နိဒါန်း

၁.၁     နိဒါန်း

ထွန်းရွှေစင် သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ဒေသ၊ နတ်တောင်ကျေးရွာ၊ ရွှေလုပ်ကွက်အမှတ် SGU (138–A) အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီရင်ခံစာ (EMP) အား (၆.၁၂.၂၀၁၇) တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြ ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ (EMP) အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည် တင်ပြရန် ပြန်ကြားခဲ့ပါသည်။ အဆိုပါပြန်ကြားချက်အရ (EMP) အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ (၅.၇.၂၀၁၉)တွင် တတိယအကြိမ် ပြန်လည်တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၁၂.၉.၂၀၁၉) ရက်စွဲပါစာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၉၂၆/၂၀၁၉)အား ရည်ညွှန်း၍ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ (၁၉.၉.၂၀၁၉) ရက်စွဲပါစာအမှတ် (၂၁၄၄/ရွှေဖက်စပ်(ထွန်းရွှေစင်)/၂၀၁၉) ဖြင့် EMP အစီရင်ခံစာအား အတည်ပြုကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာ တွင် ပါဝင်သော ညွှန်ကြားချက်များအား အလေးထားလိုက်နာ ဆောင်ရွက်သင့်ကြောင်း ပြန်ကြားခဲ့ပါ သည်။ သို့ဖြစ်ပါ၍ ထွန်းရွှေစင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီဌာနမှ ညွန်ကြားချက် များနှင့်အညီ EMP အစီရင်ခံစာပါ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များအတိုင်း ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် စောင့်ကြပ်ကြည့်ရှုခြင်း အစီရင် ခံစာကို (၁၅.၅.၂၀၂၀) ရက်နေ့တွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာနသို့ တင်ပြခဲ့ပြီး ယခုဒုတိယ အကြိမ် အစီရင်ခံစာအား ပြုစုတင်ပြခြင်းဖြစ်ပါသည်။

၁.၂      ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းရည်ရွယ်ချက်

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများကို လျော့ပါးစေရေးအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကုစားရန် အကြံပြုချက်များအား အစီရင်ခံ တင်ပြနိုင်ရန်တို့ဖြစ်ပါသည်။

 

၁.၃     ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန

ထွန်းရွှေစင် ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာန (EHS) အား ဇယား(၁.၁)အတိုင်း ဖွဲ့စည်းထားရှိပါသည်။ (EHS) ဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     EMP အကောင်အထည်ဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်များ အား လိုက်နာဆောင်ရွက်မှု လုပ်ငန်းများအား သတ္တုတွင်းမန်နေဂျာကိုယ်စား ကြီးကြပ် ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(ခ)       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအတွက် ခန့်အပ်ထားသော တတိယ အဖွဲ့အစည်း ကန်ထရိုက်တာများအား ကြီးကြပ်ခြင်း။

(ဂ)       ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သက်ဆိုင် သည့် အစီရင်ခံစာများရေးသားခြင်း။

(ဃ)     သင်တန်းများ စီစဉ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

ဇယား (၁.၁) ထွန်းရွှေစင်ကုမ္ပဏီ၏ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဌာန ဝန်ထမ်းစာရင်း

စဉ် အမည် ရာထူး ပညာအရည်အချင်း
ဦးကျော်သူ EHS manager B.A (Myanmar)
ဦးမျိုးမင်းဆန်း EHS officer E.P (A.G.T.I)
ဦးအေးလွင် EHS officer B.E (Metallurgy)
ဦးစိုးပိုင်ဟိန်း Supervisor B.Sc (Geology)
ဒေါ်တင်မျိုးမျိုးဝင်း Staff B.Sc (Physics)
ဦးကျော်သူ EHS manager B.A (Myanmar)

၁.၄     ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်အား ထွန်းရွှေစင် သတ္တုတူးဖော်ရေးကုမ္ပဏီ လီမိတက် SGU (138 – A) လုပ်ကွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာ (EMP) အခန်း (၁၀) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း အခန်းတွင် ဖော်ပြထားသော စောင့်ကြပ် ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်)အတိုင်း  ဆောင်ရွက်မည်ဖြစ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာကို (၆)လတစ်ကြိမ် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားပါမည်။

 

 

 

ဇယား (၁.၂)    ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)
စောင့်ကြပ် ကြည့်ရှုမည့် နယ်ပယ်များ စောင့်ကြပ်စစ်ဆေး

မည့်အမျိုးအစားများ

နေရာ ကြိမ်နှုန်း စစ်ဆေး မည့်သူ ကြီးကြပ် မည့်သူ
မြေထု ညစ်ညမ်းခြင်း ·   မြေအရည်အသွေးစစ်ဆေးခြင်း။

·   ARD/ AMD များ ဖြစ်နိုင်ခြေ ရှိ/မရှိ စစ်ဆေးခြင်း။

·   နုန်းအနည်အနှစ်ပို့ချခြင်း။

စွန့်ပစ် မြေစာပုံများ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ရေထု ညစ်ညမ်းခြင်း ·   Ph တိုင်းတာစစ်ဆေးခြင်း၊ Base Impurities များဖြစ်သည့် Fe, Cu, Pb, Zn, Hg စသည်တို့ကို တိုင်းတာ စစ်ဆေးခြင်း။ လုပ်ငန်းသုံး စွန့်ပစ်ရေ၊ ဝန်ထမ်းသုံးရေ၊ ပါပေါချောင်းရေ။ (၆) လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
လေထု ညစ်ညမ်းခြင်း ·   CO, NO2, SO2, HCN, PM10, PM2.5 လုပ်ကွက်ဧရိယာနှင့် လုပ်ကွက် အနီးဝန်းကျင် (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
မြေဆီလွှာ ပြတ်ရွေ့မှု၊ လျောကျမှုများ ·   လုပ်ကွက်နံရံ၊ ကမ်းပါးစောက်များ တည်ငြိမ်မှု အခြေအနေ။

·   စွန့်ပစ် မြေစာပုံများ တည်ငြိမ်မှု ကွဲအပ်၊ ပြတ်ရွေ့မှု အခြေနေ။

လုပ်ကွက်ဧရိယာ စွန့်ပစ်မြေစာပုံ များ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ဆူညံသံနှင့် တုန်ခါမှု ·   မိုင်းပေါက်ကွဲမှု၏ သက်ရောက်မှု။

·   ယာဉ်၊ ယန္တရားများ လုပ်ငန်းခွင် သက်ရောက်မှု။

လုပ်ငန်းခွင် ဧရိယာ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
ယာဉ်မတော် တဆဖြစ်ပွားမှု ·   ဒေသတွင်း ဆက်သွယ်ရေးလမ်းများ အခြေအနေ။

·   ယာဉ်မတော်တဆ ဖြစ်ပွားခြင်း မှတ်တမ်းများ။

·   ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလံှု့ဆော်မှုမှတ်တမ်း များ။

စီမံကိန်း ဧရိယာ။ (၆)လ တစ်ကြိမ် စီမံကိန်း တာဝန်ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
အရက်/ မူးယစ် ဆေးဝါးများ သုံးစွဲမှု ·   ဝန်ထမ်း၊ လုပ်သားများ၏ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ။

·   ဒေသတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုများ အခြေအနေ။

စီမံကိန်း ဧရိယာ။

 

စဉ့်ကူးမြို့နယ် အတွင်း။

လစဉ် ကုမ္ပဏီ တာဝန်ခံ နယ်မြေခံ လုံခြုံရေးအဖွဲ့
HIV/ AIDS ကဲ့သို့သော ကူးစက်ရောဂါများ ·   ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးဆိုင်ရာ မှတ်တမ်းများ။

·   ကုမ္ပဏီဝန်ထမ်း လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ။

·   ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ချက် မှတ်တမ်းများ။

ကန်တောင် ဒေသ။

စီမံကိန်း ဧရိယာ။

ကန်တောင် ဒေသ။

လစဉ် ကုမ္ပဏီ၏

တာဝန်ခံ နှင့် ဆေးမှူး

နယ်မြေ ကျန်းမာရေး ဌာန
လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှု အပါအဝင် အလုပ် အကိုင် အခြေ အနေ ·   ကုမ္ပဏီမှ ဝန်ထမ်းလုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေ။

·   လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ။

·   ကုမ္ပဏီ ဝန်ထမ်း/ လုပ်သားများ၏ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် မတော်တဆထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းများ။

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

လစဉ် ကုမ္ပဏီ ကုမ္ပဏီ၏

တာဝန်ခံ နှင့် ဆေးမှူး

နယ်မြေ ကျန်းမာရေး ဌာန
အန္တရာယ်များ သော ပစ္စည်းများ နှင့် စက်သုံးဆီ များ စီမံခန့်ခွဲမှု

 

·   ယမ်းနှင့်ဆက်စပ် ပစ္စည်းများအား သိုလှောင်၊ သိမ်းဆည်း၊ ကိုင်တွယ် အသုံးပြုခြင်း မှတ်တမ်း။

·   ဝန်ထမ်း/လုပ်သားများ ဘေးဖြစ်စေ နိုင်သည့် ပစ္စည်းများအား ကိုင်တွယ် နည်းသင်တန်းပေးခြင်း မှတ်တမ်း။

လုပ်ငန်းခွင်နေရာ

 

စီမံကိန်း ဧရိယာ။

လစဉ် လုပ်ငန်း တာဝန်ခံ

 

လုံခြုံရေးတာဝန်ခံ

သတ္တုတွင်း ဦးစီးဌာန

၁.၅     ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာပါ စည်းကမ်းချက်များ

အဆိုပြုစီမံကိန်းအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်လိုက်နာ ဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးနိုင်ခြင်းမရှိသေးသောကြောင့် (၁၂.၉.၂၀၁၉) ရက်စွဲပါစာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၉၂၆/၂၀၁၉) အားဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီရင် ခံစာအား အတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အတည်ပြုစာတွင် ဖော်ပြထားသော လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     စီမံကိန်းလုပ်ကွက်များ ဆောင်ရွက်ရာတွင် စီမံကိန်းဆောင်ရွက်သူကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်း ကိုယ်စားလုပ်ငန်းဆောင်ရွက်သော (သို့မဟုတ်)  စီမံကိန်းဆောင်ရွက်သူက ခန့်အပ်၊ ငှါးရမ်း၊ လုပ်ပိုင်ခွင့်ပေးအပ်ထားသော ကန်ထရိုက်တာများ၊ လက်ခွဲကန်ထ ရိုက်တာများ၊ အရာရှိများ၊ (လုပ်သား) ဝန်ထမ်းများ၊ကိုယ်စားလှယ်များ၊ ကိုယ်စားပြု သူများနှင့်  အကြံပေးပုဂ္ဂ္ဂ္ဂိုလ်များကဖြစ်စေ ပြုလုပ်သော (သို့မဟုတ်) ပျက်ကွက်သော၊ လုပ်ငန်းများ အားလုံးအတွက်လည်းကောင်း၊ ဆိုးကျိုးထိခိုက်မှု အားလုံးအတွက် လည်းကောင်း၊ စီမံကိန်းဆောင်ရွက်သူက ဥပဒေအကြောင်းအရနှင့် ငွေရေးကြေးရေး အရ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ရန်။

( ခ )     အခန်း(၅)တွင် ဖော်ပြထားသော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာဆောင်ရွက် ရန်။

( ဂ )     အမှုန်အမွှားထွက်ရှိမှုနှင့် ဆူညံသံနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေလမ်းညွှန်ချက်ပါ သတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဃ)     စွန့်ပစ်မြေစာ၊ စွန့်ပစ်ရေနှင့်စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်အပိုဒ်(၂.၇.၂) သတ်မှတ်ချက်နှင့်အညီ သန့်စင်ပြီးမှစွန့် ထုတ်ရန်။

( င )     အလုပ်စခန်းများ၊ မိလ္လာစနစ်များ၊ အိမ်တွင်းရေဆိုးနှင့် အမှိုက်ပုံများအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေ လမ်းညွှန်ချက်ပါ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

( စ )     ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ္တုတွင်းဥပဒေ၊ ပုဒ်မ(၁၃) သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၄၇-ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့်အညီ လိုက်နာဆောင်ရွက် ရန်။

(ဆ)     အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြထားသော ကန်ထရိုက်တာနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာ တွင်သတ်မှတ်ဖော်ပြထားသည့် ကုစားပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

( ဇ )     ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ စာမျက်နှာ (၅၀)၊ ဇယား (၇.၅)တွင် ဖော်ပြထား သော ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များ ကတိကဝတ် အကျဉ်းချုပ်ဇယားအတိုင်း အလေးထားလိုက်နာ ဆောင်ရွက် ရန်။

( ဈ)     ဆူညံသံအတွက် စီမံကိန်းဧရိယာပြင်ပရှိ အနီးဆုံးလက်ခံသည့်နေရာတွင် အခြေခံ အဆင့်မှ အများဆုံးမြင့်တက်မှု 3dBA ထက်မကျော်လွန်စေရန်နှင့် မည်သည့်ဖောက်ခွဲ မှုတွင်မဆို 120 dB Linear မကျော်လွန်စေရန်၊ မြေတုန်ခါမှုအတွက် 5mm/s (Peak paticle Velocity – ppv) ထက်မကျော်လွန်စေရန်နှင့် ဖောက်ခွဲခြင်းကို နေ့အလင်း ရောင်ရှိသည့် အချိန်တွင်သာ ပြုလုပ်ရန်။

(ည)     အပေါ်ယံမြေလွှာ၊ စွန့်ပစ်မြေစာ၊ မြေစာပုံများစသည့် စွန့်ပစ်ပစ္စည်းစုပုံမည့်နေရာ ရွေးချယ်ခြင်း၊ ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အက်စစ်ရေစီးဆင်းမှု၊ အဆိပ်သင့် မြေစာပုံများ)နှင့် သတ္တုတွင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့် စွန့်ပစ်မြေ စာများရေရှည်တည်ငြိမ်စေရေး၊ ပြိုကျမှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေး တို့ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဋ )     မြေတိုက်စားနိုင်မှု ဖြစ်နိုင်သောနေရာများကို မြေတိုက်စားမှု ကာကွယ်ထိန်းချုပ်ရန်နှင့် ညစ်ညမ်းမှုရှိသည့် ဧရိယာများကို ပြန်လည်ထူထောင်ရန်။

( ဌ )     သတ္တုတွင်းလုပ်ငန်းများအတွက် ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ၊ ပုဒ်မ(၁၆)၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ (၁၅၃)၊ (၁၅၄)ပါ သတ်မှတ်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဍ )     ထွက်ရှိစွန့်ပစ်ပစ္စည်း (အရည်၊ အစိုင်အခဲ၊ အငွေ့) စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့အတွက် ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်။

(ဎ)     စက်မှုဝန်ကြီးဌာန၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ရွှေသတ္တုထုတ်လုပ် သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့်ပြဒါး ဓာတုပစ္စည်းများအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရ မည့် ညွှန်ကြားချက်များနှင့်အညီ အောက်ဖော်ပြအချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန် –

(၁) ပြဒါးသုံးစွဲ၍ ရွှေသတ္တုထုတ်လုပ်သန့်စင်ခြင်း လုပ်ငန်းကြောင့် သတ္တုတွင်း လုပ်သားများ၊ အနီးပတ်ဝန်းကျင် လူမှုစီးပွားထိခိုက်မှုမရှိစေရေးနှင့် လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်။

(၂) ပြဒါးသုံးစွဲ၍ ရွှေသတ္တုထုတ်လုပ်သန့်စင်ခြင်း လုပ်ငန်းကြောင့် ထိခိုက်မှုမရှိစေရေး အတွက် အလုပ်ုလပ်ကိုင်သူများ၏ ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြည့်လေ့လာခြင်းတို့ကို ပြုလုပ်ရန်။

(၃) အလုပ်လုပ်ကိုင်သူများအား ဓာတုပစ္စည်းများနှင့် စပ်လျဉ်း၍ မတော်တဆဖြစ်ပွား မှုများကို ကာကွယ်ရန်ှနှင့် လျော့ပါးစေရန် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ နည်းစနစ်များ၊ လုံခြုံရေးကိရိယာများ တပ်ဆင်သုံး စွဲခြင်းနှင့် သင့်လျော်ကောင်းမွန်သည့် ကိုယ်ခန္ဓာကာကွယ်ရေး ကိရိယာနှင့်ဝတ်စုံ များကို ထုတ်ပေး၍ု အမြဲတစေ စနစ်တကျဝတ်ဆင် သုံးစွဲလုပ်ကိုင်ဆောင်ရွက် စေရန်။

(၄) လုပ်ငန်းခွင်သို့မဝင်ရောက်မီ လုပ်သားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် လုပ်ငန်းမလည်ပတ်နီ အနီးပတ်ဝန်းကျင် လေထု၊ ရေထု၊ မြေထု၌ ပြဒါးပါဝင်မှုကို တိုင်းတာခြင်းတို့ကို ဆောင်ရွက်၍ မူလအချက်အလက် (Baseline Data) အဖြစ် မှတ်တမ်းတင်ထားရှိခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပါ စောင့်ကြပ်ကြည့်ရှု ရေး အစီအစဉ်များအတိုင်း ဆောင်ရွက်ရန်။

(၅) ပြဒါးဓာတုပစ္စည်းများကို သုံးစွဲရာမှ ထွက်ရှိလာသော ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်း များကို စွန့်ပစ်ရာတွင် အန္တရာယ်ကင်းရှင်းစေရန် စည်ပင်သာယာရေး ကော်မတီ များမှ ပြဌာန်းထားသော ရေပေးဝေရေးနှင့် အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ထုတ်ပြန်ထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များ၊ သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများမှ ပြဌာန်းချက်များ၊ သက်ဆိုင်ရာလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဏ )    လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန်နှင့် လုပ်သား များအတွက်အကာအကွယ်ပစ္စည်းများ၊ နေထိုင်မှုစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်အခြေ အနေစသည်တို့အတွက် သက်ဆိုင်ရာဌာနများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်။

(တ)     စီမံကိန်းအဆိုပြုသူသည် ဒေသခံများနှင့် ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းစဉ်များ၊ တိုင်ပင်ဆွေးနွေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ထို အစီအစဉ်တွင် တစ်ဖက်ပါ အစီအစဉ်များ ပါဝင်ရမည် –

(၁) ဖောက်ခွဲခြင်းလုပ်ငန်းများ အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင် ရွက်မည့်လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးရန်။

(၂) တည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှုလမ်းကြောင်းများ၊ ယာဉ်သွား လာမှုကြောင့်ဖြစ်နိုင်သော အနှောင့်အယှက်များ၊ ပတ်ဝန်းကျင်သာယာမှုအပေါ် ထိခိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသခံများသို့ ကြိုတင်အသိပေးရန်။

(ထ)     စီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ခံစားရမည့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင်ခန့်ထားခြင်း၊ ရေရှည်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အား ဆောင်ရွက်ပေးရန်။

( ဒ )     ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ နစ်နာမှုဖြေရှင်း ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးရာတွင် စီမံကိန်း အကြောင်းအရာ၊ ထိခိုက်နိုင်မှုလျော့ချမည့်အစီအစဉ်၊ ပြန်လည်ကုစားမည့်အစီအစဉ် တို့ကို အများပြည်သူသိရှိရန်လိုအပ်သဖြင့် အဆိုပါအချက်များကို အများပြည်သူသို့ ရှင်းလင်းဆွေးနွေးရန်။

( ဓ )     သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆမှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေး စီမံချက် တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( န )     စီမံကိန်းကြောင့် ပျက်စီးသွားသည့်နေရာများတွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့်ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူကြီးကြပ်ဆောင်ရွက်ရန်။

( ပ )     ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုရေးအစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပြင် အောက်ဖော်ပြပါကိစ္စများ ဖြစ်ပွားပါက ဝန်ကြီးဌာနသို့နှောင့် နှေးမှုမရှိစေဘဲ အစီရင်ခံတင်ပြရန် –

(၁) ပစ္စည်းကိရိယာများ သို့မဟုတ် နည်းစနစ်များ မှားယွင်းအလုပ်လုပ်ခြင်း၊ ပျက်စီး ခြင်း (သို့မဟုတ်) အလုပ်မလုပ်တော့ခြင်း။

(၂)   သိသာထင်ရှားသော ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သော (သို့မဟုတ်) ဖြစ်ပေါ်စေ သော (သို့မဟုတ်) ဖြစ်ပေါ်စေနိုင်သော မတော်တဆမှုဖြစ်ပွားခြင်း (သို့မဟုတ်) ထုတ်လွှတ်မှု ကန့်သတ်တန်ဖိုးဖြင့် ထိန်းချုပ်ထားခြင်း မရှိသည့် အရာဝတ္တုတစ်ခု ထုတ်လွှတ်ခြင်း။

(၃)   သတ်မှတ်ဖော်ပြထားသည့် ကန့်သတ်တန်ဖိုးတစ်ခုခုကို ကျော်လွန်ခြင်း။

(၄)   ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးတို့အပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ။

( ဖ )     ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသယံဇာတများအား ထိခိုက်မှုမရှိစေရေး ကာကွယ်ပေးရန် နှင့် စီမံကိန်း အကောင်အထည်ဖော်စဉ်အတွင်း ရှာဖွေတွေ့ရှိသည့် ယဉ်ကျေးမှု သယံဇာတများအတွက် သတ်မှတ်ချက်များနှင့် အညီသက်ဆိုင်ရာသို့ အကြောင်းကြား အပ်နှံရန်။

( ဗ )     ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာတွင် ဖော်ပြထားသော အောက်ဖော်ပြပါ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်မည့်  အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက် သွားရန်နှင့် လိုက်နာမှတ်နေရာတွင် စောင့်ကြပ်ကြည့်ရှုသွားရန် –

(၁) စွန့်ထုတ်အစိုင်အခဲ လိုက်နာမှတ်

Latitude: 22 ံ36’ 38.02”N, Longitude : 96 ံ11’ 44.45”E

(၂) နုန်းစစ်ကန်မှ စွန့်ထုတ်အရည် လိုက်နာမှတ်

Latitude: 22 ံ34’ 14.00”N, Longitude : 96 ံ10’ 53.00”E

(၃) မြေအောက်လှိုဏ်အတွင်းမှ စွန့်ထုတ်အရည် လိုက်နာမှတ်

Latitude: 22 ံ36’ 38.00”N, Longitude : 96 ံ11’ 44.00”E

(၄) လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်တွင် ဖော်ပြထား သည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၅)  ဆူညံသံနှင့် တုန်ခါမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်တွင် ဖော်ပြ ထားသည့်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆) လက်ရှိအရည်သွေး ကောက်ယူခဲ့သည့်နေရာများတွင် ဆူညံသံနှင့်တုန်ခါမှုနှုန်း (ပြင်းအား)တို့ကို စောင့်ကြပ်ကြည့်ရှုရန်။

(၆)  မြေပေါ်ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအရည် အသွေးကောက်ယူခဲ့သည့်နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၇)  မြေအောက်ရေအရည်သွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း (၁၀) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြ ထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများ နှင့် အကြိမ်အရေအတွက် အတိုင်းစောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၈)  မြေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင် ဖော်ပြထား သည့် လိုက်နာမှတ်များ၊  Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိ အရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၉) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁ဝ) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြ ထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာ များနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆)၊ လက်ရှိအရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုရန်။

(၁၀)ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီ အစဉ်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ နှင့် ပတ်သက်၍ (၆)လတစ်ကြိမ် စောင့်ကြပ်ကြည့်ရှုရန်။

( ဘ )   စောင့်ကြပ်ကြည့်ရှုရမည့်နယ်ပယ် (ရေ၊ လေ၊ ဆူညံသံ)များ၊ နည်းစနစ်များ၊ နမူနာ စုဆောင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ စောင့်ကြပ်တိုင်းတာမည့်နေရာ၊ အကြိမ်အရေ အတွက်၊ အချိန်ဇယားမှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းစသည်တို့ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသို့(၆)လတစ်ကြိမ် တင်ပြရန်နှင့် အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန သို့ တင်ပြသည့်နေ့ရက်မှ (၁၀)ရက်အတွင်း ထုတ်ဖော်ကြေညာရန်။

(မ)       မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို (EMP)တွင် ဖော်ပြထားသည့် သတ္တုတွင်း ပိတ်သိမ်း ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကပင် ကြိုတင်စီစဉ်ထားရှိ လိုက်နာဆောင်ရွက်ရန်နှင့် စီမံကိန်းအဆိုပြုသူသည် သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၈၆-ဃ)ပါ ပြဌာန်းချက်နှင့်အညီ ပိတ်သိမ်းရန် စီစဉ် ထားသည့် အချိန်မတိုင်မီ(၁)နှစ်ထက် နောက်မကျစေဘဲ အပြီးသတ်ပိတ်သိမ်းခြင်း အစီအစဉ်ကိုတင်ပြရန်။

( ယ )   သတ္တုတွင်းပိတ်သိမ်းခြင်းကို သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ(၁၈၅၊၁၈၆၊၁၉၂) နှင့်အညီ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်နှင့် သတ္တုတွင်း ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေထူထောင်ထား ရန်။

( ရ )    အတည်ပြုထားသည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာကို အများပြည်သူ ဖက်ရှု/ သိရှိနိုင်ရေး ကုမ္ပဏီ Website/ သင့်တော်သည့် နည်းလမ်းတို့တွင် လွှင့်တင်ထားရှိရန်။

( လ )  စီမံကိန်းအဆိုပြုသူသည် ယင်း၏တာဝန်များ ပျက်ကွက်မှု (သို့မဟုတ်) အခြားလုပ်ငန်း များဆောင်ရွက်ရန် ပျက်ကွက်မှု (သို့မဟုတ်) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများကို ဖြစ်နိုင်သမျှစောလျင်စွာ စာဖြင့်အသိပေးရ မည်။ ပျက်ကွက်မှုတစ်ခုခုကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဖြစ်လာနိုင်သည့်ကိစ္စ(သို့မဟုတ်) ဝန်ကြီးဌာနက အမြန်သိရှိရန် လိုအပ် သည့်ကိစ္စကို (၂၄)နာရီအတွင်းလည်းကောင်း၊ အခြားကိစ္စများအားလုံးတွင် စီမံကိန်း အဆိုပြုသူက ယင်းဖြစ်စဉ်ဖြစ်ရပ်ကို စတင်သိရှိသည့်အချိန်မှ (၇)ရက်အတွင်း လည်းကောင်း ဝန်ကြီးဌာနသို့ အသိပေးတင်ပြရန်။

( ၀ )     စီမံကိန်း၏ အရွယ်အစား၊ နယ်ပယ်အတိုင်းအတာ၊ တည်နေရာ၊ အခင်းအကျင်း၊ နည်းပညာ၊ ကြိုတင်မျှော်မှန်းနိုင်သော ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်လာသည့် အန္တရာယ် ထုတ်လုပ်မှုနည်းလမ်း (သို့မဟုတ်) ညစ်ညမ်းမှုတားဆီးရန် (သို့မဟုတ်) လျှော့ချ ရန်ဆောင်ရွက်မှုတို့တွင် အဓိကပြောင်းလဲခြင်း (သို့မဟုတ်) တိုးချဲ့ခြင်း (သို့မဟုတ်) ဒုတိယတိုးချဲ့ဆောင်ရွက်ရန် အဆိုပြုခြင်းဖြစ်ပါက စီမံကိန်းအဆိုပြုသူ သည် ပြောင်းလဲမှုများ၏ သတင်းအချက်အလက်များနှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြ ရန်။