရောက်၍ စိမ်းလန်းစိုပြေလျက်ရှိပါသည်။

စီမံကိန်းနှင့်အနီးဆုံးဖြစ်သော ကျေးရွာများမှ ဒေသခံများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါ သည်။ ဂေဟစနစ် အတန်အသင့်ပျက်စီးစေသော်လည်း ရှားပါးမျိုးစိတ်သတ္တဝါများ၊ အပင်များနှင့် ဆေးဖက်ဝင်အပင်များ၊ အဖိုးတန်သစ်ခွများ စသည့်သဘာဝပတ်ဝန်းကျင်များကို ပျက်ပြုန်း လောက်စေရန် မပျက်ဆီးနိုင်ပါ။

စီမံကိန်းလုပ်ငန်းများကြောင့် ဖြစ်လာမည့် ပတ်၀န်းကျင်ထိခိုက်ပျက်ဆီးမှုများအား ကုမ္ပဏီမှ အထူးထိန်းသိမ်းစောင့်ရှောက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လုပ်ကွက်၀န်းကျင်၏ ဂေဟစနစ်ပျက်ဆီးမှု ထိန်းသိမ်းစောင့်ရှောက်ရန် ဒေသခံများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်တော ထွက်ပစ္စည်းများအား မိမိအတွက် အမှန်တကယ် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲရန်နှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများကိုရှာဖွေ၍ လက်တွေ့လိုက်နာဆောင်ရွက်စေခြင်း ဖြင့် သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လုပ်ဆောင်မည်ဖြစ် ပါသည်။ အထက်ပါလုပ်ငန်းစဉ်များအား စဉ့်ကူးမြို့နယ်ရှိ ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းဆွေး နွေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများနှင့် လျော့ချမည့် နည်းလမ်းများ

စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် မြေပေါ်၊ မြေအောက်သတ္တုတွင်း တူးဖော်ခြင်းနည်း လမ်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်၊ ဇီဝပိုင်းဆိုင်ရာပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်များကို အနည်းနှင့်အများ ထိခိုက်မှုများ ရှိနိုင်ပါသည်။

စီမံကိန်းဧရိယာအတွင်း အကြိုတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်စဉ်ကပင် ကွင်းဆင်း အဖွဲ့မှ ယူဆောင်သုံးစွဲပြီးသော စွန့်ပစ်အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ကျန်ရှိ ခဲ့သည်မှအစ မူလသဘာ၀ဝန်းကျင်တွင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် စနစ်တကျ ဆောင်ရွက်ခဲ့ သည့်အတွက် ဂေဟစနစ် အပေါ် ဆိုးကျိုးသက်ရောက်မှုမှာ မရှိသလောက် နည်းပါးခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိသည့် ခွင့်ပြုဧရိယာ အတွင်း၌ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် စီမံကိန်းလုပ်ကွက် ဧရိယာအတွင်း၌ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ထမ်းများနှင့် လုပ်သားများ လုပ်ကိုင်နေထိုင်နိုင် ရေးအတွက် လုပ်ကွက်အတွင်း တည်ဆောက်ထားသည့် အခြေစိုက်စခန်းနှင့် အခြားလိုအပ် သည့် အဆောက်အဦများ ဆောက်လုပ်ရန် မြေလိုအပ်ချက်အနည်းဆုံး ရယူဆောင်ရွက်ခဲ့ပါ သည်။

မြေနေရာရှင်းလင်းခြင်း၊ မြေညှိခြင်းလုပ်ငန်းဆောင်ရွက်ရသဖြင့် သဘာ၀ပေါက်ပင်နှင့် အပေါ်ယံ မြေလွှာပျက်စီးမှုရှိခဲ့ပြီး ဒေသနှင့်ကိုက်ညီသော သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် အပေါ်ယံမြေဆီလွှာပျက်ဆီးမှုအား ထိန်းသိမ်းခဲ့ပါသည်။ အဆောက်အဦ၀န်းကျင်နှင့် လုပ်ကွက်ဧရိယာ အတွင်းရှိ ရှိနှင့်ပြီးသစ်ပင်ကြီးများကို ဆက်လက်ထိန်းသိမ်းခြင်း၊ မြေနေရာလပ်များ၌ သစ်ပင်များဖြည့်စွက်စိုက်ပျိုးရန် ပျိုးခြံထူထောင်ထားရှိခြင်းနှင့် မိုးရာသီကာလတွင် မြေချစိုက်ပျိုး ခြင်းဖြင့် အပေါ်ယံမြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် သဘာ၀ပတ်၀န်းကျင်အား မူလအနေအထား နီးပါး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းမှ လူများနေထိုင်လာမူကြောင့် ၀န်ထမ်းအိမ်ယာများ အနီးဝန်းကျင်တွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အမှိုက်သရိုက်များ၊ ပလတ်စတစ်များကြောင့် အပေါ်ယံမြေဆီလွှာ ကို ညစ်ညမ်းမှုဖြစ်စေနိုင်ပါသည်။ ယင်းအညစ်အကြေးပစ္စည်းများကို ပြန်လည်အသုံးချခြင်း နှင့် နေထိုင်သူများနှင့် ဝေးကွာသော နေရာအား ရွေးချယ်ပြီး မြေကျင်းအတွင်း၌ ထည့်သွင်း၍ ပြာကျသည်အထိ မီးရှို့ဆောင်ရွက်ခြင်းဖြင့် မြေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းသိမ်းလျက်ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခဲ့ချိန်မှစ၍ လုပ်ကွက် အတွင်း ချဉ်းကပ်လမ်းများ ဝင်ရောက်ရာလမ်းများ ရှင်းလင်းခြင်းနှင့် လူနေဆောင်၊ မီးစက်၊ လေစက်၊ အိမ်သာ၊ ရေချိုးခန်းများထားရှိခြင်း၊ ရွှေသတ္တုတူးဖော်ရေးစီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်ထိခိုက် ပျက်ဆီးမှုများအား အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်း ထိန်းသိမ်းသွားပါမည်-

အကြောင်းအရာ ထွက်ရှိမည့်အရင်းအမြစ် လျော့ချမည့်နည်းလမ်း
ချဉ်းကပ် ဝင်ရောက်ရာ လမ်းများအားရှင်းလင်း ခြင်း သစ်ပင်၊ ဝါးပင်များအား ခုတ်လှဲ၍ လမ်းချဲ့ထွင်ရှင်းလင်းမှုများ ပြုလုပ် ရခြင်း အစားထိုးသစ်ပင်များနှင့် ပျိုးခင်း ခြံများ စိုက်ပျိုးခြင်း
မတော်တဆယာဉ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း လမ်းသတိပေးဆိုင်းဘုတ်များ တပ်ဆင် ထားခြင်း၊ ဘေးအန္တရာယ် ကင်းဝေးခြင်း ဆိုင်ရာ သင်တန်းများ ပို့ချဟောပြောမှု များ ပြုလုပ်ပေးခြင်း
အဆောက်အဦ ဆောက်လုပ်ခြင်း သစ်၊ဝါးခုတ်ခြင်းကြောင့် သစ်တောပြုန်းတီးမှုဖြစ်ပေါ် ခြင်း ပျိုးပင်များအားပျိုးခြံအတွင်း ထား ရှိပြီး လုပ်ကွက်မြေလွတ်နှင့် လမ်းဘေး ဝဲယာများတွင် အစားထိုးစိုက်ခင်းများ စိုက်ခြင်း
လူတို့၏စွန့်ပစ်ပစ္စည်းများနှင့် စက်ယန္တရား စွန့်ပစ် ပစ္စည်းများ ပတ်ဝန်းကျင် မြေဆီလွှာ ထိခိုက် ပျက်ဆီးနိုင်ခြင်း၊ ဆီစိုအဝတ် များမှ မြေဆီလွှာထိခိုက် ပျက်ဆီး နိုင်ခြင်း စနစ်တကျ မြေကျင်းများတွင်ထည့်၍ ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခြင်း

 

စက်ဆီ၊ ချောဆီစွန့်ပစ် အရည်များ နှင့် ထိခိုက်ပျက်ဆီးနိုင်ခြင်း စည်ပိုင်းအလွတ်များတွင် ထည့်၍ မြို့သို့ ပို့ဆောင်ပြန်လည် ရောင်းချခြင်း
မြေအောက်လှိုဏ် တူးဖော်ခြင်း အပေါ်ယံမြေဆီလွှာ ပျက်စီးခြင်း၊ စွန့်ပစ်မြေစာများ ဖြစ်ပေါ်လာခြင်း၊ မြေထိန်းနံရံများ ထားရှိဆောင်ရွက်စေခြင်း၊ Land Scaping လုပ်ငန်းများ ဆောင် ရွက်စေခြင်း၊ စွန့်ပစ်မြေစာများအား လမ်းခင်းရာတွင်  အသုံးပြုခြင်းနှင့်  အခြားမလိုအပ်သည့် ကျင်းများ ချိုင့်များ တွင် အစားထိုး ဖြည့်ခြင်း
သဘာဝဘေး အန္တရာယ်နှင့် လူတို့၏ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းခြင်း မီးလောင်ခြင်း

စီမံကိန်းလုပ်ကွက်ဧရိယာ အနီးဝန်း ကျင်ပတ်လည်တွင် အကျယ် (၂၅)ပေရှိ မီးတားလမ်းများ ဖောက်လုပ်ထားရှိခြင်း၊ မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ် များ တပ်ဆင်ထားရှိခြင်း
လောင်စာဆီများ သိုလှောင် ထားရှိမှု ကို မီးသတ်ဦးစီးဌာနမှ လမ်းညွှန်ကန့်သတ် ချက်များနှင့်အညီ သိုလှောင်ထားရှိမှု ပြု လုပ်ခြင်း

ဖြစ်ပေါ်လာမည့် ထိခိုက်မှုများအား လျော့နည်းစေရန် ဆောင်ရွက်မည့် အစီအစဉ်

ထွန်းရွှေစင် ကုမ္ပဏီလီမိတက်၏ စီမံကိန်း လုပ်ငန်းအဆင့်ဆင့်တွင် ဆူညံသံ၊ စွန့်ပစ်ရေ၊ စွန့်ပစ်မြေဆီလွှာ၊ စွန့်ပစ်ခဲစာ၊ ပြဒါး၊ အနံ့နှင့် ဖုန်မှုန့်များကြောင့်လည်း လုပ်ငန်းခွင် ထိခိုက်မှု Impact များ ဖြစ်ပေါ်လာနိုင်သောကြောင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် ထိခိုက်မှုများအား ကာကွယ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် လျော့နည်းစေရန် ဆောင်ရွက်မည့်အစီအစဉ်များအား အောက်ပါ အတိုင်းဖော်ပြပါသည်-

 

 

 

အသံဆူညံမှုနှင့်ဆိုင်သော စီမံခန့်ခွဲမှုအစီအစဉ်

ထွက်ရှိမည့်အရင်းအမြစ်

စီမံကိန်းလုပ်ကွက်အတွင်း ရွှေသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင် မြေအောက်တူးဖော်ခြင်းနည်းစနစ်ကို အသုံးပြုပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စက်ယန္တရားကြီးများမပါဝင်ဘဲ လုပ်ငန်းခွင်သုံး မော်တော်ယဉ်၊ မီးစက်၊ လေစက်နှင့် တွဲသုံးသော အင်ဂျင်သံများနှင့် မြေအောက်ဆင်းဖောက်၍ ယမ်းခွဲ အသုံးပြုခြင်းမှ ဆူညံသံနှင့် တုန်ခါမှုများ ထွက်ရှိနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်ပါသည်။ စီမံကိန်း လုပ်ငန်းခွင်အတွင်း ဆူညံသံ တိုင်းတာရရှိမှု ပမာဏ မှာ နေ့အချိန် တွင် 54.3 dBA ရှိပြီး ညအချိန် တွင် 48.6 dBA ရှိပါသည်။

လျော့ချမည့်နည်းလမ်း

လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် ဆူညံသံများမှ ပတ်ဝန်းကျင်ကို  ထိခိုက်မှု မရှိစေရေး မီးစက်၊ လေစက်၊ အင်ဂျင်များကို အိတ်ဇောပိုက် တပ်ဆင်ခြင်း၊ အင်ဂျင်ဝိုင်နှင့် ချောဆီများအား လိုအပ်သည့်အခါတိုင်း စစ်ဆေးလဲလှယ်ခြင်း၊ အသံလုံ စနစ်တပ်ဆင်ထားခြင်း၊ အဆောက်အဦများ တွင် ထားရှိခြင်းနှင့် မော်တော်ယဉ်များအား အရှိန်လျော့မောင်းနှင်စေခြင်း တို့ဖြင့် ဆူညံသံလျော့နည်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။   တူးဖော်ရေး လုပ်ကွက်သည် အနီးဆုံးရှိ ကျေးရွာနှင့်(၃)မိုင်ကျော်ခန့်ကွာဝေးသဖြင့် လူမှုဝန်း ကျင်ကို အသံကြောင့်ဆိုးကျိုးများ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ခြင်း မတွေ့ရပါ။           မြေအောက်လှိုဏ်ဂူတူးဖော်ရေးလုပ်ငန်းခွင်၌ ယမ်းလွန်တူးဖော်ခြင်းနှင့် ယမ်းခွဲခြင်းလုပ်ငန်းများသည် အလုပ်ချိန်တိုတောင်းပါ သော်လည်း လုပ်သားများကို နားစို့ကိရိယာများ၊ နားကြပ်ကိရိယာများအား တပ်ဆင် အသုံးပြုစေခြင်းဖြင့် အသံဆူညံမှုကို ကာကွယ်သွားမည်ဖြစ်ပါသည်။ အသုံးပြုမည့်ယမ်း ပမာဏကိုလည်း ကျောက်သားအပေါ်မူတည်၍ အနည်းဆုံး လိုအပ်မည့်ပမာဏသာ ကန့်သတ်သုံးစွဲစေခြင်းဖြင့် ဆူညံသံနှင့် တုန်ခါမှုများကို လျော့ချသွားမည်ဖြစ်ပါသည်။ တိုင်းတာရရှိသော ပမာဏနှင့် အမျိုးသားပတ်ဝန်း ကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်ပါ ဆူညံသံနှင့်ဆိုင်သော စံချိန်စံညွှန်းတို့၏ နှိုင်းယှဉ် ချက်မှာ အောက်         ပါအတိုင်းဖြစ်ပါသည်-

Industrial, commercial Tun Shwe  Zin 138-A Standard Values
Day Time 54.3a 70 a
Night Time 48.6 a 70 a

တုန်ခါမှုနှင့် ဆိုင်သော စီမံခန့်ခွဲမှုအစီအစဉ်

ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ Pneumatic rock drill နှင့် Pick-hammers များကဲ့သို့ လက်ဖြင့်ကိုင်တွယ်ရသော စက်ပစ္စည်းများဖြင့် အလုပ်လုပ်ရာတွင် စက်ယန္တရားများ၏ တုန်ခါခြင်းကြောင့် လုပ်သားများ၏ လက်နှင့်လက်မောင်းများအား Vibration White Finger (VWF) ကဲ့သို့ သွေးမလျှောက်၍ တစ်ရှူးများပုတ်ဆွေးခြင်းစသည့် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။  အဆိုပါထိခိုက် မှုမျိုးမဖြစ်ပေါ်စေရန် စက်ယန္တရားများနှင့် ကိရိယာများကို အချိန်ကြာရှည်စွာ အသုံးပြုခြင်းမှ ရှောင်ရှားစေခြင်း၊ တုန်ခါမှုကိုလျော့နည်းသော ခေတ်မီပစ္စည်းကိရိယာများကို အသုံးပြုစေခြင်း၊  ကိရိယာဟောင်းများတွင် တုန်ခါမှုလျော့နည်းစေသည့် လက်ကိုင်များဖြင့် အစားထိုးပြင်ဆင်စေခြင်း၊ Heavy tools ကို ပေါ့ပါးစွာ ကိုင်တွယ်နိုင်ရန် ဆောင်ရွက် စေခြင်း၊ စက်ပစ္စည်းများကို နေ့စဉ်စစ်ဆေးပြုပြင်စေ ခြင်းများအား ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

လေထုအရည်အသွေး စီမံခန့်ခွဲမှုအစီအစဉ်

ထွက်ရှိမည့်အရင်းအမြစ်

                          ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယမ်းခွဲခြင်း၊ ရွှေပါဗြုန်းစာများ သယ်ယူခြင်း၊ သတ္တု သန့်စင်ခြင်းလုပ်ငန်းများ တွင် သတ္တရိုင်းများ ကြိတ်ခွဲခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်း၊ အင်ဂျင်များမှ အမှုန်အမွှား၊ အခိုးအငွေ့များ ထွက်ရှိခြင်းတို့ကြောင့် စီမံကိန်းလုပ်ကွက်နှင့် အနီးဝန်းကျင်၏ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နိုင်စေပါသည်။

အနံ့အသက်လျော့ပါးရေးအစီအစဉ်

                                        ထွန်းရွှေစင် ကုမ္ပဏီလီမိတက်၏ စီမံကိန်းလုပ်ငန်းအဆင့်ဆင့် တွင် ထွက်ရှိလာနိုင်သောအနံ့များမှာ လူမှုပတ်ဝန်းကျင်အတွက် မခံနိုင်သော ဆိုးရွားသည့် အနံ့များထွက်ပေါ်လာနိုင်သည့် လုပ်ငန်းစဉ်များ မပါဝင်ပါ။ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသော စက်ယန္တရား၊ မော်တော်ယာဉ်များမှ အခိုးအငွေ့များ ထွက်ရှိမှုနည်းပါးစေရန် အင်ဂျင်၊ စက်သုံးဆီနှင့် အင်ဂျင်ဝိုင်များ အား မကြာခဏ စစ်ဆေးပြုပြင်ခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါ

အမှုန်အမွှားလျော့ပါးရေး ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်                 အကြိုတည်ဆောက်ရေးလုပ်ငန်းမှစတင်၍ လုပ်ငန်းလည်ပတ်သည့် အချိန်ကာလထိ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ ထုတ်လုပ်ရေး စက်ယန္တရားများ လှုပ်ရှားမောင်းနှင်သွားလာမှုကြောင့် စီမံကိန်းဧရိယာဝန်းကျင်တွင် ဖုန်မှုန့်များဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ပါ၍မော်တော်ယာဉ်နှင့် စက်ယန္တရား ကြီးများသွားလာရာကားလမ်းများအား မကြာခဏရေဖျန်းပေးခြင်း၊ မော်တော်ယာဉ်များကို အရှိန်လျော့မောင်းနှင်စေခြင်း၊ စွန့်ပစ်မြေစာနှင့်ခဲစာများ၊ သတ္တုရိုင်းစွဲဝင်သော ကျောက်သားများအား စနစ်တကျဖုံးအုပ်သယ်ဆောင်ခြင်း၊ စွန့်ပစ်မြေစာများအား လေထုထဲပျံ့လွင့်မှုမရှိစေရန် စနစ်တကျ စုပုံဖိသိပ်ခြင်းစသည့် နည်းလမ်းများဖြင့် အမှုန်အမွှားများပျံ့လွှင့်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါသည်။

                                        လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် ထုတ်လုပ်ရေးကာလများတွင် မြေအောက် လှိုဏ်ဂူတူးဖောက်ခြင်းနည်းစနစ်အား အသုံးပြုသောကြောင့် ကျောက်သားများအား ဂန်းဖောက်စက်များကိုအသုံးပြု၍ ယမ်းပေါက်ဖောက်ခြင်း၊ ယမ်းခွဲခြင်းလုပ်ငန်းများမှ ကျောက်သားအမှုန်အမွှားနှင့် ယမ်းငွေ့များထွက်ပေါ် လာနိုင်ပါသည်။ အဆိုပါလုပ်ငန်းများသည် လုပ်ငန်းချိန် တိုတောင်းသောကာလ အတွင်း၌သာ ဖြစ်ပေါ်နိုင်သဖြင့် ဆိုးကျိုးသက်ရောက်မှုမှာ ယာယီမျှသာ ဖြစ်ပါသည်။ သို့သော် ယမ်းငွေ့နှင့်ကျောက်သား အမှုန်အမွှားများအန္တရာယ် ကင်းရှင်းစေရန် လုပ်သားများအား ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ခြင်း၊ နှာခေါင်းစည်းများ အသုံးပြုခြင်း၊ မြေအောက် လှိုဏ်ဂူသုံး ယမ်းမှုန်ကာ မျက်မှန် များ တပ်ဆင်အသုံးပြုစေခြင်း နည်းလမ်းများဖြင့် အန္တရာယ်မရှိစေရန် ကာကွယ်သွားပါမည်။

                                  လုပ်ကွက်အတွင်း တိုင်းတာရရှိသော လေထုအရည်အသွေးပမာဏနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်ပါ လေအရည်အသွေးစံချိန်စံညွှန်းများ နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

Parameter Averaging Period Work Site 138-A

µg/m³

Guideline Value

µg/m³

Nitrogen dioxide 1-year

1-hour

18.9 ug/mᶟ 40

200

Particulate Matter PM10 1-year

24-hour

37.3 ug/mᶟ 20

50

Particulate Matter PM2.5 1-year

24-hour

37.7 ug/mᶟ 10

25

Sulphur dioxide 24- year

10- minute

1.01 ug/mᶟ 20

500

 

ပတ်၀န်းကျင် ရေအရည်အသွေး ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ခြင်းလုပ်ငန်း

                          ထွန်းရွှေစင်ကုမ္ပဏီလီမိတက်၏လုပ်ကွက် SGU-138(A) အနီးရှိ ပါပေါချောင်း အတွင်း ရေဆင်းစနစ်မှတဆင့်စီးဆင်းနိုင် ခြေများသောကြောင့် လုပ်ငန်းခွင်မှ စွန့်ပစ်ရေများကို ရေစစ်ကန်မှတဆင့်စစ်ထုတ်ပြီး pH(6-9) အတွင်းရှိမှသာ စွန့်ပစ် သွားရန် စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လုပ်ကွက်အတွင်းရှိ သုံးရေတွင်းမှ ရေနမူနာယူ၍ ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ရေအရည်အသွေးမှာ pH (7.9) ရှိပြီး အာဆင်းနစ်နှင့် ခဲဓာတ်များပါ၀င်မှုမတွေ့ရှိရပါ။ ဓာတ်ခွဲ စမ်းသပ်အဖြေအရ စွန့်ထုတ် အရည်အဆင့် သတ်မှတ်ချက်အတွင်း၌သာ ရှိကြောင်း တွေ့ရှိရ ပါသည်။

ထွက်ရှိမည့်အရင်းအမြစ်

                          လုပ်ကွက်ဧရိယာအတွင်း သတ္တု တူးဖော်ရေးလှိုဏ်အတွင်းမှလည်းကောင်း၊ အခြေစိုက်စခန်းအတွင်း ရွှေသတ္တုသန့်စင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စွန့်ပစ်ရေများကို စစ်ထုတ် သန့်စင်သည့် နှုန်းစစ်ကန်များမှ လည်းကောင်း စွန့်ပစ်ရေများ ထွက်ရှိပါ သည်။

လျော့ချမည့် နည်းလမ်း

                          မြေအောက်သတ္တုတူးဖော်ခြင်းမှထွက်ရှိသည့် ရေများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် လုပ်ကွက်အတွင်း ရေစုကန် ထားရှိပြီး ရေ၏ pH ကို လစ်တမတ် စက္ကူဖြင့် လည်း တိုင်းတာစစ်ဆေးသွားပါမည်။

ပြဒါးနှင့် ဆိုင်ယာနိုက်ကို စနစ်တကျအသုံးမပြုတတ်ပါက မြေပေါ်မြေအောက်ရေများ ထိခိုက်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ စွန့်ပစ်ရေများအား စွန့်ပစ်ကန်များတွင် အက်စစ်ဓာတ် လျော့နည်းစေရန် ထုံးကျောက် (သို့) ထုံး ထည့်ပြီး pH (6-9) အတွင်း ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေ၏ pH ကို လစ်တမတ် စက္ကူဖြင့်လည်း တိုင်းတာ စစ်ဆေးသွားပါမည်။

ပြဒါးစုနည်းဖြင့် ဖမ်းယူထားသည့် အင်ဝိုင်းလှည့်ကန်များမှ ရေကိုလည်း ပလပ်စတစ် အထူခင်းထားသော ရေစစ်ကန် (Tailing Pond) တွင် စုဆောင်းပြီး ထုံးထည့်ခြင်း၊ နေအပူရှိန်ဖြင့် အငွေ့ပြန်စေခြင်းတို့ဖြင့် ဓာတ်ပျယ်စေပြီး ပြဒါး ပါဝင်မှု 0.01 mg/L အထိ လျော့ချပြီး ရေစစ်ကန်ထား၍ ချဉ်ငံနှုန်း (pH) ၆ မှ ၉ အတွင်း ရှိမှ သာ စွန့်ပစ်သွားမည် ဖြစ်ပါသည်။ ​ ဆိုင်ယာနိုက်ချက်ကန်များမှ စွန့်ပစ်ရေများကို ဓာတ်ပြယ်စေရန် ဟင်းလင်းပြင်တွင် ဧရိယာကျယ်ပြန့်စွာတူးထားသည့် ထုံးဖြူး ထည့်ထားသော အောက်ခံပလပ်စတစ် ခင်းထားသည့် စွန့်ပစ်ရေကန်တွင် စုဆောင်းပြီး ရေစစ်ကန်ထားရှိကာ ဆိုင်ယာနိုက်ပါဝင်နှုန်း(1.0 mg/L)အထိ လျှော့ချပြီးမှ စွန့်ပစ် သွားမည်ဖြစ်ပါသည်။ လုပ်ကွက်အတွင်း တိုင်းတာရရှိသော စွန့်ပစ်ရေအရည်အသွေး ပမာဏနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန် ချက်ပါ ရေအရည်အသွေးစံချိန်စံညွှန်းများ နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်းဖြစ် ပါသည်-

Sr No. Element 138-A

စွန့်ပစ်ရေ

Base Site စွန့်ပစ်ရေ Standard Unit
1 Iron (Fe) 0.207 0.324 2 mg/L
2 Copper (Cu) 0.02 0.03 0.3 mg/L
3 Lead (Pb) 0.122 0.203 0.2 mg/L
4 Zinc (Zn) 0.004 0.001 0.5 mg/L
5 Arsenic ND ND 0.1 mg/L
6 Colour Clean Not Clean
7 PH 6.9 6.3 6-9 S.U.a

စွန့်ပစ်မြေစာ၊ စွန့်ပစ်ခဲစာနှင့် ဆိုင်သော စီမံခန့်ခွဲမှုအစီအစဉ်

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ထွက်ရှိလာမည့် စွန့်ပစ်မြေစာများ၊ စွန့်ပစ်ခဲစာများကို စနစ်တကျဆောင်ရွက်ခြင်းမရှိပါက ပတ်ဝန်းကျင်အား ထိခိုက်မှု များ ရှိနိုင်ပါသည်။

 

ထွက်ရှိမည့် အရင်းအမြစ်

             လုပ်ကွက်ဧရိယာအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများမှ အပေါ်ယံစွန့်ပစ် မြေများ၊ စွန့်ပစ်ခဲစာများ (အလုပ်လုပ်ချိန် တစ်ရက်လျှင် ၁ တန် ခန့်)၊ အခြေစိုက် စခန်းအတွင်းမှ ရွှေသန့်စင်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေစာများ (အလုပ်လုပ်ချိန် တစ်ရက်လျှင် ၁ တန် ခန့်) ထွက်ရှိနိုင်ပါသည်။

လျော့ချမည့်နည်းလမ်း

ရွှေသတ္တု တူးဖော်ထုတ်လုပ်ရာတွင် ထွက်ရှိလာနိုင်သော စွန့်ပစ်မြေစာများ အား Latitude 22º 36′ 38.02” N and Longitude 96º 11′ 44.45” E တွင် ထားရှိပြီး မိုးရွာပါက မိုးရေစီးကြောင်းတွင် မျောပါမသွားနိုင်စေရန် စနစ်တကျ ကာရံထားရှိပြီး လျှိုမြောင်များ၊ ကားလမ်းများနှင့် မြေမညီသောနေရာများတွင် စနစ်တကျ ဖိသိပ်ပို့ချ ဆောင်ရွက်ထားမည် ဖြစ်ပါသည်။ ၎င်းအပြင် စွန့်ပစ်မြေစာများအား မြေအောက် လှိုဏ်ဂူအတွင်း ရှေ့စားနောက်ပစ် စနစ် (Cut and Fill Method) အား အသုံးပြုပြီး ဖြည့်သွားမည်ဖြစ် ပါသည်။

မြေအောက်တူးဖော်ခြင်းလုပ်ငန်းမှထွက်ရှိလာသော စွန့်ပစ်မြေစာ၊ စွန့်ပစ်ခဲစာ များအား မြေအောက်တူးဖော်ပြီးလှိုဏ်များအတွင်းနှင့် ရွှေမထွက်တော့သည့် လှိုဏ်များ အတွင်း ပြန်လည်ဖို့ခြင်းစနစ်ဖြစ်သည့် (Cut and Fill Method) အားအသုံးပြု သွားမည်ဖြစ်ပါသည်။ ပိုလျှံထွက်ရှိလာသော စွန့်ပစ်ကျောက်ရိုင်းများကို ပြိုမကျစေရန် အစောင်း ၄၅ဒီဂရီ၊ အမြင့်ပေ ၂၀ အထိသာ ထားရှိပါမည်။ လုပ်ကွက်အတွင်း စွန့်ပစ် ကျောက်ရိုင်းများကို Latitude 22º 36′ 38.02” N and Longitude 96º 11′ 44.45” E တည်နေရာတွင် စနစ်တကျစုပုံထားရှိ၍ လမ်းခင်းခြင်း၊ ကျင်းချိုင့် များတွင် ဖို့ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွှေသတ္တုကြိတ်ခွဲသန့်စင်ပြီး ထွက်ရှိလာမည့် စွန့်ပစ် မြေစာ(အင်ချီး)များအား အခြေစိုက်စခန်းအတွင်းရှိ Latitude 22º 36′ 11” N and Longitude 96º 10′ 48” E ရှိ သွပ်ပြားများ ကာရံထားသည့် ပေ(၁၀၀) ပတ်လည် စုပုံကွင်းအတွင်း အစောင်း၄၅ဒီဂရီ၊ အမြင့်ပေ၂၀အထိသာ စနစ်တကျစုပုံထားရှိမည်ဖြစ်ပါသည်။ ရေစီး၍ သော်လည်းကောင်း၊ လေတိုက်၍သော်လည်းကောင်း စွန့်ပစ်မြေစာများ အဝေးသို့ ပျံ့လွင့်မှုမရှိစေရန် စနစ်တကျထိန်းသိမ်းထားရှိမည်ဖြစ်ပြီး လမ်းခင်းခြင်း၊ ကျင်းချိုင့်များ တွင်ဖို့ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရွှေသတ္တုတူးဖော်ထုတ်လုပ်ချိန်တွင် ဝန်ထမ်းများရေချိုးခန်း၊ ရေအိမ်များမှ ထွက်ရှိ လာနိုင်သော အညစ်အကြေးများ၊ စားသောက်ဆောင်မှ ထွက်ရှိလာနိုင်သော အညစ်အကြေး များအား Concrete Waste Tank များဖြင့်လည်းကောင်း၊ Conventional Septic Tank များဖြင့်လည်ကောင်း၊ စွန့်ပစ်အမှိုက်များအား ကျင်းများတူး၍ စနစ်တကျစွန့်ပစ်ရန် စီမံဆောင် ရွက်သွားမည်ဖြစ်ပါသည်။

သတ္တုတွင်းရှိရေမြောင်းစနစ်

Small mine အများစုသည် မြစ်ရေမျက်နှာပြင်အောက် (သို့) အနီးတွင်ရှိ ခဲ့လျှင် ဆိုးရွားသောမြေအောက်ရေများစီးဝင်လာခြင်းကို ရင်ဆိုင်နိုင်ရပါသည်။ များသော အားဖြင့် မိုးသည်းထန်စွာ ရွာနေစဉ်အတွင်းနှင့် မိုးရွာပြီးနောက် မြေအောက်ရေ မြင့်တက်လာနိုင်သော ပြဿနာများ ရှိနိုင်ပါသည်။ မြေအောက်ရေသည် လုပ်ကွက် လှိုဏ်အတွင်း ရေလျှံခြင်း၊ ရွှံ့များစီးဆင်းခြင်း၊ လျှောစောက်များကို တိုက်စားခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် Pitsများ၏ တည်ငြိမ်မှုကိုဆိုးရွားစွာ ထိခိုက်စေ နိုင်သည်။ ထို့ကြောင့် တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း မြေအောက်ရေ မြင့်တက်မှု လျော့နည်းစေရန် ရေမြောင်းများဖောက်လုပ်ထားရှိမည်ဖြစ်ပါသည်။ မြေအောက်ရေများ သဘာဝအလျောက် စီးဆင်းနိုင်ရန် ဖြစ်နိုင်သလောက် Mine working ကို စီစဉ်မည်ဖြစ်ပါသည်။ Slope များ၏ အောက်တွင် မြေအောက်ရေများ စုစည်းရန် မြောင်းများ ပြုလုပ်ပေးခြင်းသည်လည်း Surface mine ၏ Slope များကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး လိုအပ်ပါက Pump များ တပ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။ လက်ရှိတွင် လုပ်ငန်းခွင်ရေနစ်မြှုပ်မှုမရှိစေရေး အတွက် ရေပိုက်သုံးရေမြှုပ်မော်တာ(၂) လက်မ (၁) လုံးနှင့် (၄) လက်မ (၁) လုံးတို့ကို အီတလီရေပန့်များအသုံးပြု၍ မြေအောက်ရေများအား စွန့်ထုတ်လျက် ရှိပါသည်။

မြေအောက်တူးဖော်ခြင်းမှ ထွက်ရှိသည့် ရေများမှ အသုံးပြုပြီး ပိုလျှံရေများက ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် လုပ်ကွက်အတွင်း Latitude 22º 36′ 39.15” N and Longitude 96º 11′ 45.75” E တွင် ရေစုကန် ထားရှိပြီး ပြင်ပဒေသ ရေစီးကြောင်းသို့ စနစ်တကျ စီးထွက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော ဘေးအန္တရာယ်ကင်းဝေး      ရေးဆောင်ရွက်ချက်များ

                           ထုတ်လုပ်ရေးကာလတွင် မြေအောက်လှိုဏ်ဂူတူးဖောက်ခြင်း နည်းစနစ်ကိုသာ အဓိက အသုံးပြုသွားပါမည်။ တူးဖော်စဉ်ကဖယ်ရှားခဲ့သော စွန့်ပစ်ခဲစာများအား ရှေ့စား နောက်ပစ်ပြန်ဖို့နည်းစနစ် Cut and Fill Method အားအသုံးပြု၍ လှိုဏ်ဂူအတွင်း ပြန်လည် ဖြည့်တင်းခြင်းနှင့် ပိုလျှံလာသောစွန့်ပစ်ခဲစာ(အကာ)များအား လှိုဏ်ဂူအပြင်ရှိ စွန့်ပစ် ခဲစာစုပုံကွင်းသို့ ပို့ဆောင်သိုလှောင်ပါမည်။ ၎င်းအပြင် ထုတ်လုပ်ရေးကာလ အတွင်း ရွှေသတ္တုစွဲဝင်သော ကျောက်သားများအား စနစ်တကျကာရံထားသော စုပုံ ကွင်းများ ထားရှိ၍ စနစ်တကျ ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါမည်။

စွန့်ပစ်ရေအချို့ကို ရေစစ်ကန်၊ အနည်ထိုင်ကန်အဆင့်ဆင့်ထား၍ စစ်ယူပြီး ပြန်လည် အသုံးပြုခြင်းဖြင့် မြေပေါ်၊ မြေအောက်ရေသယံဇာတများအား ထိခိုက်မှု လျော့နည်းစေရန် ထိန်းသိမ်းကာကွယ်သွားပါမည်။

စောင်ကြပ်ကြည့်ရှု့စစ်ဆေးရေးအဖွဲ့မှ မြေပေါ်၊ မြေအောက်ရေသယံဇာတ ထိခိုက်မှုမရှိစေရန်အတွက် စီမံကိန်းဧရိယာအတွင်းရှိ မြေပေါ်၊ မြေအောက်ရေနမူနာများ အား ရယူ၍ သုံးလလျှင်တစ်ကြိမ် စစ်ဆေးရန် စီမံဆောင်ရွက်သွားပါမည်။

ရွှေသတ္တုတူးဖော်ရေးလုပ်သားများ ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် နှာခေါင်း စည်းများ၊ လက်အိတ်များ၊ မိုင်းဦးထုတ်၊ မိုင်းဖိနပ်၊ မျက်မှန် အစရှိသော သတ္တုတွင်းဝတ်စုံ ပြည့်ဝတ်ဆင်မည်ဖြစ်ပြီး ရွှေသတ္တုဘေးအန္တရာယ်ရှိမှုများကို ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပါမည်။ ဝန်ထမ်းများ၏ကျန်းမာရေး ဆေးစစ် ခြင်းများ လစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အရေးပေါ်လူနာများအတွက် ရှေးဦး သူနာပြုခြင်းသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပါသည်။ အရေးပေါ်လူနာများနှင့် စိုးရိမ်ရသောလူနာများရှိပါက စဉ့်ကူးမြို့ သို့မဟုတ် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

မြေအောက်လှိုဏ်ဂူလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စီမံချက်

                          လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် ထုတ်လုပ်ရေးကာလတွင် မြေအောက် လှိုဏ်ဂူနှင့် စိုက်ကျင်းများတူးဖောက် ဆောင်ရွက်မည်ဆိုပါက အန္တရာယ်ကင်းရှင်း စေရန်အတွက် မြေအောက်လှိုဏ်အတွင်း အမြင့် ၆ပေ၊ အကျယ် ၅ပေ၊ အရှည် ၅ပေ အတိုင်းအတာရှိသော သစ်မာများအသုံးပြု၍ အမိုးနှင့် ဘေးကာများကာရံပြီး မြေပြိုမှု မရှိစေရန် ထိန်းသိမ်းဆောင် ရွက်လျက်ရှိပါသည်။ အကွာအဝေး (၂၅) ပေတိုင်းတွင် အရေးပေါ်မြေပြိုကျမှုကိစ္စများ ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဘီစကစ်မုန့်၊ အချိုရည်၊ ရေသန့်ဗူးများအား (၁)ပေခွဲပတ်လည်ရှိ သံဗူးများအတွင်း ထည့်သွင်းပေးထားသည့် အပြင် ပေါက်ပြား၊ ဂေါ်ပြား၊ သံတူရွင်းတို့ကိုပါ ထားရှိပေးထားပါသည်။ မြေအောက်လှိုဏ်ဂူ တူးဖော်ရေးဝန်ထမ်းများအတွက် မိုင်းဦးထုပ်၊ မိုင်းတွင်းသုံးမျက်မှန်၊ နှာခေါင်းစည်း၊ သတ္တုတွင်းသုံးဖိနပ်နှင့် လက်အိတ်များ၊ နားကြပ်များ၊ ဓါတ်မီးများ၊ Dust Mask များ အမြဲတစေ တပ်ဆင် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ၎င်းပြင် လုပ်ငန်းခွင်အန္တရာယ်  ကင်းရှင်းရေးအတွက် လုံခြုံရေးအချက်ပြစနစ်၊ မြေအောက်သုံး ဆက်သွယ် ရေးစကား ပြောစက်များအားအသုံးပြု၍ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

မြေအောက်လှိုဏ်အတွင်း လေဝင်/ လေထွက် ကောင်းမွန်စေရန်အတွက် ပင်မလှိုဏ်ဝ မှ ပေ (၄၀၀) ခန့်တွင် အပေါ်သို့ ဒေါင်လိုက်အနေအထား လေဝင်ပေါက် (၁) ပေါက်၊ ပင်မလှိုဏ်ဝမှ ပေ(၈၀၀) ခန့်ရှိ လက်ဝဲဘက်လှိုဏ်ဂူခွဲတွင် အပေါ်သို့ ဒေါင်လိုက် အနေအထား လေပေါက် (၁) ပေါက်နှင့် ပင်မလှိုဏ်ဝမှ ပေ(၇၀၀) ခန့်ရှိ လက်ယာဘက်လှိုဏ် ဂူခွဲတွင် အပေါ်သို့ ဒေါင်လိုက်အနေအထား လေပေါက် (၁) ပေါက် စုစုပေါင်း လှိုဏ်အတွင်း အပေါ် မြေပြင်မျက်နှာပြင်မှ လေဝင် ပေါက် (၃)  ပေါက် ဖောက်လုပ်ထားရှိပြီး မြေအောက်လေ ပြတ်လပ်မှု မရှိစေရေး လေစက် (၂) လုံးကို အသုံးပြု၍ အောက်ဆီဂျင် ရရှိစေရန် ဆောင်ရွက်ထားရှိပါသည်။ ၎င်းအပြင် လှိုဏ်အဝင်ဝမှ ပေ (၂၀၀) ခန့်အကွာအဝေးတွင် မြေအောက်စိုက်ကျင်း အနက်ပေ (၁၀၀) ခန်နှင့် လှိုဏ်အဝင်ဝမှ ပေ (၆၀၀) ခန့်တွင် မြေအောက်စိုက်ကျင်း ပေ (၁၀၀) ခန့် ဖောက်လုပ်ထားပြီး ၎င်း စိုက်ကျင်း (၂) ခုအား ရေပြင်ညီ အတိုင်း ဆက်၍ ဖောက်လုပ်ထားပြီး မြေအောက်လေ ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်ထား ရှိပါသည်။

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအစီအစဉ်

ကုမ္ပဏီ၏ရွှေသတ္တု တူးဖော်မှုလုပ်ငန်းကြောင့် လက်ရှိမြေထုညစ်ညမ်းမှု မတွေ့ရှိရပါ။ မြေအောက်တူးဖော်ခြင်း လုပ်ငန်းဖြစ်သဖြင့် အပေါ်ယံမြေဆီလွှာ ပျက်စီးမှုအနည်းငယ်သာ ရှိပါသည်။ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ပြဒါး၊ ဆိုင်ယာနိုက်၊ စက်သုံးဆီ၊ အင်ဂျင်ဝိုင်များ၊ ပလပ်စတစ်များနှင့် ဆေးခန်းသုံးပစ္စည်း များကို စနစ်တကျ သုံးစွဲစွန့်ပစ်သိမ်း ဆည်း၍  ဆောင်ရွက်လျက်ရှိပါသည်။

ထွက်ရှိမည့်အရင်းအမြစ်

          ပတ်ဝန်းကျင်အား အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများမှာ ရွှေသတ္တု တူးဖော် ထုတ်လုပ်ရာတွင် အသုံးပြုမည့် ပြဒါး၊ ဆိုင်ယာနိုက်၊ စက်သုံးဆီ၊ အင်ဂျင်ဝိုင်များ၊ ပလပ်စတစ် များနှင့် ဆေးခန်း သုံးပစ္စည်းများ ဖြစ်ပါသည်။

လျော့ချမည့်နည်းလမ်း

ပြဒါးသုံး အင်ဝိုင်းလှည့်ကန်မှထွက်ရှိမည့် နောက်ဆုံးအဆင့်သဲစာ (Final Tailing)အား မိုးရွာသောအခါ မိုးရေတိုက်စား၍ ရေဆင်းစနစ်တွင်မျောပါ မသွားစေရန် ကျင်းတူးထည့်၍ အပေါ်မှမြေစာဖုံးအုပ်ခြင်း၊ ဆိုင်ယာနိုက်ချက်ကန်မှ ရွှေလုံးဝထုတ်ယူ မရတော့သည့် သဲစာများ အား အကျယ်တစ်ဧကခန့်၊ အနက် ၄ ပေ၊ ကန်ဘောင်အမြင့် ၃ ပေ ရှိကန်တွင်ထည့်၍ ဖြန့်ထားခြင်း၊ ထုံးဖြူးခြင်း၊ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်၊ ဆိုဒီယမ် ကလိုရိုက် (NaCl) တို့ထည့်၍ လေသလပ်ခံထားခြင်းဖြင့် ဓာတ်ပျယ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စက်သုံးဆီ၊ အင်ဂျင်ဝိုင်များကို ယိုဖိတ်မှုမရှိစေရန် စနစ်တကျသိုလှောင်ထားရှိခြင်း၊ အဟောင်းများကို ပြန်လည်ရောင်းချခြင်း၊ စွန်ပစ်ပလပ်စတစ်အမှိုက်များကို မြေကျင်း တူး၍ မြေမြှုပ်ခြင်းများဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရန် ဆောင်ရွက်လျက်ရှိ ပါသည်။

အပူဒဏ် ကာကွယ်ရေး ဆောင်ရွက်ချက်များ

အပူဒဏ်ကြောင့် သက်ရောက်မှုနှင့် ကာကွယ်ရေးနည်းလမ်းများကို အလုပ် သမားများအား ပညာပေးခြင်းများလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။ အပူကြောင့် ဖြစ်တတ်သော လက္ခဏာများဖြစ်သည့် ခေါင်းမူးခြင်း၊ တက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် ရေအလွန်ဆာလောင်စေတတ်ခြင်း စသည်တို့ကို အလုပ်သမား များအား ရှင်းလင်းအသိပေးသွား မည်ဖြစ်ပါသည်။ အလုပ်သမားများအတွက် ရေဓါတ် ပြန်လည် ဖြည့်တင်းနိုင်မည့် သင့်တော်သောသောက်စရာများနှင့် သောက်သုံးရေ အလွယ်တကူ ရရှိနိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ Caffeine နှင့် သကြား၊ ဆားအလွန်ပါသော Carbonated drink များကို အလွန်အမင်း သောက်သုံး ခြင်းမပြုရန် သတိပေးခြင်းများဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း အလွယ်တကူ သယ်ယူရရှိနိုင်သော သောက်ရေဗူးများကို အလုပ်သမားများ၏ အနီးနားတွင် ထားရှိပေးသွားမည်ဖြစ်ပါသည်။

အစားအစာများ အန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ချက်များ

စီမံကိန်းဝန်ထမ်းများနှင့် လုပ်သားများ သန့်ရှင်းလတ်ဆတ်စွာ စားသောက်နိုင်ရန် စားဖိုဆောင်နှင့် စာဖိုမှူးအားသီးသန့်ထားရှိပြီး အိုးခွက်ပန်းကန်များကို  ဆေးကြောသန့်စင်၍ စနစ်တကျထားရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ၎င်းအပြင် အစားအသောက်များ ကိုလည်း ဖုန်မှုန့်၊ ယင်၊ ခြင်နှင့် အခြားရောဂါဖြစ်ပွားစေနိုင်သည့် အင်းဆက်များ အန္တရာယ်မှ ကင်းဝေးစေရန် အဖုံးများဖြင့် စနစ်တကျ ဖုံးအုပ်စေခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အန္တရာယ်ရှိသော ဓါတုပစ္စည်းများကိုလည်း စားဖိုဆောင်နှင့် ဝေးကွာသောနေရာများတွင် သိမ်းဆည်းထားရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလုပ်သမားများ စားသောက်ရာတွင်လည်း လက်များကိုသန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီးမှ စားသုံးရန်နှင့် အစားအသောက် မသန့်ရှင်းမှုကြောင့် ဖြစ်နိုင်သော ရောဂါလက္ခဏာများကိုလည်း ပညာပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လုပ်ငန်းခွင်အတွင်း မူးယစ်စေသောယမကာများနှင့် ဆေးဝါးများ အသုံးပြု ခြင်းကို တင်းကြပ်စွာတားမြစ်ထားပြီး အရက်(သို့)မူးယစ်ဆေးဝါးများ သုံးစွဲထားသော သူများကို အလုပ်လုပ်ရန်လုံးဝ ခွင့်မပြုကြောင်း စီမံကိန်းဝန်ထမ်းများနှင့် လုပ်သားများအား ရှင်းလင်း အသိပေးထားပြီးဖြစ်ပါသည်။ အစားအသောက်အန္တရာယ်ကင်းရှင်း​ရေးနှင့် အရက်သေစာနှင့် မူးယစ်ဆေးဝါးများသုံးစွဲမှုများကို တာဝန်ရှိသူအဆင့်ဆင့်မှ စောင့်ကြပ်ကြည့်ရှု စစ်ဆေးသွားမည် ဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ချက်များ

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Equipment ဖြစ် သည့် မိုင်းဦးထုပ်၊ ဖိနပ်၊ ခါးပတ် (Safety Belt) နှင့် လုပ်ငန်းခွင် ၀တ်စုံ၊ လက်အိတ်၊ နှာခေါင်းစည်း၊ နားကြပ်၊ မျက်မှန် တို့ကို မိုင်းလုပ်သားများအား လိုအပ်သလို၀တ်ဆင်၍ လုပ်ငန်းဆောင်ရွက်သွားစေမည် ဖြစ်ပါသည်။ အထူးသဖြင့် အင်ဝိုင်းလှည့်သည့် လုပ်သားများ၊ ပြဒါးနှင့် ရွှေဖမ်းသည့်လုပ်သားများကို ပြဒါးဆိပ်မသင့်စေရန် လက်အိတ်၊ နှာခေါင်းစည်းတို့ကို အမြဲ၀တ်ဆင်စေမည်ဖြစ်ပါသည်။ စီမံကိန်းဝန်ထမ်းများ၏ ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ် ဆေးထိုးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ အား ကုသပေးနိုင်ရန် ကျန်းမာရေးမှူး(၁)ဦး ခန့်ထားပေးမည် ဖြစ်ပါသည်။ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင် မှီခိုသူမိသားစုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် စီမံ ဆောင်ရွက်သွားပါမည်။ မတော်တဆထိခိုက်ဒဏ်ရာရရှိမှုအတွက်အသုံးရန် ရှေးဦး သူနာပြု (First Aid Box) ထားရှိဆောင်ရွက်ခြင်း၊ လုပ်သားနှင့် ၀န်ထမ်း နာမကျန်းဖြစ်ပါက လက်ပံလှကျေးရွာရှိဆေးခန်းများတွင် ဆေးကုသမှုခံယူစေခြင်းနှင့် လိုအပ်ပါက စဉ့်ကူးမြို့၊ မန္တလေးမြို့စသည့် ဆေးရုံကြီးများသို့စေလွှတ်၍ ကုသမှုခံယူစေခြင်းတို့ကို စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကုမ္ပဏီဝန်ထမ်းနှင့် လုပ်သားများအား ငှက်ဖျား ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဆေးစိမ်ခြင်ထောင်များဖြင့် အိပ်စေခြင်း၊ ခြင်ပေါက်ပွားနိုင်သည့် မြက်ပင်ခြုံပုတ်များ ရှင်းလင်းခြင်း၊ ရေအိုင်များအား မြေဖို့ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လုပ်ကွက်ဧရိယာနှင့်နီးသော လက်ပံလှကျေးရွာမှ ဆေးပေးခန်း၊ စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံတို့နှင့်ဆက်သွယ်၍ ဝန်ထမ်းနှင့် လုပ်သားများတွင် ငှက်ဖျားရောဂါ ပိုးရှိ/မရှိ သွေးစစ်ပေးခြင်းတို့အား ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အသဲရောင်အသားဝါ ရောဂါများမှကာကွယ်ရန် ယင်လုံအိမ်သာများ တည်ဆောက် အသုံးပြုခြင်း၊  စားဖိုဆောင်တွင်  အမြဲသန့်ရှင်းစေရန်  ဆောင်ရွက်ခြင်း၊  ရေကိုကျိုချက်သောက်စေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

သစ်ပင်စိုက်ခင်းများ ပြန်လည်စိုက်ပျိုးမည့် အစီအစဉ်

                          စီမံကိန်းလုပ်ငန်းအဆင့်ဆင့်တွင် သစ်ပင်၊ ဝါးပင်များ ခုတ်ယူခဲ့သောနေရာများ၊ လမ်းဘေးဝဲယာနှင့် သတ္တုရှာဖွေတူးဖော်ခဲ့သည့် ကျင်း၊ ချိုင့်နေရာများတွင် အပေါ်ယံ စွန့်ပစ်မြေစာနှင့် သစ်ရွက်ဆွေး၊ မြေဆွေးများရောစပ်၍ မြေမျက်နှာပြင်ပြန်လည်ပြုပြင် ပြီးသည့်အခါ စီမံကိန်း၏သဘာဝပတ်ဝန်းကျင် ပြန်လည်ပြုစု ပျိုးထောင်နိုင်ရေးအတွက် အစားထိုးသစ်ပင်များကို ပျိုးခြံဖြင့်စနစ်တကျစီမံစိုက်ပျိုးလျက်ရှိပါသည်။ ထို့အပြင် ခန့်မှန်း မြေပုံအညွှန်း Latitude 22º 34′ 44” N and Longitude 96º 12′ 15” E တွင် SGU-138(A) ရွှေလုပ်ကွက်အတွက် ဧက (၂၀) ရှိသော အစားထိုးကျွန်းစိုက်ခင်းလုပ်ကွက် အား သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုကိုခံယူပြီး ကျွမ်းကျင်ပညာရှင်များနှင့် သစ်တော ဦးစီးဌာန၏  လမ်းညွှန်မှုခံယူ၍  ပြန်လည်စိုက်ပျိုးပေးလျက်ရှိပါသည်။

အစားထိုးစိုက်ခင်းစိုက်ပျိုးခြင်းလုပ်ငန်းအား သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက်ရည်ရွယ်ကာ စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ရွှေသတ္တုတူးဖော်ထုတ်လုပ်သည့်အခါ သစ်ပင်၊ ဝါးပင်ကြီးများ အား ခုတ်ထွင်ရှင်းလင်းရန် လိုအပ်လာပါက စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ကိုရယူပြီး ၎င်းဌာန၏ ကြီးကြပ်မှုဖြင့်သာ ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် သစ်ပင်၊ သစ်တောများအား မပြုန်းတီးစေရန် ထိမ်းသိမ်းကာကွယ် စောင့်ရှောက်သွားပါမည်။

ဂေဟစနစ် ထိန်းသိမ်းမှု ဆောင်ရွက်ခြင်းလုပ်ငန်း

လုပ်ကွက်ဧရိယာအတွင်း ပျဉ်းမ၊ တောသရက်၊ ကတီပင်၊ နပဲပင်၊ သံပေပင်စသည့် အပင်ကြီးများနှင့် ချုံနွယ်များ၊ ဝါးရုံများ ပေါက်ရောက်လျက်ရှိသော်လည်း ဆက်သွယ်ရေး လမ်းများ ဖောက်လုပ်ခြင်း၊ ဝန်ထမ်းနှင့်လုပ်သားများ အိပ်ဆောင်များ ဆောက်လုပ်ခြင်း၊ မြေအောက်တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရန် အပေါ်ယံမြေဆီလွှာများဖယ်ရှာခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဂေဟစနစ်အားအနည်းငယ်ထိခိုက်မှု ရှိနိုင်ပါ သည်။ သို့သော်လည်း အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မလိုအပ်ဘဲ သစ်ပင်များ ခုတ်လှဲမှု မရှိခြင်းနှင့် မြေနေရာ ရယူသုံးစွဲမှု အနည်းဆုံး ဆောင်ရွက်ခဲ့သည့်အပြင် အစားထိုးကျွန်းစိုက်ခင်းများနှင့် အစားထိုးသစ်ပင်ပျိုးခြံများ စိုက်ပျိုးလျက်ရှိခြင်းကဲ့သို့ ဂေဟစနစ် အစားထိုး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။  လုပ်ကွက်ဧရိယာနှင့် အနီး ဝန်းကျင်တွင် တောဆင်ရိုင်း၊ ဂျီ၊ ဆတ်၊ တောဝက်၊ ယုန်နှင့် ဖွတ်များတွေ့ရှိနိုင်ကြောင်း သိရှိရပါသည်။ လုပ်ကွက်ဧရိယာအတွင်း တောရိုင်းတိရစ္ဆာန်များ အား အမဲလိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းလုပ်ငန်းများအား တားမြစ်ထားပါသည်။ မျိုးတုန်း ပျောက်ကွယ်နိုင်သော တောရိုင်း တိရိစ္ဆာန်များမရှိပါ။

လူမှုဝန်းကျင်အပေါ် ထိခိုက်မှုရှိပါက ထိခိုက်မှုများ လျော့ချမည့်အစီအစဉ်

                           လုပ်ကွက်ဧရိယာသည် (၂၀) ဧကသာ ကျယ်ဝန်းပြီး ဒေသခံလယ်မြေများ မရှိခြင်း၊ တောင်ကုန်းတောင်တန်းများ ထူထပ်ခြင်း၊ လူနေအိမ်ခြေများနှင့် ဝေးကွာခြင်း တို့ကြောင့်   လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုမရှိပါ။ လုပ်ကွက်အတွင်း တိုင်းတာ ရရှိသော လက်ရှိ ရေ၊ လေ၊ မြေ တို့၏ အရည်အသွေးမှာ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက် စံချိန်စံညွှန်းများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီသဖြင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက် နိုင်မှုမရှိကြောင်း တွေ့ရှိရပါသည်။

စီမံကိန်းဧရိယာရှိ ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများနှင့် လျော့ချမည့် နည်းလမ်းများ

စဉ် ထိခိုက်မှုအမျိုးအစား ထွက်ရှိမည့်အရင်းအမြစ် လျော့ချမည့်နည်းလမ်း
ဆူညံသံ
·    ဆူညံသံနှင့်တုန်ခါမှု ·   သယ်ပို့ယာဉ်များ၊ မောင်း နှင်စက်ယန္တရားများ၊ ·     အသံထိန်းစနစ်များ တပ်ဆင်အသုံးပြု ပါမည်။
·  ယမ်းခွဲခြင်း။ ·     ယမ်းအားကို ထိန်းချုပ်အသုံးပြုပါ မည်။

·     အလုပ်သမားများအား နားကြပ်များ သုံးစွဲစေပါမည်။

ရေအရည်အသွေး
·    မြေပေါ်ရေ အရည် အသွေးအပေါ်ထိခိုက် နိုင်မှု ·  မိုးရေ၊တောင်ကျချောင်း ရေ၊ ·    အချိန်တိုအတွင်းသာ ဖြစ်ပေါ်သဖြင့် ထိခိုက်မှု မရှိနိုင်ပါ။
·   ဝန်ထမ်းများ အသုံးပြုပြီးရေ။ ·    ရေစုကန်များ ထားရှိပါမည်။
·    မြေအောက်ရေအရည် အသွေးအပေါ်ထိခိုက်နိုင်မှု ·  အောက်ခံမြေမာများရှိ၍ စိမ့်ဝင်မှု မရှိနိုင်ခြင်း၊ ·   မြေအောက်ရေသန့်စင်ရန် မလိုအပ်သေးပါ၊
·  မြေအောက်တူးဖော်ခြင်း  လုပ်ငန်းမှ ထွက်ရှိရေ။ ·  ထွက်ရှိရေအား အမျိုးသားပတ်ဝန်း ကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ ၂၀၁၅၊ စာမျက်နှာ (၁၁၆) ၊ စာပိုဒ် (၂.၇.၂) အရ pH Level (6-9) အတွင်းရှိ စေရန် အမြဲစစ်ဆေး ပါသည်။
လေအရည်အသွေး
·    အမှုန်အမွှား ·   ယာဉ်ယန္တရားများ အသုံး ပြုခြင်း၊ ·     ယာဉ်ယန္တရားများ အရှိန်လျော့ မောင်းနှင် ခြင်း၊ ကားလမ်းများအား မကြာခဏ ရေဖျန်းပေးခြင်းများဖြင့် ကာကွယ် သွားပါမည်၊
·  ယမ်းခွဲခြင်း။ ·       လိုအပ်သော ယမ်းပေါက်အရေအတွက် ကိုသာအသုံးပြုခြင်း၊ယမ်းပြင်းအားကို ထိန်းချုပ်ဖောက်ခွဲခြင်းနှင့် လေဝင် လေထွက်ကောင်းစေရန် ဆောင်ရွက် သော နည်းလမ်းများအား အသုံးပြု ဆောင်ရွက် သွားပါမည်။
·    အနံ့ ·     ယမ်းများ အသုံးပြုခြင်း။ ·    ယမ်းဖောက်ခွဲခြင်းကြောင့် ဖြစ်ပေါ် လာသော အနံ့သည် လေထု ထဲသို့ အချိန်တိုအတွင်း လွင့်ပါးပျောက်ကွယ် သွားပါသည်။ လေဝင်လေထွက် ကောင်းစေရန် လေထုတ်ပန်ကာ များအသုံးပြု၍ အနံ့များကို လေထုတ်ပြွန် မှတဆင့် ပြင်ပသို့ မှုတ်ထုတ်ခြင်း နည်းလမ်း အသုံးပြု၍ ဆောင်ရွက်ပါ မည်။
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု
·    စွန့်ပစ်အစိုင်အခဲ ·  မြေအောက်သတ္တု တူးဖော် ရေးလုပ်ငန်း ·  မြေအောက်တူးဖော်မှု လုပ်ငန်းမှ ထွက်ရှိ သည့် စွန့်ပစ်ခဲစာများအား ရှေ့စားနောက် ပစ်စနစ်ဖြင့် ကျင်းများ ပြန်ဖို့ပါမည်။
·    အရည် ·    သတ္တုတွင်း စိမ့်ထွက်ရေ၊

 

 

 

·    သတ္တုတွင်း စိမ့်ထွက်ရေအား အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ ၂၀၁၅၊ စာမျက်နှာ(၁၁၆) ၊ စာပိုဒ် (၂.၇.၂) အရ pH Level(6-9)၊ Pb (0.2 mg/l), Cu (0.3 mg/l), Fe (2 mg/l), As (0.1mg/l) အောက်၌ရှိ စေရန် အမြဲ စစ်ဆေးပါမည်။
·    အင်ဂျင်ဝိုင် အဟောင်း၊ ယာဉ်နှင့်စက်ယန္တရားများမှ ယိုဖိတ်ကျလာသောစက်ဆီ ချောဆီ။ ·    ယာဉ်နှင့် စက်ယန္တရားများမှ ကျလာ သော စက်ဆီ/ချောဆီများ အတွက် လေးထောင့်စပ်စပ် စက်ဆီ ထိန်းကန် (Secondary Containment) များ တည်ဆောက်ခြင်း၊ စက်ဆီဟောင်း များကို မြို့သို့ပို့ ဆောင်ရောင်းချ ပါမည်။
·    အခိုးအငွေ့ထွက်ရှိမှု ·  သယ်ပို့ယာဉ်များ၊ မောင်း နှင်စက်ယန္တရားများ၊ စိန်လွန်တူးစက်၊ မြေတူး စက်များ မောင်းနှင်ခြင်း။ ·    သယ်ပို့ယာဉ်များ၊ မောင်းနှင်စက် ယန္တရား များ၊ စိန်လွန်တူးစက်၊ မြေတူးစက်များ မောင်းနှင်ရာမှထွက် ပေါ် လာသောအခိုးအငွေ့များမှာ တိုတောင်းသော အချိန်အတွင်း၌သာ ဖြစ်ပေါ်ပြီး လေထုထဲတွင် လွင့်ပါး ပျောက်ကွယ်သွားပါသည်။
မြေထုညစ်ညမ်းမှု
·   တောင်များဖယ်ရှားခြင်း ·  မရှိပါ။ ·    မရှိပါ၊
·  မြေစာပုံများထားရှိမှု အခြေအနေ ·  မြေအောက်လှိုဏ်ဂူတူး ဖော် ခြင်းလုပ်ငန်းဖြစ်သဖြင့် အပေါ်ယံ မြေဆီလွှာဖယ် ရှားမှုအနည်းငယ်ရှိပါသည်။ ·    လိုအပ်သောနေရာများကိုသာ ဖယ် ရှားပြီး စုပုံကွင်းများတွင်စနစ်တကျ စုပုံပါမည်။
ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု
·    စွန့်ပစ်မည့်အစီအ စဉ် ·  ပလပ်စတစ်၊ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများ၊ ·    ကွန်ကရိခင်းထားသော မြေကျင်း အတွင်းထည့်၍ မြေမြှုပ်ခြင်း၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ထုပ်ပိုး၍ မြေမြှပ်ပါမည်။
·    သိမ်းဆည်းမည့် အစီအစဉ် ·  မရှိပါ။ ·    မရှိပါ။
·     ရောဂါဖြစ်ပွားမှု ထိန်း ချုပ်ရေး အစီအစဉ် ·  အခမဲ့ဆေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း  နည်းလမ်းများကို အသုံး ပြုပါမည်။
·  ဓာတုပစ္စည်းများ သုံးစွဲမှုနှင့် ထွက်ရှိမှု ·  လက်ရှိအခြေအနေတွင် အသုံး မပြုသေးပါ။ ·    မလိုအပ်သေးပါ။
·    ဓာတ်ငွေ့သုံးစွဲမှုနှင့် ထွက်ရှိမှု ·  မရှိပါ။ ·    မရှိပါ။
ဂေဟစနစ်
·     တောတောင်အခြေအနေနှင့် ထိခိုက်မှု ·    သစ်တောဝါးတောများ၊ ခုတ်ယူခြင်း၊ ·    ဒေသခံများအား သစ်ပင်ဝါးပင်များ စနစ် တကျ ခုတ်လှဲစေရန် စည်းရုံး ပြောကြား ခြင်း၊ လိုအပ်သော သစ်ဝါးများအား စည်းကမ်းတကျ ခုတ်ယူပြီး ဒေသနှင့် ကိုက်ညီသော အစားထိုး သစ်ပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားပါသည်
·    လမ်းများဖောက်လုပ် ခြင်း၊ စွန့်ပစ်မြေစာကန် များနှင့်ရေလှောင်ကန် များတူးဖော်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း။ ·    တောတောင် အခြေအနေ ထိခိုက်မှု နည်းပါးစေရန် လမ်းများဖောက်လုပ်ခြင်း၊ စွန့်ပစ်မြေစာကန်များနှင့် ရေလှောင် ကန်များ တူးဖော်ခြင်း၊ အဆောက် အဦများဆောက်လုပ်ခြင်း လုပ်ငန်းများ အတွက် မြေဧရိယာအားလိုအပ်သော အတိုင်း အတာထိသာ ရယူ၍ Soil Erosionဒဏ် မှကာကွယ်ရန် အမြစ်ရှည် မြေထိန်းမြက်ပင်များ၊ သစ်ပင်များစိုက်ပျိုး ပေးသွားမည် ဖြစ်ပါသည်။
·    ဇီဝမျိုးစုံမျိုးကွဲများ အခြေအနေနှင့် ထိခိုက်မှု ·  ကျေးငှက်သတ္တဝါများ၊ တောဝက်၊ တောကြက်၊ ယုန် နှင့် ဂျီ၊ ·    ကျေးငှက်နှင့် တောနေသတ္တဝါများ အား စနစ်တကျ ဖမ်းဆီးသတ်ဖြတ် စားသုံး စေခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးမတုန်းစေရန် ကာကွယ်ထားပါ သည်။
·  သဘာဝတော၊ ထိန်းသိမ်း တော၊ ကာကွယ်တော များ။ ·    မြေအောက်တူးဖော်ခြင်းလုပ်ငန်း ဖြစ်သဖြင့် သဘာဝတောနှင့်ထိန်း သိမ်းတောများ၊ ကာကွယ်တောများ ကျန်ရှိပါသည်။
·    လူမှုပတ်ဝန်းကျင် အပေါ် ထိခိုက်မှု ·    မြေယာပိုင်ဆိုင်မှုကိစ္စ များ၊ ·  ကုမ္ပဏီမှ ကျေးရွာပိုင်မြေယာများအား အသုံးချမှုရှိလာပါက ကာလပေါက်စျေး နှင့် ပေးလျော်ခြင်း၊
·    ရွာအနီးမှ ချောင်းများ၊ ·  ချောင်းအတွင်းစွန်ပစ်ရေများ မကျ စေရန် ရေစုကန်၊ အနည်ထိုင်ကန်၊ ရေစစ်ကန်များ တည်ဆောက်၍ စနစ် တကျ ကာကွယ် တားဆီးသွားပါမည်၊
·    လူမှုဆက်ဆံရေးကိစ္စများ။ ·   ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ၍ လိုအပ်ချက်များအား ကူညီပံ့ပိုးပေး ပါသည်။

လုပ်ငန်းခွင်ဧရိယာတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား အဆင့်အတန်းပမာဏ သတ်မှတ်ခြင်း

စဉ် ထိခိုက်မှု အမျိုးအစား ထိခိုက်နိုင်မှုအဆင့်အတန်း ထိခိုက်နိုင်မှုပမာဏ
ဆူညံသံ အနည်းငယ်ထိခိုက် တခါတရံဖြစ်ပါသည်
ရေအရည်အသွေး အနည်းငယ်ထိခိုက် စနစ်တကျကာကွယ်ထား သောကြောင့် ဖြစ်ရန် ခက်ခဲပါသည်
လေအရည်အသွေး အနည်းငယ်ထိခိုက် တခါတရံဖြစ်တတ်သော်လည်း လေထုအမြဲလိုသန့်ရှင်းပါသည်
စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အနည်းအငယ်ရှိ စနစ်တကျကာကွယ်ထား သောကြောင့် ဖြစ်ရန် ခက်ခဲပါသည်
မြေထုညစ်ညမ်းမှု အနည်းငယ်ထိခိုက် စနစ်တကျကာကွယ်ထား သောကြောင့် ဖြစ်ရန် ခက်ခဲပါသည်
ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းအငယ်ရှိ စနစ်တကျကာကွယ်ထား သောကြောင့် ဖြစ်ရန် ခက်ခဲပါသည်
ဂေဟစနစ် ဇီဝမျိုးစုံမျိုးကွဲ (သို့မဟုတ်) ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းငယ်ရှိ ဖြစ်ရန်ခက်ခဲပါသည်
လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းငယ်ထိခိုက် ဖြစ်ရန်ခက်ခဲပါသည်
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၇.၁၁.၁၆)ရက်စွဲပါစာအမှတ် အီးအိုင်အေ၂/၉(၉၃၇/၂၀၁၆) ဖြင့် ထုတ်ပြန်ထားသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ပါ အချက်အလက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။

စီမံကိန်းဆောင်ရွက်ခြင်းကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု အဆင့်အတန်း ဆန်းစစ်ခြင်း

ထွန်းရွှေစင် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၊ စဉ့်ကူးမြို့နယ်၊ သက်တမ်းတိုးတူးဖော်ထုတ် လုပ်ခွင့်ရ ရွှေလုပ်ကွက် SUG-138(A) စီမံကိန်းအတွက် သဘာဝနှင့်လူမှုပတ်ဝန်းကျင် အပေါ် ထိခိုက်နိုင်မှုများအား စီမံကိန်းအကြောင်းအရာဖော်ပြချက်နှင့် အခြေခံကွင်းဆင်း လေ့လာခြင်းရလဒ်များအရ ခန့်မှန်းသွားပါမည်။ အောက်ဖော်ပြပါဇယားတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အကျဉ်းချုပ်ကို Prs: အကြိုတည် ဆောက်သည့်အဆင့်၊ Cs: တည်ဆောက်သည့်အဆင့်၊ Os: လုပ်ငန်း လည်ပတ်သည့်အဆင့်၊ Ds: လုပ်ငန်းဖျက်သိမ်းသည့်အဆင့်၊ CIS: မိုင်းပိတ်သိမ်း သည့်အဆင့်၊ Pos: စီမံကိန်းပိတ် သိမ်းပြီးအဆင့်ဟု ခွဲခြားဖော်ပြပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးများပါဝင်သော လူမှုပတ်ဝန်းကျင်၊ အခြားသောအရာ များကို အောက်ပါ သင်္ကေတများကိုသုံး၍ ဖော်ပြသွားပါမည်-

A – :  သက်ရောက်မှုများအပေါ် တိုင်းတာမှုများမရှိပါက ထင်ရှားသော ဆိုးကျိုးများ ဖြစ်နိုင်သည်။

A   +  :     ထင်ရှားသော ကောင်းကျိုးများဖြစ်နိုင်သည်။

B   –   :   သက်ရောက်မှုများအပေါ် တိုင်းတာမှုများ မရှိပါက အချို့သော နယ်ပယ်များတွင် ဆိုးကျိုး များ ဖြစ်နိုင်သည်။

B  +   :   အချို့သော ကောင်းကျိုးများဖြစ်နိုင်ပါသည်။

C       :   သက်ရောက်မှုများသည် မထင်ရှားသဖြင့် ထပ်မံ၍ စမ်းသပ်စစ်ဆေးမှုများ လိုအပ်သည်။

D      :    သက်ရောက်မှုများ မရှိနိုင်ပါ။

 

 

 

သုံးစွဲမည့်ဓာတုပစ္စည်းနှင့်ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်

ပြဒါးသုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ် ထိန်းသိမ်းရေး စီမံချက်

               ထွန်းရွှေစင်ကုမ္ပဏီလီမိတက်မှ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါး သုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးအစီအစဉ်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

ပြဒါးသုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်နိုင်မှု

               ပြဒါးသုံးစွဲခြင်းကြောင့် အောက်ပါအတိုင်း ပတ်ဝန်းကျင်ထိခိုက်နိုင်ပါသည်-

  • ပြဒါးသုံးစွဲခြင်းကြောင့် ပြဒါးပါသော အခိုးအငွေ့များ လေထုထဲသို့ ရောက်ရှိစေခြင်းနှင့် လေထုညစ်ညမ်းစေခြင်း၊ ပြဒါးပါဝင်သော ရေများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းစေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
  • ပြဒါးအဆိပ်သင့်ခြင်းကြောင့် အာရုံကြောဆိုင်ရာရောဂါများ၊ ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်သည့်အပြင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

ပြဒါးအဆိပ်သင့်ခြင်းလက္ခဏာများ

            ပြဒါးအဆိပ်သင့်ခြင်းလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

  • ဆံပင်များကျွတ်ခြင်း
  • ယားယံခြင်း၊
  • အဆုတ်ရောဂါဖြစ်ခြင်း၊
  • ကျောက်ကပ်ပျက်စီးခြင်း။

ပြဒါးအဆိပ်သင့်ခြင်းဖြစ်ပါက အရေးပေါ်ဆောင်ရွက်မည့်နည်းလမ်း

လုပ်သားများ ပြဒါးအဆိပ်သင့်ခြင်းလက္ခဏာများ ဖြစ်ပါက အဆိပ်သင့် လူနာများအား ဆားငံရည်တိုက်၍ ပြဒါးအဆိပ်လျော့နည်းစေရန် ဆောင်ရွက် ပေးခြင်း၊ နီးစပ်ရာ စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်ဆုံးပို့ဆောင် ဆေးကုပေးခြင်းများ ဆောင်ရွက်ပါမည်။

ပြဒါးအဆိပ်သင့်မှု မဖြစ်စေရန် တားဆီးကာကွယ်မှုနည်းလမ်းများ

ပြဒါးအဆိပ်သင့်မှု မဖြစ်စေရန် တားဆီးကာကွယ်မည့် နည်းလမ်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ပြဒါးနှင့်ဆက်စပ်လုပ်ကိုင်နေသည့် လုပ်သားများအား လက်အိတ် (Glove)၊ နှာခေါင်းစည်း (Mask) နှင့် မျက်လုံးကာ မျက်မှန်များ ဝတ်ဆင်စေပါမည်၊
  • ပြဒါးကိုင်တွယ်ပြီးပါက ကိုယ်အင်္ဂါများ သန့်ရှင်းစေရန် ဆေးကြောစေ ပါမည်၊
  • ပြဒါးနှင့်ဆက်စပ်လုပ်ကိုင်နေရသော လုပ်သားများအား ပြဒါးအဆိပ်သင့် ခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများ၊ အဆိပ်သင့်ခြင်း လက္ခဏာများ၊ အဆိပ်သင့်ပါက ချက်ချင်းဆောင်ရွက်မည့် လုပ်ငန်းတို့ကို အသိပေးပညာပေးခြင်း၊ ပညာပေးစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ပါမည်။

 

 

 

လုပ်ငန်းခွင်တွင် လူအများမြင်သာစေရန် ကပ်ထားမည့် ပြဒါးအန္တရာယ်သတိပေးချက်

 

ပြဒါးအန္တရာယ်မဖြစ်စေရန် လျော့ချမည့်နည်းစနစ်

                          ပြဒါးအန္တရာယ်မဖြစ်စေရန် လျော့ချမည့်နည်းစနစ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • အင်ဝိုင်းလှည့်ကန် (မုံကန်)အောက်ခြေကို ပလပ်စတစ်အထူစ (မိုးကာစ) ခင်း၍ ပြဒါးပါသောရေများ မြေထဲသို့စိမ့်ဝင်မှု မရှိစေရန် ဆောင်ရွက် ခြင်း၊
  • အင်ဝိုင်းလှည့်ပြီး ရေများကို စွန့်ပစ်ခြင်းမပြုဘဲ အရိပ်အောက်တွင် ထားသည့် သစ်သားကန်တွင် စုဆောင်းထားပြီး ပြန်လည်အသုံး ပြုခြင်း၊
  • အင်ဝိုင်းလှည့်ကန်တွင် ကျန်ခဲ့သည့် သဲစာများကို စွန့်ပစ်ခြင်း မပြုဘဲ အကြိမ်ကြိမ် အင်ဝိုင်းလှည့်ခြင်းဖြင့် ကြွင်းကျန်ခဲ့သော ရွှေကို ဖမ်းယူခြင်း နှင့် ပြဒါးအား ပြန်လည်အသုံးပြုခြင်း၊
  • ရွှေနှင့်လုံးသည့် ပြဒါးအားအပူပေးပြီး အငွေ့ကိုရီတော့ဖြင့် ဖမ်းယူထား ခြင်း၊ ပြဒါးပြန်လည်စုယူခြင်းတို့ ဆောင်ရွက်ပါမည်။

ပြဒါးသိုလှောင်ခြင်း

         ပြဒါးကို အောက်ပါအတိုင်း သိုလှောင်ထားပါမည်-

  • ပြဒါးကို အလွန်အေးသောအခန်း၊ နေရောင်ခြည် တိုက်ရိုက်ကျရောက် သော အခန်း၊ မိုးရေစိမ့်ဝင်နိုင်သောနေရာရှိ အခန်းတို့တွင် သိုလှောင် ထားရှိခြင်းမှ ရှောင်ကြဉ်သွားပါမည်၊
  • ​လေဝင်လေထွက်ကောင်းသော အခန်းတွင် သိုလှောင်ထားရှိပါမည်၊
  • ပြဒါးကို အပြင်သို့ ယိုစိမ့်မှု မရှိစေရန် သံမဏိဖြင့် ပြုလုပ်ထားသော ပုံးဖြင့် သိုလှောင်ထားရှိပါမည်၊
  • ပြဒါးဖိတ်စင်သည့်အခါ အလွယ်တကူ သိမ်းဆည်းနိုင်ရန် သိုလှောင်ရုံ တွင် ကွန်ခရိအချော ခင်းထားပါမည်၊
  • ပြဒါးသိုလှောင်ရုံတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ပညာပေးစာစောင် နှင့် ဆိုင်းဘုတ်များ တပ်ဆင်ထားပါမည်၊
  • ပြဒါးသိုလှောင်ရုံအနီးတွင် ဆေးလိပ်သောက်ခြင်း၊ အစာစားခြင်းတို့ကို ရှောင်ကြဉ် စေပါမည်။

 ဆိုင်ယာနိုက်သုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ် ထိန်းသိမ်းရေး စီမံချက်

ထွန်းရွှေစင်ကုမ္ပဏီလီမိတက်မှ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ဆိုင်ယာနိုက်သုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေး အစီအစဉ် များအား အောက်ပါ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

ဆိုင်ယာနိုက် အဆိပ်သင့်မှု လက္ခဏာများ

ဆိုင်ယာနိုက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများနှင့် အဆိပ်  သင့်မှု လက္ခဏာများ ဆိုင်ယာနိုက်များကို မဆင်မခြင် ကိုင်တွယ်ခြင်း၊ အချိန်ကြာမြင့်စွာ ရှူရှိုက်မိခြင်းတို့ကြောင့် အောက်ပါအဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်-

  • ခြေ၊ လက်များ အားနည်းလာခြင်း။
  • အသက်ရှူကြပ်လာခြင်း။
  • ဦးခေါင်းကိုက်ခဲခြင်း။
  • အရေပြားရောဂါ ဖြစ်ပွားခြင်း။
  • ရောင်ရမ်းခြင်း၊ အဖုအပိန့်များထွက်လာခြင်း။
  • လက်သည်းခွံများ ပွန်းပဲ့ခြင်း၊ အဝါရောင်သန်းလာခြင်း။
  • တက်ခြင်း၊ မေ့မျောခြင်း။
  • ဆိုင်ယာနိုက်ပါဝင်မှု များသည့်ရေကို သောက်မိပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြင်း။

အရေးပေါ်ကုသမည့်နည်းလမ်းများ

         ဆိုင်ယာနိုက်ကိုင်တွယ်သူများ            ဆိုင်ယာနိုက်အဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပေါ်လာပါကအောက်ပါ ကုသမှုများကို  အမြန်ဆုံးပြုလုပ်ပေးပါမည်-

  • လူနာအား ရေများများတိုက်ပေးခြင်း၊  အော့အန်အောင်လုပ်ပေးခြင်း၊
  • လူနာအား အသက်ရှူကိရိယာတပ်ဆင်ပေးခြင်း၊
  • လူနာအား လေကောင်းလေသန့်ရရှိသည့် နေရာတွင်လဲလျောင်းစေခြင်း၊
  • ဆိုင်ယာနိုက် သုံးစွဲရာတွင်တပ်ဆင်ထားသည့်  အဝတ်အစားများကိုအမြန် ချွတ်ပေးစေခြင်း၊
  • လူနာ၏ ကိုယ်၊ လက်၊ ခြေထောက်၊ မျက်နှာတို့အား ဆေးကြော သန့်စင် ပေးခြင်း၊
  • နွေးထွေးစွာ အဝတ်အစားဝတ်ဆင်စေခြင်းတို့ ဆောင်ရွက်ပြီးနောက် ဆေးရုံ၊ ဆေးခန်းသို့ ကုမ္ပဏီပိုင်ယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင်ကုသ ပေးခြင်းတို့ကို ဆောင်ရွက်ပါမည်။

ဆိုင်ယာနိုက် အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရမည့်နည်းလမ်း

         ဆိုင်ယာနိုက်အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရ မည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဆောင်ရွက်ပါမည်-

  • ဆိုင်ယာနိုက်အသုံးပြုသူများအား (PPE)ဝတ်စုံများဖြစ်သည့် နှာခေါင်း စည်း၊ ဦးထုပ်၊ လက်အိတ်၊ မျက်မှန်နှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်စေပြီးမှ ကိုင်တွယ်အသုံးပြုစေပါမည်၊
  • ဆိုင်ယာနိုက်အသုံးပြုပြီးပါကလည်း လက်၊  နှာခေါင်း၊  ပါးစပ်တို့ကို  စင်ကြယ်စွာ  ဆပ်ပြာဖြင့် ဆေးကြောစေခြင်း၊ ရေချိုး၊ အဝတ်အစား လဲလှယ်ပြီးမှ အိမ်ပြန်စေခြင်းတို့ ဆောင်ရွက်ပါမည်၊
  • ဆိုင်ယာနိုက်ကန်၊ ဆိုင်ယာနိုက်ထားသိုသည့် နေရာများတွင် ‘‘ဆေးလိပ် မသောက်ရ’’ ဆိုင်းဘုတ်တပ်ဆင်ထားခြင်းနှင့် အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ရှိ သင်္ကေတပြ ဆိုင်းဘုတ်များ တပ်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ပါမည်၊
  • ဆိုင်ယာနိုက်ကန်နှင့် ဆိုင်ယာနိုက်ထားသိုသည့် နေရာများ အနီးတွင် အစာစားခြင်းမှ ရှောင်ကျဉ်စေပါမည်၊
  • ဆိုင်ယာနိုက်ကန်အတွင်း တာဝန်ရှိသူမှအပ လူနှင့် တိရိစ္ဆာန်များ မဝင်ရောက် နိုင်စေရန် စနစ်တကျ ကာရံထားခြင်း ဆောင်ရွက်ပါမည်၊
  • ဆိုင်ယာနိုက်ကန်အနီး မသက်ဆိုင်သူများနှင့် လူနှင့် တိရိစ္ဆာန်များ မလာရောက်စေရန် တားမြစ်ဆိုင်းဘုတ်တပ်ဆင်ထား၍ ဆောင်ရွက် ထားရှိပါမည်၊
  • ဆိုင်ယာနိုက်များကို လေအဝင်/အထွက်ကောင်းမွန်ပြီး ခြောက်သွေ့ သည့် အလင်းရောင်ကောင်းစွာရရှိသည့် နေရာတွင် အက်ဆစ်ပုံးများ နှင့် သီးခြားစီ ခွဲထားပါမည်၊
  • ဆိုင်ယာနိုက်အဆိပ် လူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပုံနှင့် ဆိုင်ယာနိုက် အဆိပ်သင့်ခြင်း လက္ခဏာများကို ဆွေးနွေးပြောကြားခြင်း၊ ပညာပေး စာစောင်များ ဖြန့်ဝေပေးခြင်း၊ လုပ်ငန်းခွင်၌ ပညာပေး ပိုစတာများ ကပ်ထား ပေးခြင်းတို့ဆောင်ရွက်ပါမည်။

ဆိုင်ယာနိုက်ပါဝင်သောရေများ မြေအောက်စိမ့်ဝင်မှု မရှိစေရန် ဆောင်ရွက် မည့်နည်းလမ်း

  • ကန်တွင်ဆိုင်ယာနိုက်အသုံးပြု၍ ရွှေထုတ်ယူရာ၌ အောက်ခြေမြေပေါ် တွင်  ပလပ်စတစ်မိုးကာစ (၂)ထပ်ခင်းခြင်း၊ ချက်ကန်ဘေးပတ်လည် တွင်လည်း ပလပ်စတစ်မိုးကာစ (၂)ထပ် ကာရံထားခြင်းတို့ဆောင်ရွက် ပါမည်၊
  • ဆိုင်ယာနိုက်အသုံးပြုပြီးနောက် စွန့်ပစ်ရေ စွန့်ထုတ်ရာတွင်လည်း စွန့်ပစ်ရေကန် အောက်ခြေတွင် ပလပ်စတစ် မိုးကာစခင်းထားပြီး မှသာလျှင် စွန့်ပစ် ခြင်းကို ပြုလုပ်သွားမည်။

ဆိုင်ယာနိုက်မှ အန္တရာယ်မဖြစ်စေရန် လျှော့ချမည့်နည်းလမ်းများ

          ဆိုင်ယာနိုက်ပါဝင်သော  ရေနှင့်  သဲစာတို့အား  ထုံး၊  ဆိုဒီယမ်ဟိုက်ပို ကလိုရိုက်၊  ဆိုဒီယမ်ကလိုရိုက် (NaCl)တို့ထည့်၍  ဓါတ်ပြယ်စေရန်  ဆောင်ရွက် ခြင်း ပြုလုပ်ပြီး မှသာစွန့်ပစ်ပါမည်။

ဆိုင်ယာနိုက် အဆိပ်သင့်မှု မဖြစ်စေရန် တားဆီးကာကွယ်မှု နည်းလမ်းများ

  • လုပ်ငန်းခွင်သုံးဝတ်စုံများ သီးသန့်ထားပေးပါမည်၊
  • လက်သည်း၊ ခြေသည်းရှည်သူများ၊ ဒဏ်ရာအနာရှိသူများအား ဆိုင်ယာနိုက်ကို လုံးဝမကိုင်စေရန်  ဆောင်ရွက်ပါမည်၊
  • လက်၊ နှာခေါင်း၊ ပါးစပ်တို့ကိုမဆေးကြောဘဲ အစာစားခြင်း မပြုလုပ်ရန် အသိပေးပါမည်၊
  • လုပ်ငန်းခွင်မှမပြန်မီ ရေချိုးခြင်း၊ အဝတ်အစားလဲလှယ်ခြင်းတို့ကို ဆောင်ရွက် ပြီးမှ အိမ်ပြန်စေပါမည်၊
  • လုပ်ငန်းခွင်တွင်ဦးထုပ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်အိတ်နှင့် ဘွတ်ဖိနပ် တို့ကို စနစ်တကျ ဝတ်ဆင်စေပါမည်၊
  • ဆိုင်ယာနိုက်အဆိပ်သင့်မှု မဖြစ်စေရန်တားဆီးကာကွယ်မှုနည်းလမ်း ပညာပေး လက်ကမ်း စာစောင်များကို ဝန်ထမ်းနှင့်လုပ်သားများအား ဖြန့်ဝေပေးခြင်း။

ဆိုင်ယာနိုက်အဆိပ်သင့်မှု မဖြစ်စေရန် တားဆီးကာကွယ်မှုနည်းလမ်းများ ပညာပေးလက်ကမ်းစာစောင်

ဆိုင်ယာနိုက် သိုလှောင်ထားရှိခြင်း

  • ဆိုင်ယာနိုက်ကို လေဝင်၊ လေထွက်ကောင်းမွန်ပြီး အလင်းရောင် ကောင်းမွန်စွာရရှိသည့် ခြောက်သွေ့သော အခန်းတွင် သီးသန့်ထားရှိ ပါမည်၊
  • ဆိုင်ယာနိုက်ထားသည့် အခန်းတွင် ဆေးလိပ်မသောက်ရ ဆိုင်းဘုတ် တပ်ဆင်ခြင်းနှင့် အသိပညာပေးစာတမ်း၊  ဘေးအန္တရာယ်ရှိ  သင်္ကေတပြ ဆိုင်းဘုတ်များတပ်ဆင်ထားရှိပါမည်၊
  • စားဖိုနှင့် စားသောက်ခန်း၊ သောက်သုံးရေတွင်းရေကန်များနှင့် ပေ(၅၀၀)ခန့် အကွာတွင်ရှိသောနေရာတွင် အဆောက်အဦးဆောက်၍  စနစ်တကျ ထားရှိပါမည်၊
  • ဆိုင်ယာနိုက်သိုလှောင်ရုံအဆောက်အဦးတွင် မီးသတ်ဘူးများ ချိတ်ဆွဲခြင်း၊ သိုလှောင်ရုံ ပတ်လည်ပေ(၁၀၀)အကွာထိ မြက်ပင်၊ ခြုံပုတ်များ ရှင်းလင်း၍ မီးတားလမ်းများဖောက်လုပ်ခြင်း တို့ဆောင်ရွက်သွား ပါမည်။

ယမ်းသုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး စီမံချက်

ထွန်းရွှေစင်ကုမ္ပဏီလီမိတက်မှ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်း သုံးစွဲမှု လုံခြုံရေးနှင့် ဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးအစီအစဉ်များအား အောက်ပါ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

ယမ်းများကိုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် သိုလှောင်ထားရှိမည့်အစီအစဉ်

ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် အောက်ပါ အတိုင်းသိုလှောင်ထားရှိပါမည်-

  • ကာကွယ်ရေးဝန်ကြီးဌာန၊ ယမ်းတိုက်မြေနေရာ   ရွေးချယ်ရေးအဖွဲ့မှ အတည်ပြုရွေးချယ်သတ်မှတ်ပေးထားသည့် ပုံစံအတိုင်း  ယမ်းသိုလှောင်ရုံအား  တည်ဆောက်သွားပါမည်၊
  • ယမ်းတိုက်အဆောက်အဦးတွင် မြေကတုတ် (Banker) မိုးကြိုးလွှဲ၊ မြေစိုက် ကြိုး၊ လုံခြုံရေး သံဆူးကြိုး အကာအရံနှင့် မီးဘေးအန္တရာယ် အကာအကွယ် ပစ္စည်းများ အပြည့်အစုံထားရှိပါမည်၊
  • ယမ်းတိုက်အားလူနေအဆောက်အဦးနှင့် ကွာဝေးသောနေရာ၊ လမ်းမကြီး များနှင့် (၁၈၀၀- ၀၀၀) ပေအကွာတွင် ထားရှိပါမည်၊
  • ယမ်းအလေးချိန် ပေါင်(၁၀၀၀)ဆန့် ယမ်းတိုက်အား ဆောက်လုပ်သွား မည် ဖြစ်ပါသည်၊
  • ယမ်းတိုက်အရွယ်အစားကို အလျား(၂၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၂၀) ပေ ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ ယမ်းတိုက်နှင့် (၅)ပေခန့် အကွာတွင် သွပ်ဆူးကြိုးပတ်လည် ကာရံသွားမည်ဖြစ်ပါသည်။ မြေကတုတ်အား အောက်ခြေအကျယ်(၁၆)ပေ၊ အပေါ်ထိပ်အကျယ် (၄)ပေ၊ အမြင့် (၁၀)ပေ အရွယ်အစားတည်ဆောက်ပါမည်။ Banker ၏အပြင်ဘက်(၈)ပေအကွာတွင် သွပ်ဆူးကြိုး တစ်ထပ်ထပ်မံကာရံပါမည်၊
  • ယမ်းသိုလှောင်ရုံအား အခန်း(၂)ခန်း ခွဲထားပါမည်၊ အခန်း(၁)တွင် (Detonator)နှင့် အနှေးယမ်းကြိုးသိုလှောင်ပြီး အခန်း(၂)တွင် ယမ်းပျော့နှင့် (Cortdex) သိုလှောင်ပါမည်၊ သိုလှောင်ရုံ အပေါ်ပိုင်း နှင့် အောက်ပိုင်းတွင် လေဝင်လေထွက်ကောင်းရန် အပေါက်ငယ်များ ဖောက်ထားပါမည်၊
  • ယမ်းတိုက်အတွင်း မီးနှင့် မီးပွားဖြစ်စေတတ်သော   သံထည်ပစ္စည်းများ၊  အမှိုက်များ၊ လောင်စာများနှင့်  သဲမှုံများမရှိစေရန် သန့်ရှင်းထားရှိ ပါမည်၊
  • ယမ်းတိုက်အတွင်းအခန်းအပူချိန်နှင့် စိုထိုင်းဆတိုင်းကိရိယာများ ထားရှိခြင်း၊ ယမ်းတိုက်အပြင်ဘက်တွင် မီးသတ်ဆေးဘူးများ တပ်ဆင် ထားရှိခြင်းများ ဆောင်ရွက်ပါမည်၊
  • ယမ်းတိုက်ပတ်လည်ပေ (၁၀၀)အတွင်း မြက်ပင်ခြုံပုတ်များ အပြောင် ရှင်းလင်းထားရန်နှင့် ခြံစည်းရိုး အပြင်ပတ်လည်တွင် မီးတားလမ်းများ ဖောက်လုပ်ထားရှိပါမည်၊
  • စနက်တံ(Detonator) များအား ယမ်းနှင့်အတူ ထားသိုထိန်းသိမ်းခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် စနက်တံ(Detonator)ထားရှိမည့် အခန်း တွင်သာ သီးခြားထားရန် ဆောင်ရွက်ပါမည်၊
  • ယမ်းပုံးများစီရာတွင် အလယ်မှလူသွားလမ်း (အနည်းဆုံး လူ(၂)ယောက် လွတ်ကင်းစွာ သွားလာနိုင်ရပါမည်) ကောင်းစွာချန်လှပ်ထားမည် ဖြစ်ပါသည်၊
  • ယမ်းနှင့် ဆက်စပ်ပစ္စည်းများအား (၄”× ၄”) ပတ်လည်ရှိ သစ်မာ အောက်ခံ တုံးများအပေါ်တွင် အမျိုးအစားအတွဲအဆိုင်းအလိုက် နံရံမှ (၁)ပေ စီခွာ၍ ထားရှိသွားပါမည်။
  • ယမ်းသိုလှောင်ရုံအား ကြာမြင့်စွာ ပိတ်ထားရလျှင်ပူပြင်းသောရာသီ၌ လေဝင်လေထွက်ကောင်းမွန်စေရန် တစ်ကြိမ်လျှင် မိနစ်(၃၀)မှ(၁)နာရီ အထိ ဖွင့်လှစ်ပေးခြင်းနှင့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ အခြေအနေ ယိုယွင်းမှုမရှိစေရန်  စစ်ဆေးသွားမည်ဖြစ်ပါသည်၊
  • ယမ်းတိုက်ဖွင့်သည့်အချိန်တိုင်း ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၏ အခြေ အနေကို မျက်မြင်စစ်ဆေးသွားမည် ဖြစ်ပါသည်။ (ဥပမာ- ယမ်းများ အရည်စိမ့် ထွက်ခြင်း၊ ယမ်းတောင့် အရွယ်အစားသည် မူလထက် ပိုမိုကြီးထွားလာခြင်း၊ ပွလာခြင်း၊ ယမ်းသားများမာကျောလာခြင်း၊ အဖြူရောင်ပုံဆောင်ခဲ (အချိုမှုန့်ကဲ့သို့အချောင်းငယ်လေးများ) ဖြစ်ပေါ်ခြင်း၊ စနက်တံများ၏အတွင်းနှင့် ယမ်းသားပေါ်တွင် မှိုပေါက်ခြင်း ရှိ/မရှိ သေချာစွာကြည့်ရှုခြင်း)

ယမ်းအသုံးပြုဖောက်ခွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များ

  • မြေအောက်လုပ်သားများ ကျောက်စ၊ ကျောက်နများ ထိမှန်နိုင်ခြင်း၊
  • မိုင်းပေါက်ကွဲတုန်ခါမှုကြောင့် မိုင်းတွင်းပြိုကျနိုင်ခြင်း၊
  • ပေါက်ကွဲမှုမရှိဘဲ ကျန်ရှိသည့် ယမ်းတောင့်အား ချူယူရာမှ မတော် တဆ ပေါက်ကွဲမှုဖြစ်နိုင်ခြင်း၊
  • မိုင်းပေါက်ကွဲသံကြောင့် အကြားအာရုံများ ထိခိုက်ပျက်စီးနိုင်ခြင်း။

ယမ်းအသုံးပြုခြင်းအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်း

  • ယမ်းဖောက်ခွဲခြင်းမပြုမီ ဖောက်ခွဲမည့်ကျင်း၏   ပတ်ဝန်းကျင်တွင် လုပ်သားများ     ရှိ/မရှိ ကျင်းခေါင်းဆောင်မှ စစ်ဆေးစေပါမည်၊
  • ယမ်းဖောက်ခွဲခြင်းပြုလုပ်သည့်လုပ်သားများအား အကြားအာရုံ ထိခိုက်မှု မရှိစေရန် Ear Plugများ တပ်ဆင်အသုံးပြုစေပါမည်။
  • ယမ်းဖောက်ခွဲပြီးနောက် ယမ်းငွေ့ပြယ်စေရန် တူးဖော်ရေးကျင်းအတွင်း Air Compressor ဖြင့် တစ်နာရီခန့် လေမောင်းထည့်ပြီးမှသာ ကျင်းဆင်း စေပါမည်၊
  • Misfire ဖြစ်သည့် ယမ်းတောင့်များအား ပြန်လည်ချူယူခြင်း မပြုစေ ဘဲ ၄င်း၏ဘေးတွင် Drill Hole ထပ်မံဖောက်ကာ ယမ်းဖောက်ခွဲခြင်း ထပ်မံ ဆောင်ရွက်စေပါမည်၊
  • Misfire မဖြစ်စေရေးအတွက် ယမ်းတောင့်များကိုခြောက်သွေ့အောင် ထိန်းသိမ်းထားစေခြင်း၊ ယမ်းဖောက်ခွဲခြင်းမပြုမီ ယမ်းတောင့်၊ Cap,Fuse ဝါယာကြိုးများကို Mining Engineer အား စနစ်တကျကြပ်မတ် စစ်ဆေး စေပါမည်၊
  • ရွှေတူးဖော်ရေးကျင်းအတွင်း အသုံးပြုသည့် ဝါယာကြိုးများကို ပလတ် စတစ်ပိုက်ပျော့အတွင်းထည့်၍ ဝါယာရှော့ဖြစ်ခြင်း၊ ပေါက်ပြဲခြင်း မရှိ စေရန် စီမံဆောင်ရွက်ပါမည်။